BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • KIA စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး...
သတင်းအတု

KIA စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ခေါင်လွမ်း မိုးမိတ်တိုက်ပွဲမှာ ကျဆုံးတာလို့ ဖြန့်ထားတဲ့ သတင်းအမှား

ကချင်လွတ်လပ်ရေးတပ် (KIA) ရဲ့ စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ခေါင်လွမ်းက မိုးမိတ်တိုက်ပွဲမှာ လက်နက်ကြီးထိမှန် ကျဆုံးခဲ့တာလို့ ဖြန့်ထားတဲ့ သတင်းအမှားတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  24 May 2024 9:40 PM IST
  • KIA စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ခေါင်လွမ်း မိုးမိတ်တိုက်ပွဲမှာ ကျဆုံးတာလို့ ဖြန့်ထားတဲ့ သတင်းအမှား

    အဆိုပါ သတင်းအမှားကို စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေကတဆင့် ဖြန့်ထားကြတာ ဖြစ်ပြီး သတင်းအမှားထဲမှာ “ဗုဒ္ဓဘာသာ ရဟန်းသံဃာများကို သတ်ဖြတ်ဖို့အတွက် အမိန့်ပေးခဲ့တဲ့ KIA ခေါင်းဆောင် ခေါင်လွှမ်း” (မူရင်းဖော်ပြထားသည့်အတိုင်း) သေဆုံးသွားကြောင်း ဒီလို သေဆုံးတာဟာ အသဲကင်ဆာကြောင့် မဟုတ်ဘဲ မိုးမိတ်တိုက်ပွဲမှာ လက်နက်ကြီးထိတာ ဖြစ်ကြောင်း တရုတ်မှာ အသဲကင်ဆာ ဆေးကုရင်း သေဆုံးတာလို့ လိမ်ထားခြင်း ဖြစ်တယ်ဖော်ပြထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ သတင်းအမှားကို တယ်လီဂရမ် ချန်နယ်တွေအပြင် ဖေ့စ်ဘွတ်အကောင့်ပေါင်းများစွာနဲ့ပါ ဖြန့်ဝေထားကြပါတယ်။

    သတင်းဆန်းစစ်ချက်

    ကချင်လွတ်လပ်ရေးတပ် (KIA) ရဲ့ စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ခေါင်လွမ်း မိုးမိတ်တိုက်ပွဲမှာ လက်နက်ကြီးထိမှန် ကျဆုံးခဲ့တာလို့ ဖြန့်ထားတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    (KIA) ရဲ့ စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ခေါင်လွမ်းဟာ မေလ ၁၃ ရက် ညနေခြောက်နာရီ ခွဲခန့်မှာ လိုင်ဇာမြို့ KIA ဌာနချုပ်မှာ ကွယ်လွန်သွားတာ ဖြစ်ပါတယ်။ ဒုဗိုလ်ချုပ်ကြီးခေါင်လွမ်းဟာ အသည်းရောဂါ နာတာရှည် ခံစားနေရပြီး အသည်းကင်ဆာကို ကုသနေရသူ ဖြစ်ကာ ရောဂါကြောင့် သေဆုံးခဲ့ရခြင်းသာဖြစ်ပြီး ဒုဗိုလ်ချုပ်ကြီး ခေါင်းလွမ်းရဲ့ ဈာပန အခမ်းအနား ဓါတ်ပုံတွေ၊ သတင်းတွေမှာလည်း လက်နက်ကြီးထိတာ မဟုတ်ကြောင်း အထင်အရှား တွေ့မြင်နိုင်ပါတယ်။

    လူသိများ ထင်ရှားတဲ့ သတင်းတစ်ပုဒ်ကို စစ်တပ်ထောက်ခံသူတွေက လူမျိုးရေး၊ ဘာသာရေး သွေးထိုးလှုံ့ဆော်ပြီး အခုလို သတင်းအမှားဖြန့်ထားခြင်းသာ ဖြစ်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ ဖေ့စ်ဘွတ်အကောင့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ မည်သူမည်ဝါမှန်း ဖော်ပြထားခြင်း မရှိဘဲ စစ်ကောင်စီအတွက် ဝါဒဖြန့်ချီရေးသတင်းတွေ နိုင်ငံရေးအမြတ်ထုတ်ဖို့ လုပ်ကြံရေးသားထားတဲ့ သတင်းအမှားတွေ ၊ တော်လှန်ရေးအင်အားစုတွေကို တိုက်ခိုက်တဲ့ သတင်းအမှားတွေ မကြာခဏ ဖြန့်ဝေနေတာကို တွေ့ရပါတယ်။

    Tags

    false newsKIA
    Read Full Article
    Claim :   KIA စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ခေါင်လွမ်း မိုးမိတ်တိုက်ပွဲမှာ ကျဆုံး
    Claimed By :  Facebook, Telegram
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!