BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • စစ်ကောင်စီ လေယာဉ်ကို KIA...
      သတင်းအတု

      စစ်ကောင်စီ လေယာဉ်ကို KIA ပစ်ချတယ်ဆိုတဲ့ သတင်းအမှား

      အပစ်ရပ်ကြေညာပြီး လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတဲ့ စစ်ကောင်စီ လေယာဉ်ကို KIA ပစ်ချလိုက်တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

      By - Boom Live Myanmar |
      Published -  27 April 2025 11:42 AM IST
    • စစ်ကောင်စီ လေယာဉ်ကို KIA ပစ်ချတယ်ဆိုတဲ့ သတင်းအမှား

      ဒီအကြောင်းအရာကို Khit Thit Television ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဧပြီလ ၂၄ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

      ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'KIA ကတော့ ငှက်ကင်လိုက်ပြီ။ အပစ်ရပ်ကြေညာပြီး လေယာဉ်နဲ့ ဗုံးပတ်ကျဲနေတဲ့ (ကြင်စိုး)ကို KIA ပညာပြလိုက်ပြီ။ ငှက်ကင်ချလိုက်ပြီ' လို့ ရေးသားထား တာပါ။

      ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။

      ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

      သတင်းဆန်းစစ်ချက်

      စစ်ကောင်စီ လေယာဉ်ကို KIA ပစ်ချတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

      ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ Khit Thit Media မှာ ဧပြီလ ၂၄ ရက်နေ့က ဖော်ပြထားတဲ့ 'စစ်တပ်က ဒုတိယအကြိမ် အပစ်ရပ်ကြေညာပြီးနောက် ဖားကန့်ဘက်သို့ အလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာပြီး မိုးညှင်းနှင့် ဗန်းမော်တို့ကို လေကြောင်းတိုက်ခိုက်နေ' ဆိုတဲ့ သတင်းကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။

      သတင်းထဲမှာ စစ်ကောင်စီအနေနဲ့ ဒုတိယအကြိမ် အပစ်ရပ်တယ်လို့ ကြေညာပြီး ကချင်ပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ စစ်ကြောင်းထိုး လှုပ်ရှားမှုတွေ တောက်လျှောက်လုပ် ဆောင်လျက်ရှိကြောင်း၊

      ဧပြီလ ၂၂ ရက်ကလည်း ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီး၊ အရှေ့ဘက်၊ နန့်မွန်း-မနခေါ လမ်းရှိ ဆနွင်းကုန်းရွာကို စစ်ကောင် စီက ဂျက်ဖိုက်တာ ၂ စီးနဲ့ ဗုံး ၄ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ ပြည်သူတွေ ထိခိုက် သေဆုံးမှုရှိကြောင်း ရေးသားထားတာပါ။

      ဒီသတင်းထဲမှာ စစ်ကောင်စီ လေယာဉ်ကို KIA ပစ်ချတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြား ယုံကြည် စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။

      Khit Thit Media မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

      သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

      Tags

      ဖမ်းဆီးခံရလေယာဉ်ပစ်ချခံရKIA shot downတပ်မတော်က စစ်ကြောင်းသတင်းမှားFakenews
      Read Full Article
      Claim :   စစ်ကောင်စီ လေယာဉ်ကို KIA ပစ်ချတယ်လို့ဆို
      Claimed By :  Facebook, Website, Youtube
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!