BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • KIA ထံ အနောက်အုပ်စုရဲ့...
သတင်းအတု

KIA ထံ အနောက်အုပ်စုရဲ့ အဆင့်မြင့်ဒရုန်းတွေ ရောက်လာပြီဆိုတဲ့ သတင်းအမှား

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဆီကို အနောက်နိုင်ငံတွေက ထောက်ပံ့ပေးတဲ့ အဆင့်မြင့်ဒရုန်းတွေ ရောက်လာပြီ ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  28 May 2025 10:17 PM IST
  • KIA ထံ အနောက်အုပ်စုရဲ့ အဆင့်မြင့်ဒရုန်းတွေ ရောက်လာပြီဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို Yaung Ni News Channel ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ မေလ ၂၇ ရက်နေ့မှာ စတင်ဖြန့်ဝေ ခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၁၄ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'KIA ထံ အနောက်အုပ်စုရဲ့ အဆင့်မြင့်ဒရုန်းတွေ ရောက်လာပြီ မင်းအောင်လှိုင်နဲ့ တရုတ်တို့ မျက်ဖြူစိုက်နေတဲ့ သတင်း' လို့ ရေးသားထား တာပါ။

    ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။

    ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    KIA ထံ အနောက်အုပ်စုရဲ့ အဆင့်မြင့်ဒရုန်းတွေ ရောက်လာပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ Khit Thit Media မှာ မေလ ၂၇ ရက်နေ့က ဖော်ပြထားတဲ့ 'နွားထိုးကြီးမြို့နယ်၊ ထန်းဇင်ရွာရှိ တရုတ်ဂတ်စ်ပိုက်လိုင်းစောင့် စစ်တပ်စခန်းနှင့် ဂတ်စ်တွန်းစက်စခန်းကို တော်လှန် ရေးတပ်များက တိုက် ခိုက်သိမ်းပိုက် ထား၊ တရုတ်ဂတ်စ်ပိုက်လိုင်းစောင့်စစ်စခန်းများကို သိမ်းပိုက်ထားမှု နိုင်ငံရေးအရ အရေးကြီးဟုဆို' ဆိုတဲ့ သတင်းကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။

    သတင်းထဲမှာ မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ထန်းဇင်ရွာအနီးရှိ တရုတ်ဂတ်စ်ပိုက်လိုင်းစောင့် စစ်တပ်စခန်းနဲ့ ဂတ်စ်တွန်းစက် စခန်းကို ဝင်ရောက် တိုက်ခိုက်သိမ်း ပိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးပြီး လက်နက် ၂ လက်နှင့် ဂျန်မာစက် တစ်လုံးသိမ်း ဆည်းရရှိခဲ့ကြောင်း၊ မေလ ၁၅ ရက်နေ့ နံနက် ၆ နာရီခန့်မှ စတင်ပြီး တရုတ်နိုင်ငံပိုင် ဂတ်စ်ပိုင်းစောင့် စစ်ကောင်စီတပ်စခန်းကို ၉/အညာမြေစစ်ဆင်ရေးအဖြစ် ဝင်ရောက်တိုက်ခိုက်ခဲ့ ရာ အကြမ်းဖက်စစ်ကောင်စီတပ်က လေယာဉ်ဖြင့် အသည်းအသန်ဗုံးကျဲခုခံခဲ့ကြောင်း၊ သို့ရာတွင် မေလ ၁၅ ရက်နေ့ ည ၃ နာရီအထိ တိုက်ပွဲကြာမြင့်ခဲ့ ပြီးနောက် စခန်းသိမ်းယူနိုင်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးပြီး အူစီ အမျိုးအစား သေ နတ် တစ်လက်၊ MA 3 အမျိုးအစား သေနတ် တစ်လက်နှင့် 8 Channel ဂျန်မာ တစ်လုံးတို့ သိမ်းဆည်း ရရှိခဲ့တဲ့အကြောင်း ရေးသားထားတာပါ။

    ဒီသတင်းထဲမှာKIA ထံ အနောက်အုပ်စုရဲ့ အဆင့်မြင့်ဒရုန်းတွေ ရောက်လာပြီဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြား ယုံကြည် စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။

    Khit Thit Media မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    KIA တပ်ရင်းdronesဒရုန်းသတင်းတုFakenewssupporting
    Read Full Article
    Claim :   KIA ထံ အနောက်အုပ်စုရဲ့ အဆင့်မြင့်ဒရုန်းတွေ ရောက်လာပြီလို့ဆို
    Claimed By :  Unknown
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!