BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဒေါက်တာဒေါ်မြင့်မြင့်စိန်အပေါ်...
သတင်းအတု

ဒေါက်တာဒေါ်မြင့်မြင့်စိန်အပေါ် ရည်ရွယ်တိုက်ခိုက်တဲ့ သတင်းအမှား

လူမှုကွန်ယက်ပေါ်မှာ ပြည်မြို့က မေ့ဆေးအထူးကု ဆရာဝန် ဒေါက်တာ ဒေါ်မြင့်မြင့်စိန် ကို ရည်ရွယ်တိုက်ခိုက်ထားတဲ့ သတင်းအမှားတချို့ ပျံနှံ့ နေပါတယ်။

By - Boom Live Myanmar |
Published -  8 Jun 2020 10:53 AM IST
  • ဒေါက်တာဒေါ်မြင့်မြင့်စိန်အပေါ် ရည်ရွယ်တိုက်ခိုက်တဲ့ သတင်းအမှား

    အဲ့ဒီ သတင်းအမှားဟာ နိုင်ငံရေး အမြတ်ထုတ်ဖို့ ရည်ရွယ် တိုက်ခိုက်ထားတဲ့ သတင်းဖြစ်ပြီး ရက်ပိုင်းအတွင်း ဖေ့စ်ဘွတ်အကောင့်ပုန်းတွေကနေ ဆက်တိုက်တင်ထားတာကို တွေ့ရပါတယ်။

    ဒီသတင်းအမှားကို မေလ ၂၈ ရက် မနက် ၁၀ နာရီ ၄၄ မိနစ်မှာ စစ်ကဲကြီး ဗိုလ်ရိုင် ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ရေးတင်ခဲ့တာဖြစ်ပြီး ဒီ သတင်းရဲ့ အတွင်းမှာတော့ "အမှန်က ဒီလို....ပြည်ဆေးရုံရဲ့ဆေးဝါးကုသကာကွယ်ပစ္စည်း လိုအပ်ချက် ဖုံးကွယ်ဖို့ရယ် Covidလူနာထွေအုပ် သေဆုံးမှု ဖုံးဖိဖို့ရယ်။ DRမြင့်မြင့်စိန်ဆိုတာ ၂၀၂၀မှာ NLD ပါတီက ဝင်ရောက် ယှဉ်ပြိုင် အရွေးချယ်ခံမဲ့ ကိုယ်စားလှယ်လောင်း DR မြင့်မြင့်စိန်သည် COVIDလူနာကို ကယ်တင်ရင်း ဟီးရိုး သူရဲကောင်းကြီးအဖြစ် လုပ်ဇာတ်ခင်းလိုက်တာ" လို့ ရေးသားထားပါတယ်။ အဆိုပါ သတင်းအမှားကို ၄၀ ကျော်က ထပ်ဆင့် ဝေမျှထားပါတယ်။

    နောက်ထပ် ဖေ့စ်ဘွတ်အကောင့်တစ်ခုဖြစ်တဲ့ ဒေါင်းညိုလေး ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ဒေါက်တာဒေါ်မြင့်မြင့်စိန်ဟာ ၂၀၂၀ မှာ NLD ပါတီကနေ ဝင်ရောက်အရွေးခံမယ့် ကိုယ်စားလှယ်လောင်း ဖြစ်တဲ့အတွက် နိုင်ငံရေးလှည့်ကွက်သုံးပြီး Covid ရောဂါပိုး အကူးခံကာ ဟီးရိုးဝင်လုပ်သွားတာလို့ ရေးထားတဲ့အပြင် "အမှန်က ဒီလို DRမြင့်မြင့်စိန်ဆိုတာ ၂၀၂၀မှာ NLD ပါတီက ဝင်ရောက် ယှဉ်ပြိုင် အရွေးချယ်ခံမယ့် ကိုယ်စလှယ်လောင်း အနုပညာရှင်ဟာ စန်း ရှိမှ ပရိသတ်ရှိသလို နိုင်ငံရေးလုပ်မယ့်သူဆိုတာ နာမည်ကောင်းရှိမှ မဲပေးသူရှိမှာလေ။ သဘောပေါက်လား။ ကိုယ်စလှယ်လောင်း DRမြင့်မြင့်စိန်ကို ပြည်သူထဲက သိသူမရှိသလောက် ပါပဲ။ ဒါဆို မဲပေးမယ်သူ မရှိတဲ့သဘော။ ဒေါ်မြင့်မြင့်စိန်ဆိုတာနဲ့ သိပီးသား ဖြစ်နေပီး မဲပေးချင်စိတ် ဖြစ်နေအောင် လူပ်ဇာတ်တခု ခင်းကြည့်မယ်။ ဘယ် ဇာတ်ရုပ်နဲ့ ပွဲထုတ်မလဲ။ လွယ်လွယ်လေး ပွဲလန့်တုန်း ဖျာခင်းရတာ အလွယ်ဆုံးလေ။ COVID 19ကာလမှာ ပြည်သူတွေထိတ်လန့်နေတာက COVID 19 ရောဂါ။ ပြည်သူတွေမျော်လင့်နေတာက ရောဂါဘေးမှ စွန့်စားကယ်တင်မယ့် ကယ်တင်ရှင်။ OK ... DR မြင့်မြင့်စိန်သည် COVIDလူနာကို ကယ်တင်ရင်း ရောဂါ ကူးစက်ခံလိုက်ရတဲ့ ဟီးရိုး သူရဲကောင်းကြီး အဖြစ် လုပ်ဇာတ်ခင်း လိုက်ရုံပေါ့" လို့ ရေးသားထားပြီးအဲ့ဒီအကြောင်းအရာကို လူပေါင်း ၇၀ နီးပါးက ထပ်ဆင့်မျှဝေ ထားပါတယ်။

    မေလ ၂၉ ရက်နေ့မှာပဲ တခြားဖေ့စ်ဘွတ်အကောင့်တွေဖြစ်တဲ့ တိမ်တမာန် တိမ်တမာန် ဆိုတဲ့ ဖေ့စ့်ဘွတ် အကောင့် နဲ့ Jeffery Sein ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်တွေကပါ အဆိုပါ ဝါဒဖြန့်ချိထားတဲ့ သတင်းအမှားတွေကို တင်ထားပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒီလို Facebook အကောင့်ပုန်းတွေနဲ့ တိုက်ခိုက်ထားတဲ့ မေ့ဆေးအထူးကု ဆရာဝန်ဒေါက်တာဒေါ်မြင့်မြင့်စိန် ဟာ NLD ပါတီကနေ ကိုယ်စာလှယ်လောင်းအဖြစ် ဝင်ရောက်အရွေးခံမယ်ဆိုတဲ့ သတင်းကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝါဒ ဖြန့်ချီထားတဲ့ သတင်းအမှား သက်သက်ဖြစ်ကြောင်း တွေ့ရပါတယ်။

    ဒါ့အပြင် ဒေါက်တာဒေါ်မြင့်မြင့်စိန်က မတ်လ ၂၈ ရက်နေ့ မှာ "စိတ်မပူကြပါနဲ့ ။ပါတီနိုင်ငံရေးလုံးဝမလုပ်ပါ။ ဘယ်ပါတီအတွက်မှ မဲမဆွယ်ပါ" လို့ ၎င်း ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာပေါ် ရေးတင်ခဲ့ပါတယ်။


    ဒီလို သတင်းအမှား ဖြန့်ချီခဲ့တာနဲ့ ပက်သက်ပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ကိုနေဘုန်းလတ်က "အခု ကြားရသလောက်က ဆရာမကြီး ဒေါ်မြင့်မြင့်စိန် ကိစ္စဆိုလည်း အတွေးအခေါ်က တော်တော်လေးကို အဆင်မပြေတဲ့ဟာဗျာ။ နောက်ပြီးတော့ သူပြောသလိုဟာက အဲ့လောက်ထိ လုပ်စရာ လိုလို့လား။ ကျွန်တော်ပြောတာ ရှင်းရှင်းလေးလေ။ ဆရာမကြီး ဒေါ်မြင့်မြင်စိန်က အစောကြီးထဲက ဂုဏ်သိက္ခာရှိတဲ့ လူတစ်ယောက်လေ။ ဒီလူကို ဒီလိုနေရာ ပေးဖို့အတွက် ဒီလို ရောဂါ ဖြစ်မယ်ဆိုတဲ့ ဇာတ်လမ်းကြီး ထွင်တယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ ကိစ္စကြီးလေ။ ဒေါ်မြင့်မြင့်စိန် ကိစ္စ ကျွန်တော်နားလည်သလောက်က ဘယ်သူမှ လည်း မယုံပါဘူး။ တင်တဲ့သူရယ် သူတို့ အသိုင်းအဝိုင်း လေး၊ ငါး၊ ခြောက်ယောက် လောက်တော့ မပြောတက်ဘူး။ သေချာတာ တစ်ခုကတော့ ပြည်သူလူထုက အဲ့လောက်ထိ မညံ့ဘူး။ မတုံးဘူးပေါ့နော်" လို့ Boom Myanmar ရဲ့ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားပါတယ်။

    အဆိုပါ သတင်းအမှား ဖြန့်ချီထားတဲ့ ဖေ့စ်ဘွတ်အကောင့်တွေကို ဝင်ရောက် ကြည့်ရှု့တဲ့အခါ အကောင့်ပုန်းများသာဖြစ်ပြီး နိုင်ငံရေး ဝါဒဖြန့်ချိထားတဲ့ စာတွေ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှု ပေါင်းများစွာ ပြုလုပ်ထားတာကို တွေ့ရပါတယ်။


    Tags

    fake newsDr. Myint Myint SeinNLD Candidate
    Read Full Article
    Claim :   Facebook အကောင့်ပုန်းတွေနဲ့ နိုင်ငံရေးအရ ဝါဒဖြန့်ချီ တိုက်ခိုက်ထားတဲ့ မေ့ဆေးအထူးကု ဆရာဝန်ဒေါက်တာဒေါ်မြင့်မြင့်စိန် ဟာ NLD ပါတီကနေ ကိုယ်စာလှယ်လောင်းအဖြစ် ဝင်ရောက်အရွေးခံမယ်ဆိုတဲ့ သတင်းကို Boom Myanmar က အချက်အလက် စစ်ဆေး ပေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!