BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • အင်တာနက်လိုင်းတွေ...
သတင်းအတု

အင်တာနက်လိုင်းတွေ ဖြတ်တောက်မယ်ဆိုတဲ့ သတင်းအမှား

အင်တာနက်လိုင်းများ အချိန်အကန့်အသတ်မရှိ ဖြတ်တောက်တော့မယ်လို့ MRTV ရုပ်သံလိုင်းမှာ အရေးပေါ် ကြေညာလိုက်တယ်ဆိုပြီး လူမှုမီဒီယာတွေပေါ် ဖြန့်ဝေနေတာ တွေဟာ ပုံမှန်ဖြန့်နေကျ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  7 Sept 2021 6:47 PM IST
  • အင်တာနက်လိုင်းတွေ ဖြတ်တောက်မယ်ဆိုတဲ့ သတင်းအမှား

    ဒီသတင်းအမှားကို စက်တင်ဘာလ ၄ ရက်နေ့ မတိုင်မီကတည်းက စတင်ဖြန့်ဝေနေတာဖြစ်ပြီး စက်တင်ဘာလ ၆ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်မှာတော့ ဖြန့်ဝေသူ အလွန်များလာပြီး နာရီပိုင်းအတွင်းမှာပင် ထပ်ဆင့်ဖြန့်ဝေသူတွေ ထောင်ချီရှိခဲ့ပါတယ်။

    ဖြန့်ဝေရာမှာ "ယနေ့ (စက်တင်ဘာလ ၆ ရက်နေ့) ည ၁၀ နာရီခွဲမှာ အင်တာနက်တွေ စတင်ပိတ်မယ်လို့ MRTV က ကြေညာလိုက်ပြီ" ဆိုပြီး ဖြန့်ဝေနေတာပါ။ ဖြန့်ဝေသူတချို့က ည ၁၀ နာရီခွဲနောက်ပိုင်းမှာ ပိုစ့်တွေပြန်ဖျက်ခဲ့ကြသလို တချို့က သတင်းအမှားဖြစ်တယ်ဆိုပြီး ပြန်ပြင်ရေးသားထားတာလည်း တွေ့ရပါတယ်။

    တကယ်တော့ အင်တာနက်လိုင်းတွေ ဖြတ်နိုင်တယ်ဆိုတဲ့ သတင်းကို သြဂုတ်လ ၁၈ ရက်ဝန်းကျင်က စတင်ဖြန့်ဝေနေတာဖြစ်ပြီး တချို့ဘလောဂ့်တွေမှာတော့ စက်တင်ဘာလ ၆ ရက်နေ့မှာ ဖြတ်မယ်ဆိုပြီး ရက်စွဲအတိအကျနဲ့ ရေးသားနေတာပါ။


    ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    အင်တာနက်လိုင်းတွေကို စက်တင်ဘာလ ၆ ရက်နေ့ ည ၁၀ နာရီခွဲမှာ စတင်ဖြတ်တောက်မယ်လို့ ရေးသားဖြန့်ဝေနေပေမယ့် ယခုအချိန်ထိ ဖြတ်တောက်ခြင်းမရှိသေးတဲ့ အတွက် ဒါဟာ သတင်းအမှားသာ ဖြစ်ပါတယ်။

    နောက်ထပ် ဒီသတင်းကို MRTV မှာ အရေးပေါ် ကြေညာခဲ့တယ်ဆိုတာလည်း မမှန်ပါ။ MRTV ရဲ့ သတင်းတွေကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    Tags

    Internet lineMyanmar military coupInternetfakenewsmilitary council
    Read Full Article
    Claim :   အင်တာနက်လိုင်းများ အချိန်အကန့်အသတ်မရှိ ဖြတ်တောက်တော့မယ်လို့ MRTV ရုပ်သံလိုင်းမှာ အရေးပေါ် ကြေညာလိုက်တယ်ဆိုပြီး လူမှုမီဒီယာတွေပေါ် ဖြန့်ဝေနေတဲ့အတွက် BOOM က သတင်းဆန်းစစ်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!