BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • လေကြောင်းကျူးကျော်မှုအတွက် အိန္ဒိယ...
      သတင်းအတု

      လေကြောင်းကျူးကျော်မှုအတွက် အိန္ဒိယ ပြင်းပြင်းထန်ထန်အရေးယူတယ်ဆိုတဲ့ သတင်းအမှား

      ချင်းအမျိုးသားတပ်ဦး CNF ဌာနချုပ်ကို စစ်ကောင်စီရဲ့ ဇန်နဝါရီ ၁၀ ရက်နေ့ ညနေပိုင်း ဗုံးကြဲတိုက်ခိုက်မှုမှာ အိန္ဒိယနိုင်ငံဘက်ခြမ်းကို ကျခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်လို့ အိန္ဒိယက ပြင်းပြင်းထန်ထန် အရေးယူတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားသာ ဖြစ်ပါတယ်။

      By - Boom Live Myanmar |
      Published -  18 Jan 2023 5:31 PM IST
    • လေကြောင်းကျူးကျော်မှုအတွက် အိန္ဒိယ ပြင်းပြင်းထန်ထန်အရေးယူတယ်ဆိုတဲ့ သတင်းအမှား

      ဒီသတင်းကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်တွေမှာ ဇန်နဝါရီ ၁၆ ရက်နေ့ နေ့လည်ပိုင်းက စတင်ဖြန့်ဝေနေကြတာပါ။ ဖြန့်ဝေရာမှာ ကြာချိန် ၁၁ မိနစ်ကျော်ရှိတဲ့ ဗွီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘လေကြောင်း ကျူးကျော်မှု အပြင်းအထန် အရေးယူပြီ။ အိန္ဒိယ ကြမ်းပြီ။ လေကြောင်း ကျူးကျော်မှု အပြင်းအထန် အရေးယူ’ ဆိုပြီး ရေးသားဖြန့်ဝေနေတာပါ။

      ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

      ချင်းအမျိုးသားတပ်ဦး CNF ဌာနချုပ်ကို စစ်ကောင်စီက ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၀ ရက်နေ့က ဂျက်တိုက်လေယာဉ် ငါးစီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဗုံးငါးလုံး ကြဲချခဲ့ရာမှာ လေးလုံးက CNF စခန်းထဲကို ကျရောက်ခဲ့ပြီး ကျန်တစ်လုံးမှာ အိန္ဒိယဘက်ကို ကျတယ်လို့ CNF ဘက်က ပြောကြားထားတာရှိပါတယ်။

      တိုက်ခိုက်မှုအတွင်း CNF ရဲဘော် သုံးဦးနဲ့ ရဲမေ နှစ်ဦး စုစုပေါင်းငါးဦး သေဆုံးခဲ့ပြီး အနည်းဆုံး ၁ဝ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

      သတင်းဆန်းစစ်ချက်

      ဖြန့်ဝေထားတဲ့ ဗွီဒီယိုဖိုင်ထဲကို စစ်ဆေးကြည့်ရှု့ရာ လေကြောင်း ကျူးကျော်မှု အတွက် အိန္ဒယက အရေးယူတယ်ဆိုတဲ့ အကြောင်းအရာ ပါဝင်ခြင်းမရှိပဲ သတင်းဌာနတွေမှာ ဖော်ပြထားတဲ့ CNF ဌာနချုပ် ဗုံးကြဲတိုက်ခိုက်ခံရတယ်ဆိုတဲ့ အကြောင်းအရာကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာပဲ ဖြစ်ပါတယ်။

      စစ်ကောင်စီရဲ့ ဒီလုပ်ရပ်အပေါ် အိန္ဒိယဘက်က အရေးယူပေးဖို့ ဒေါက်တာဆာဆာအပါအဝင် အဖွဲ့အစည်းတွေအနေနဲ့ ဆန္ဒရှိနေကြပြီး မီဇိုရမ်ပြည်နယ်က အင်အားကြီးအရပ်ဖက်အဖွဲ့အစည်း ၅ ဖွဲ့က အိန္ဒိယပြည်ထဲရေးဝန်ကြီးထံ စာရေးသားပေးပို့မယ်လို့ ဆိုပါတယ်။

      ဒါပေမယ့် အိန္ဒိယ- မြန်မာ နယ်စပ်တလျောက်လုံခြုံရေးယူထားသည့် အိန္ဒိယလုံခြုံရေးတပ်ဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ အိန္ဒိယအာသံရိုင်ဖယ်တပ်က CNF ဌာနချုပ် ဗုံးကြဲတိုက်ခိုက်ခံရမှု ဖြစ်စဉ်မှာ အိန္ဒိယနိုင်ငံဘက်ခြမ်းကို ဗုံးကျရောက် ပေါက်ကွဲမှု မရှိခဲ့ဘူးလို့ ထုတ်ဖော်ပြောဆိုခဲ့တယ်လို့ Rediff သတင်းကို ကိုးကားပြီး ဧရာဝတီသတင်းဌာနမှာ ဇန်နဝါရီ ၁၃ ရက်နေ့က ဖော်ပြထားပါတယ်။


      The Irrawaddy သတင်းဌာမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

      ဒါကြောင့် လေကြောင်းကျူးကျော်မှုအတွက် အိန္ဒိယ ပြင်းပြင်းထန်ထန်အရေးယူတယ်ဆိုပြီး ဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

      Tags

      air invasionဗုံးကြဲတိုက်ခိုက်ချင်းအမျိုးသားတပ်ဦးCNFFakenewsMilitary Council
      Read Full Article
      Claim :   ချင်းအမျိုးသားတပ်ဦး CNF ဌာနချုပ်ကို စစ်ကောင်စီရဲ့ ဇန်နဝါရီ ၁၀ ရက်နေ့ ညနေပိုင်း ဗုံးကြဲတိုက်ခိုက်မှုမှာ အိန္ဒိယနိုင်ငံဘက်ခြမ်းကို ကျခဲ့တဲ့အတွက် အိန္ဒိယက ပြင်းပြင်းထန်ထန် အရေးယူတယ်လို့ဆို
      Claimed By :  Facebook, Website
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!