BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • ရဲတပ်ဖွဲ့ဝင် ရာနဲ့ချီပြီး PDFသို့...
      သတင်းအတု

      ရဲတပ်ဖွဲ့ဝင် ရာနဲ့ချီပြီး PDFသို့ အလင်းဝင်တယ်ဆိုတဲ့ သတင်းအမှား

      ရာနဲ့ချီတဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေထံမှာ အလင်းဝင်လာကြပြီဆိုပြီး ရေးသားဖြန့်ဝေမှုတွေ ဒီရက်ပိုင်းထဲ ပေါ်ထွက်ခဲ့ပါတယ်။

      By - Boom Live Myanmar |
      Published -  30 Sept 2023 1:00 AM IST
    • ရဲတပ်ဖွဲ့ဝင် ရာနဲ့ချီပြီး PDFသို့ အလင်းဝင်တယ်ဆိုတဲ့ သတင်းအမှား

      ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Best Videos ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ စက်တင်ဘာလ ၂၈ ရက်နေ့ ညနေပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘ရာနဲ့ချီတဲ့ရဲတပ်ဖွဲ့တွေ PDF ထံကိုအလင်းဝင်လာကြပြီ။ ဘက်လိုက်တဲ့ ရာထူးတိုးမှုတွေကြောင့် မကျေနပ်တဲ့ရဲတွေ ရာနဲ့ချီ အလင်းဝင်လာကြပြီ’ ဆိုပြီး ရေးသားထားတာပါ။

      ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

      သတင်းဆန်စစ်ချက်

      ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက် ကြည့်ရှုသူများအောင် လုပ်ကြံ ရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

      ဖြန့်ဝေထားတဲ့ ဗီဒီယိုထဲမှာ ရဲတပ်ဖွဲ့ဝင် ရာနဲ့ချီပြီး အလင်းဝင်တယ် ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို ဘယ်ဒေသကရဲတပ်ဖွဲ့ဝင်တွေ ဘယ် PDF တွေထံမှာ အလင်းဝင်တယ်ဆိုတာမျိုးလည်းမပါဝင်ပါဘူး။

      ဗီဒီယိုဖိုင်ထဲမှာတော့ ခေတ်သစ်မီဒီယာမှာ စက်တင်ဘာလ ၂၈ ရက်နေ့က ဖော်ပြထားတဲ့ 'PDF များကို ဖမ်းဆီး သတ်ဖြတ်ခဲ့သူများ၊ တပ်နှင့်ရဲထိပ်ပိုင်းအရာရှိများ၏ သဘောကျ နှစ်ခြိုက်မှု ရရှိသူများ အပါအဝင် ရဲအရာရှိ ၉၂ ဦးကို ရာထူးတိုးပေး' ဆိုတဲ့ သတင်းကို ကူးယူကာ နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတဲ့ အကြောင်းအရာသာ ပါဝင်ပါတယ်။

      ခေတ်သစ်သတင်းဌာနမှာ ဖော်ပြထားမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

      သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

      Tags

      ရဲတပ်ဖွဲ့ရာချီ အလင်းဝင်police surrenderedလက်နက်ချအလင်းဝင်ClickbaitsFakenewsရာထူးတိုး
      Read Full Article
      Claim :   ရဲတပ်ဖွဲ့ဝင် ရာနဲ့ချီပြီး အလင်းဝင်တယ်လို့ဆို
      Claimed By :  Facebook, Website
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!