BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ပင်လည်ဘူး တိုက်ပွဲအတွင်း PDF...
သတင်းအတု

ပင်လည်ဘူး တိုက်ပွဲအတွင်း PDF တပ်ဖွဲ့ဝင် ရာချီသေဆုံးတယ်ဆိုတဲ့ သတင်းအမှား

စစ်ကိုင်းတိုင်း ပင်လည်ဘူးဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ဒေသခံကာကွယ်ရေးတပ် PDF တပ်ဖွဲ့ဝင် အလောင်း ရာဂဏန်း ဝန်းကျင် မူးမြစ်ထဲ ပြန့်ကျဲနေတယ်ဆိုတဲ့အကြောင်းအရာဟာ အချက်အလက်အမှားတွေထည့်သွင်းဖြန့်ဝေထားတဲ့ သတင်းအမှားဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  13 April 2022 10:39 AM IST
  • ပင်လည်ဘူး တိုက်ပွဲအတွင်း PDF တပ်ဖွဲ့ဝင် ရာချီသေဆုံးတယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို စစ်တပ်ထောက်ခံတဲ့ ဖေစ့်ဘွတ်ပေချ့်နဲ့ အကောင့်တွေမှာ ဧပြီလ ၁၂ ရက်နေ့ နံနက်ပိုင်းက စတင် ဖြန့်ဝေနေတာပါ။ ဒီလိုဖြန့်ဝေရာမှာ "ပင်လည်ဘူး တိုက်ပွဲပြီး အခြေအနေလို့ ရေးသားကာ ပင်လည်ဘူးကို pdf အင်အား၁၀၀၀ ခန့်နဲ့ မြို့သိမ်းတိုက်ပွဲလုပ်ခဲ့တဲ့ အခြေအနေကို တင်ပြပြီး ဖြစ်ကြောင်း၊ပင်လည်ဘူးမြောက်ဘက် ၇ မိုင်ခန့်အကွာမှာ တပ်စစ်ကြောင်းတစ်ကြောင်းနဲ့ pdf အင်အား၃၀၀ခန့်ကို ရှင်းလင်းခဲ့ရာ ၆၀လောက်ကျဆုံးခဲ့ကြောင်း၊ တဖန် မြို့သိမ်းဘို့ ကြိုးစားတဲ့ pdf အဖွဲ့ဝင်တွေကို စစ်တပ်က ပိတ်ဆို့တိုက်ခိုက်တဲ့အတွက် မူးမြစ်ကူး နမ္မားတံတားဝန်းကျင်က မူးမြစ်ထဲမှာ pdfအလောင်း ရာဂဏန်းဝန်းကျင်ခန့် ပြန့်ကျဲနေဆဲဖြစ်ကြောင်း၊ မူးမြစ်အနောက်ဖက်ကမ်း ကျေးရွာတွေမှာ ဒဏ်ရာရ pdf တွေ အများအပြား ရှိနေကြောင်း" နဲ့ တိုက်ပွဲဖြစ်ပွားတဲ့ အကြောင်းအရာတွေကို ချဲ့ကား ရေးသားထားတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ပင်လည်ဘူးမြို့နယ် တိုက်ပွဲနဲ့ ပတ်သတ်ပြီး သတင်းဌာနတွေမှာ ဖော်ပြထားချက်အရ မတ်လ ၂၉ ရက်မှ ဧပြီ ၉ ရက်အထိ ၁၂ ရက်ကြာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဗိုလ်မှူးအဆင့် တစ်ဦးအပါအဝင် ၄၀ ကျော်ကျဆုံးခဲ့တယ်လို့ PDF ဘက်က ပြောဆိုထားတယ်လို့ ရေးသားဖော်ပြထားပါတယ်။စစ်တပ်ဘက်က ထုတ်ပြန်ချက်မှာတော့ KIA/PDF ဘက်က စုစုပေါင်း အလောင်း ရှစ်လောင်းနဲ့ လက်နက်ခဲယမ်းတွေ ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။


    PDF တပ်ဖွဲ့ဝင်တွေ ရာဂဏန်းကျဆုံးတယ်ဆိုတာကို မည်သည့် သတင်းဌာနမှာမှ ဖော်ပြထားခြင်း မရှိသလို စစ်ကောင်စီရဲ့ ထုတ်ပြန်မှုမှာလည်း အလောင်း ၈ လောင်းသာ ရရှိတယ်လို့ ဖော်ပြထားတဲ့အတွက် ခုဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

    ဒါ့အပြင် စစ်ကောင်စီဘက်က အရာရှိ စစ်သည် အချို့ ကျဆုံးတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောထားကြောင်း RFA သတင်းဌာနမှာ ဧပြီလ ၁၂ ရက်နေ့က ဖော်ပြထားပါတယ်။ သတင်းကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    စစ်ကိုင်းတိုင်း(မြောက်ပိုင်း) က ပင်လည်ဘူးမှာ စစ်ကောင်စီနဲ့ PDF တပ်ဖွဲ့ဝင်တွေကြား တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး ဌာနဆိုင်ရာရုံးတွေကိုပါ PDF တွေက သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဧပြီ ၁ဝ ရက်မှာမှ ဌာနဆိုင်ရာရုံးတွေကို ပြန်လည်သိမ်းပိုက် နိုင်ခဲ့တယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားပါတယ်။

    Tags

    KIAPDFPinlebuစစ်ကောင်စီPDF ရာဂဏန်းကျဆုံးပင်လည်ဘူးတိုက်ပွဲMilitary CoupFakenews
    Read Full Article
    Claim :   ပင်လည်ဘူးဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ဒေသခံကာကွယ်ရေးတပ် PDF တပ်ဖွဲ့ဝင် အလောင်း ရာဂဏန်း ဝန်းကျင် မူးမြစ်ထဲ ပြန့်ကျဲ
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!