BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • လင်းပိုင်တွေက ကလေးမွေးနေတဲ့...
သတင်းအတု

လင်းပိုင်တွေက ကလေးမွေးနေတဲ့ ဝေလငါးကြီးကို ငါးမန်းရန်က ကာကွယ်ပေးနေတာလား

ရာနဲ့ချီတဲ့ လင်းပိုင်တွေက ကလေးမွေးနေတဲ့ ဝေလငါးကြီးကို ငါးမန်းတွေရန်က လွတ်ဖို့ ဝိုင်းပတ်စောင့်ရှောက်နေတဲ့ ဗီဒီယိုဖိုင်ဆိုပြီး ရေးသားဖြန့်ဝေမှုတွေ ရှိနေပါတယ်။

By - Boom Live Myanmar |
Published -  31 Aug 2024 8:37 AM IST
  • လင်းပိုင်တွေက ကလေးမွေးနေတဲ့ ဝေလငါးကြီးကို ငါးမန်းရန်က ကာကွယ်ပေးနေတာလား

    ဒီအကြောင်းအရာကို ဖေစ့်ဘွတ်နဲ့ Threads လူမှုကွန်ရက်တွေပေါ်မှာ ဖြန့်ဝေနေတာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ လင်းပိုင်အများအပြား ကို ရိုက်ယူထားတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘ငါးမန်းတွေတိုက်ခိုက်တာ ခံနေရတဲ့ ကလေးမွေးနေတဲ့ ဝေလငါးကြီးဆီကို လင်းပိုင်တွေလာပြီး ဝန်းရံစောင့်ရှောက်နေတာ။ လင်းပိုင်တွေက ဝေလငါးကြီးကို ဝန်းရံထားပြီး ငါးမန်းတွေကို အဝေးကို မောင်းထုတ်လိုက်တယ်။ ဝေလငါးသားပေါက်ရော မိခင်ရော လုံခြုံပါတယ်’ အဓိပ္ပါယ်ရတဲ့ အဂ်လိပ်ဘာသာစကားနဲ့ ရေးသားဖြန့်ဝေနေကြတာပါ။


    ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒီ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    ဖြန့်ဝေထားတဲ့ ဗီဒီယိုကလစ်ဟာ Cape {town} Etc ဆိုတဲ့ Youtube ချန်နယ်မှာ ၂၀၂၁ ခုနှစ် ဧပြီ ၁၅ ရက်နေ့က တင်ထားတဲ့ ဗီဒီယိုဖိုင်ဖြစ်ပါတယ်။

    ‘ဒီဗီဒီယိုကို တောင်အာဖရိက ကမ်းရိုးတန်းတစ်နေရာမှာ ဝေလငါးနဲ့ လင်းပိုင်တွေကို အစာကျွေးနေတုန်း ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အခုဖြန့်ဝေနေသလို ကလေးမွေးနေတဲ့ ဝေလငါးကြီးကို လင်းပိုင်တွေက ငါးမန်းရန်က ကာကွယ်နေတာ မဟုတ်ပါဘူး။


    Cape {town} Etc ဆိုတဲ့ Youtube ချန်နယ်မှာ တင်ထားတဲ့ မူရင်း ဗီဒီယိုဖိုင်ကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    Tags

    dolphins protecting whalenewborn whaleFalse videoဗီဒီယိုဖိုင်အမှားတောင်အာဖရိက ကမ်းရိုးတန်း
    Read Full Article
    Claim :   လင်းပိုင်တွေက ကလေးမွေးနေတဲ့ ဝေလငါးကြီးကို ငါးမန်းရန်က ကာကွယ်ပေးနေတယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!