BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ကိုဗစ် မကာကွယ်နိုင်လို့...
သတင်းအတု

ကိုဗစ် မကာကွယ်နိုင်လို့ ဟိန္ဒူဘုရားရုပ်တုတွေ လွှင့်ပစ်တယ်ဆိုတဲ့ သတင်းအမှား

လူမှုကွန်ယက်သုံးစွဲသူတွေကြားမှာ India က နိုင်ငံက ဟိန္ဒူဘာသာရေး အခမ်းအနားတစ်ခုက ဓါတ်ပုံတွေကို အသုံးပြုပြီး ဖြန့်ဝေထားတဲ့ သတင်းအမှားတချို့ ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  20 May 2021 8:58 PM IST
  • ကိုဗစ် မကာကွယ်နိုင်လို့ ဟိန္ဒူဘုရားရုပ်တုတွေ လွှင့်ပစ်တယ်ဆိုတဲ့ သတင်းအမှား

    အဆိုပါ သတင်းအမှားဟာ နိုင်ငံတကာမှာလည်း ပျံ့နှံ့နေပြီး ဒီရက်ပိုင်းအတွင်း မြန်မာနိုင်ငံက လူမှုကွန်ယက် သုံးစွဲသူတွေကြားမှာ လူပေါင်းများစွာ ဖြန့်ဝေနေတာကို တွေ့ရပါတယ်။ ဒီအကြောင်းအရာတွေနဲ့အတူ ဟိန္ဒူဘာသာရေးအခမ်းအနားမှာ ဘုရားဆင်းတုတော်တွေကို ရေထဲမှာ ချထားတဲ့ ဓါတ်ပုံတွေကို အသုံးပြုထားတာဖြစ်ပါတယ်။

    အဆိုပါ ဓါတ်ပုံတွေနဲ့အတူ "India မှာ သန်းပေါင်းများစွာသော ဟိန္ဒူလူမျိုး ပြည်သူတွေဟာ သူတို့ရဲ့ ယုံကြည်ကိုးကွယ်ရာ နတ်ဘုရားတွေဟာ သူတို့ကို Covid ကပ်ရောဂါ ဘေးကနေ မကယ်တင်နိုင်ဘူး၊ မစောင့်ရှောက်ဘူး လို့ပြောကာ သူတို့နေအိမ် ၊ဘုရားကျောင်းအစရှိတဲ့ နေရာက ရုပ်ထုတွေ အကုန်လုံးကို လမ်းပေါ်လွင့်ပစ်တာမျိုးတွေ ၊မြစ်ထဲ ချောင်းထဲကို မျှောပစ်တာမျိုးတွေ ပြုလုပ်နေကြတယ်" (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။

    သတင်းဆန်းစစ်ချက်

    လူမှုကွန်ယက်ပေါ် ရေးသားဖြန့်ဝေနေကြတဲ့ India နိုင်ငံမှာ ကိုဗစ် ၁၉ ရောဂါ မကာကွယ်နိုင်လို့ ဘုရားရုပ်ထုတွေကို လွှင့်ပစ်နေတယ် ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ မှားယွင်းစွာ ဖြန့်ဝေနေတာဖြစ်ကြောင်း တွေ့ရပါတယ်။

    အဆိုပါ ဓါတ်ပုံတွေဟာ ဟိန္ဒူဘာသာရေးအခမ်းအနားက ဓါတ်ပုံတွေဖြစ်ပြီး ၉ ရက်တိတိရွှံ့နဲ့ ထုလုပ်ပူဇော်ထားတဲ့ ဘုရားရုပ်ထုနဲ့ ကလက်ရှ်အိုးတို့ကို ပူဇော်ပြီး နောက်ဆုံး၁၀ရက်မြောက်နေ့တွင် Visarjan (ဗီဆာဂျန်း)လို့ခေါ်တဲ့ ရွှံ့ဆင်းတုတော်တွေကို ရေချပူဇော်ကြတာ ဖြစ်ပါတယ်။ ၎င်းပူဇော်ပွဲဟာ ဟိန္ဒူဘာသာဝင်တွေရဲ့ ရိုးရာဓလေ့တစ်ခုဖြစ်ပြီး သမိုင်းအစဥ်အလာကြီးမားတဲ့ ပူဇော်ပွဲလည်း ဖြစ်ပါတယ်။

    အဆိုပါ ပူဇော်ပွဲအကြောင်းနဲ့ ဓါတ်ပုံတွေ အကြောင်းကို "Hindu ဘာသာရေး အသိပညာ" အဖွဲ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရှင်းပြထားတာကို ဒီ Link မှာ ဖတ်နိုင်ပါတယ်။


    Tags

    False newsHindu idolsthrown awaycannot preventCovid 19သတင်းအမှားဟိန္ဒူဘုရားရုပ်တုလွှင့်ပစ်ကိုဗစ်ရောဂါ
    Read Full Article
    Claim :   လူမှုကွန်ယက်ပေါ် ရေးသားဖြန့်ဝေနေကြတဲ့ India နိုင်ငံမှာ ကိုဗစ် ၁၉ ရောဂါ မကာကွယ်နိုင်လို့ ဘုရားရုပ်ထုတွေကို လွှင့်ပစ်နေတယ် ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!