BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဗိုလ်ချုပ် ဂွမ်မော်ကို NUG...
သတင်းအတု

ဗိုလ်ချုပ် ဂွမ်မော်ကို NUG ကာကွယ်ရေးဝန်ကြီး ခန့်တယ်ဆိုတဲ့ သတင်းအမှား

ကချင်လွတ်လပ်ရေးတပ် (KIO/KIA) ရဲ့ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်ကို NUG ကာကွယ်ရေးဝန်ကြီး ခန့်တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  30 July 2025 7:43 AM IST
  • ဗိုလ်ချုပ် ဂွမ်မော်ကို NUG ကာကွယ်ရေးဝန်ကြီး ခန့်တယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို Khit Thit Mandalay ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဇူလိုင် ၂၉ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'KIA စစ်ဦးစီးချုပ် NUG ကာကွယ်ရေးဝန်ကြီး ခန့်ပြီ။ NUG ပါဝင် KIA/TNLA နဲ့ PDF တပ်တို့ တပ်ပေါင်းစု အရေးပေါ် ဖွဲ့စည်းလိုက်ပြီ။ နေပြည်တော် ပစ်မှတ်စပြီ' လို့ ရေးသားထား တာပါ။

    ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဗိုလ်ချုပ် ဂွမ်မော်ကို NUG ကာကွယ်ရေးဝန်ကြီး ခန့်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ Hla Soewai ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်မှာ ဇူလိုင် ၂၅ ရက်နေ့က ဖြန့်ဝေထားတဲ့ 'အဓမ္မ ရွေးကောက်ပွဲ ဝင်မည့် ပါတီများ အခြေအနေ' ဆိုတဲ့ ပိုစ့်ကို ကူးယူပြီး နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာပဲ ဖြစ်ပါတယ်။

    မူရင်း ဖြန့်ဝေထားတဲ့ ပိုစ့်ကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    ဖြန့်ဝေမှုထဲမှာ စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲနဲ့ ပက်သတ်ပြီး ရေးသားထားတာ ဖြစ်ပြီး အခုဖြန့်ဝေထားသလို ဗိုလ်ချုပ် ဂွမ်မော်ကို NUG ကာကွယ်ရေးဝန်ကြီး ခန့်တယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။

    ဖြန့်ဝေမှုဟာ NUG ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး သူရဲ့ ဖေစ့်ဘွတ်အကောင့်မှာ ဗိုလ်ချုပ် ဂွမ်မော်နဲ့ တွဲပြီး ဓာတ်ပုံတင်ထားမှုကို အသုံးချပြီး ဗိုလ်ချုပ် ဂွမ်မော်ကို NUG ကာကွယ်ရေးဝန်ကြီး ခန့်တယ်ဆိုပြီး တမင်လုပ်ကြံ ရေးသားဖြန့်ဝေထားတာ ဖြစ်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    appointment of a new Chief of DefenseFakenewsကာချုပ်အသစ်ခန့်အပ်ကာကွယ်ရေးဝန်ကြီးဗိုလ်ချုပ်ဂွမ်မော်
    Read Full Article
    Claim :   ဗိုလ်ချုပ် ဂွမ်မော်ကို NUG ကာကွယ်ရေးဝန်ကြီး ခန့်တယ်လို့ဆို
    Claimed By :  Unknown
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!