BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဦးသိန်းစိန် ကမ္ဘာ့အတော်ဆုံး...
သတင်းအတု

ဦးသိန်းစိန် ကမ္ဘာ့အတော်ဆုံး သမ္မတစာရင်းဝင်တယ်ဆိုတဲ့ သတင်းအမှား

ယခုရက်ပိုင်းအတွင်း လူမှုကွန်ရက်မှာပျံ့နှံ့ခဲ့တဲ့သတင်းအမှားတွေထဲမှာ သမ္မတဟောင်းဦးသိန်းစိန်ဟာ ကမ္ဘာ့အတော်ဆုံး သမ္မတတွေထဲမှာပါဝင်ခဲ့တယ်ဆိုတဲ့ သတင်းအမှားလည်းပါဝင်ပါတယ်။

By - Boom Live Myanmar |
Published -  28 Dec 2020 2:35 PM IST
  • ဦးသိန်းစိန် ကမ္ဘာ့အတော်ဆုံး သမ္မတစာရင်းဝင်တယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာထဲမှာ သမ္မတဟောင်း ဦးသိန်းစိန်ရဲ့ ပုံကိုတခြားနိုင်ငံကလူတွေနဲ့ယှဉ်တွဲပြထားပြီး ဦးသိန်းစိန်ဟာ ကမ္ဘာ့အတော်ဆုံးသမ္မတစာရင်းမှာ နံပါတ် ၂ စာရင်းဝင်တယ်လို့ ရေးသားဖြန့်ဝေထားတာဖြစ်ပါတယ်။

    ဒီအကြောင်းအရာကို သံမဏိ ဘသော် ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်က ဒီဇင်ဘာလ ၉ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ကိုလမ်ဘီယာ၊ နယူဇီလန်၊ ဖင်လန် စတဲ့ နိုင်ငံတွေက သမ္မတနဲ့ ဝန်ကြီးချုပ်တွေနဲ့ အတူ သမ္မတဟောင်း ဦးသိန်းစိန် ယှဉ်တွဲဖော်ပြထားတဲ့ ပုံကို အသုံးပြုကာ "၄ နှစ်သက်တမ်းအတွင်း တိုင်းပြည်တိုးတက်အောင် ဆောင်ရွက်ခဲ့ပြီး ကမ္ဘာ့အတော်ဆုံး သမ္မတတွေကြား နံပါတ် ၂ စာရင်းဝင်ခဲ့သူ" လို့ ဆိုပြီး ရေးသားဖြန့်ဝေခဲ့တာပါ။

    ရေးသားဖြန့်ဝေမှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    BOOM အနေနဲ့ ဒီသတင်းကို ဆန်းစစ်ရန် ဖြန့်ဝေမှုမှာပါဝင်တဲ့ ပုံကို အသုံးပြုပြီး အင်တာနက်ပေါ်မှာ ရှာဖွေခဲ့ရာ ဒီပုံဟာ အမျိုးသမီးနိုင်ငံရေးသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ Women Political Leaders (WPL) ကွန်ရက် ဝက်ဘ်ဆိုက်စာမျက်နှာမှာ ၂၀၁၆ ခုနှစ် မတ်လ ၈ ရက်နေ့မှာ တင်ထားခဲ့တဲ့ အမျိုးသမီးလှုပ်ရှားမှုကမ်ပိန်းက ပုံပဲဖြစ်ပါတယ်။


    အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အတွက် ရည်ရွယ်ပြုလုပ်တဲ့ ဒီကမ်ပိန်းကို မြန်မာနိုင်ငံအပါအဝင် နယူးဇီလန်၊ အီသီယိုးပီးယား၊ ဆွီဒင်၊ မော်လဝီ၊ ကမ်ရွန်းနဲ့ ဖိလစ်ပိုင် နိုင်ငံတွေမှာလည်း ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

    ရည်ရွယ်ချက်က နိုင်ငံရေး ခေါင်းဆောင်မှုတွေ၊ လွှတ်တော် စတဲ့ နေရာတွေမှာ အမျိုးသမီးတွေ အရေးပါတဲ့ နေရာက ပိုမိုပါဝင်လာစေဘို့ လုပ်ခဲ့တာပါ။ သမ္မတဟောင်း ဦးသိန်းစိန်ကလည်း ဒီလှုပ်ရှားမှုမှာ အစိတ်အပိုင်းတစ်ခုအဖြစ်ပါဝင်ခဲ့တာပါ။

    WPL ကွန်ရက်က ပြုလုပ်ခဲ့တဲ့ ဒီကမ်ပိန်းလှုပ်ရှားမှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    အလားတူပဲ ဒီအကြောင်းအရာနဲ့ပတ်သက်ရင် သမ္မတဦးသိန်းစိန်ဟာ နိုင်ငံ့တကာသမ္မတတွေကြားထဲ အတော်ဆုံးသမ္မတတွေထဲက တစ်ဦးအဖြစ်သော်လည်းကောင်း၊ အတော်ဆုံးနေရာမှာ အဆင့်(၂) ရှိတယ်ဆိုတဲ့ သတင်းသော်လည်းကောင်း ထုတ်ပြန်ထားတဲ့သတင်းအကြောင်းအရာတွေ မရှိခဲ့ဖူးပါဘူး။

    ဒီလိုအကြောင်းအရာဟာ အွန်လိုင်းပေါ်မှာနောက်ပြောင်ဝေမျှလေ့ရှိတဲ့အကြောင်းအရာအဖြစ်သာပျံ့နှံ့ခဲ့ဖူးတာမျိူးသာဖြစ်ပါတယ်။

    Tags

    PresidentBest Presidentpresident listအပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့Women
    Read Full Article
    Claim :   သမ္မတဟောင်း ဦးသိန်းစိန်ရဲ့ ပုံကို အသုံးပြုပြီး ကမ္ဘာ့အတော်ဆုံးသမ္မတစာရင်းမှာ နံပါတ် ၂ စာရင်းဝင်တယ်လို့ ရေးသားဖြန့်ဝေနေတဲ့ အပေါ် BOOM က သတင်းဆန်းစစ်ချက် ပြုလုပ်ထားပါတယ်။
    Claimed By :  Unknown
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!