BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဦးဖြိုးဇေယျာသော်ကို ဖမ်းမိတဲ့သတင်း...
သတင်းအတု

ဦးဖြိုးဇေယျာသော်ကို ဖမ်းမိတဲ့သတင်း မမှန်ပါ

NLD ပါတီရဲ့ လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်ကို ဖမ်းဆီးရမိတယ် ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  29 Oct 2021 12:34 PM IST
  • ဦးဖြိုးဇေယျာသော်ကို ဖမ်းမိတဲ့သတင်း မမှန်ပါ

    အဆိုပါ သတင်းအမှားကို Aung Naing Htwe ဖေ့စ်ဘွတ်အကောင့်က အောက်တိုဘာလ ၂၅ ရက်နေ့ ည ၇ နာရီ ၂၅ မိနစ်မှာ ရေးတင်ထားတာ ဖြစ်ပြီး ၎င်းသတင်းအမှားရဲ့ ခေါင်းစဉ်မှာ "အကြမ်းဖက် ပစ်ခတ်မှုများအား နောက်ကွယ်မှ ကြိုးကိုင်နေသည်ဟု သတင်းများ အကြီကျယ်ပေါ်ထွက်ခဲ့သော NLD အမတ်ဟောင်း ဖြိးဇေယျာသော် အား ဖမ်းဆီးထိမ်းသိမ်းခဲ့သည်" (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပြီး ၎င်းသတင်းအမှားရဲ့ အတွင်းမှာတော့ "ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ ဗားကရာချေက်အတွင်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပစ်ခတ်ထွက်ပြေးခဲ့တဲ့ NLD အမတ်ဟောင်း ဖြိုးဇေယျာသော်နှင့် အခြားတစ်ဦးအားယမန့်နေ့ည တွင်ဖမ်းဆီးရမိပြီဖြစ်ကြောင်း လုံခြုံရေး တပ်ဖွဲ့နှင့် ပတ်သက်သော သတင်းရပ်ကွက်မှ ဆိုပါသည်။ အဆိုတော် ဇော်ဝင်းထွတ်၏ သားဖြစ်သူ အဆိုတော် အီးတိုး၏ နောက်ဆုံး ဖေါ်ချက်အရ အတိကျ ရရှိသော သတင်းအချက်လက်များကို အခြေခံ၍ ဖမ်းဆီးရရှိခဲ့ကြောင်း ရန်ကုန်တိုင်း လုံခြုံရေးတပ်ဖွဲ့ဝင် အကြီးကဲနှင့် နီးစပ်သော အသိုင်းဝိုင်းမှ ဆိုပါသည်" လို့ ရေးသားထားပါတယ်။

    မူရင်း ရေးသားဖော်ပြမှုကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ Aung Naing Htwe ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က တင်ထားတဲ့ သတင်းအမှားကို like လုပ်ထားသူ ၂၆၀၀ ကျော်နဲ့ ထပ်ဆင့်ဝေမျှထားသူ ၄၀၀ ကျော်ရှိကာ ကူးယူဖော်ပြသူများစွာလည်း ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်ကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးရမိတယ် ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ သတင်းအမှား ဖြစ်ကြောင်းတွေ့ရပါတယ်။

    ဦးဖြိုးဇေယျာသော်ဟာ ဖမ်းဆီးခံထားရခြင်း မရှိပါဘူး။ ၎င်းဟာ စစ်ကောင်စီ ဆန့်ကျင်ရေးတွေ ဆက်လက်လုပ်ကိုင်နေဆဲဖြစ်ပါတယ်။ သတင်းအမှားဖြန့်တဲ့သူ တင်ထားတဲ့ ဓါတ်ပုံဟာ စက်တင်ဘာလ ၂၆ ရက်နေ့က စစ်ကြောင်စီရဲ့ သတင်းစာမှာ ဖော်ပြခဲ့စဉ်က ထုတ်ပြန်ခဲ့တဲ့ ဓါတ်ပုံဖြစ်ပါတယ်။ ဒီပုံကို Aung Naing Htwe ဆိုသူက ယူပြီး သတင်းအမှားဖြန့်ထားတာကို တွေ့ရပါတယ်။ အဆိုပါ ဓါတ်ပုံ ပါဝင်တဲ့ Global New Light of Myanmar က သတင်းကို ဒီ Link မှာ ဖတ်ပါ။

    သတင်းအမှားဖြန့်ဝေသူဟာ အမေရိကန် နိုင်ငံသားခံထားပြီး ဂိုရှယ်လေးဆိုတဲ့ နာမည်နဲ့ သတင်းအမှားတွေ မကြာခဏ ဖြန့်နေသူ ဖြစ်ပါတယ်။


    Tags

    False newsNLDMPsrepresentativearrestedCoupMilitaryPDFသတင်းအတု
    Read Full Article
    Claim :   NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်ကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးရမိတယ် ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!