BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • စစ်ဗိုလ်ချုပ်ဟောင်းသန်းရွှေ...
သတင်းအတု

စစ်ဗိုလ်ချုပ်ဟောင်းသန်းရွှေ ကွယ်လွန်တယ်ဆိုတဲ့ သတင်းအတု

အငြိမ်းစားစစ်ဗိုလ်ချုပ်ဟောင်း သန်းရွှေ သေဆုံးသွားပြီဆိုတဲ့ ကောလဟာလတွေ ပြီးခဲ့တဲ့ရက်ပိုင်းက ကျယ်ကျယ်လောင်လောင်ထွက်ပေါ်ခဲ့ပါတယ်။

By - Boom Live Myanmar |
Published -  16 Aug 2021 5:15 PM IST
  • စစ်ဗိုလ်ချုပ်ဟောင်းသန်းရွှေ ကွယ်လွန်တယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအမှားဟာ ဩဂုတ်လ ၁၀ ရက်နေ့မှာ လူမှုကွန်ယက်ပေါ်စတင်ပျံ့နှံ့ခဲ့တာ ဖြစ်ပြီး "Fake News Check Community" ဆိုတဲ့ နာမည်နဲ့ Page တစ်ခုက သန်းရွှေသေဆုံးသွားတာ မှန်ကန်တယ်လို့ ရေးသားခဲ့ပါတယ်။ အဲ့ဒီနောက်မှာ တခြားဖေ့စ်ဘွတ်ပေ့ချ်တွေ သတင်းအမှားတင်ပြီး ပိုက်ဆံရှာနေတဲ့ Website တွေက "ဦးသန်းရွှေ သေဆုံးတဲ့ သတင်းဟာ အမှန်ဖြစ်ကြောင်း သတင်းစီစစ်ရေးအဖွဲ့ အတည်ပြု" ဆိုတဲ့ ခေါင်းစဉ်ကို တပ်ပြီး ပြန်လည်ဖြန့်ဝေထားပါတယ်။

    အဆိုပါ Website တွေက "ပရိသတ်ကြီးရေ နေပြည်တော် မင်းသားကြီး တဖြစ်လဲ အာဏာရှင်ဟောင်း သန်းရွှေ ကွယ်လွယ်သွားပြီဆိုတဲ့ သတင်းဟာ ယနေ့မှာ လူများအကြားရိုက်ခတ်လာခဲ့ပါတယ်, သတင်းအမှားလား အမှန်လား ဝေခွဲမရချိန်မှာ နာမည်ကြီး သတင်းမှား စိစစ်ရေးအဖွဲ့ တခုမှ သတင်းမှန်ဖြစ်ကြောင်းကို အတည်ပြုပြောကြားခဲ့ပါတယ်။ ထိုအတည်ပြုချက်ကို ပရိသတ်ကြီးတို့ အတွက် ပြန်လည် ဖော်ပြပေးလိုက်ပါတယ်" လို့ ရေးသားထားပါတယ်။

    မူရင်း ဖြန့်ဝေမှုကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။

    သတင်းဆန်းစစ်ချက်

    လူမှုကွန်ယက်ပေါ်ပျံ့နှံ့နေတဲ့ စစ်အာဏာရှင်ဟောင်း သန်းရွှေသေဆုံးသွားတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ သတင်းအမှားဖြစ်ကြောင်းတွေ့ရပါတယ်။

    BBC သတင်းဌာနက စစ်တပ်ဘက်က အရာရှိတစ်ဦးကို ဆက်သွယ်ပြီး စစ်ဗိုလ်ချုပ်ဟောင်း သန်းရွှေနဲ့ ဇနီးဟာ တပ်မတော်စစ်ဆေးရုံကုတင် (၁၀၀၀) (သိုက်ချောင်း) မှာ တက်ရောက် ဆေးကုသမှုခံယူနေပြီး ကျန်းမာရေး ကောင်းမွန်လျှက်ရှိကြောင်း အတည်ပြုထားပါတယ်။

    BBC က ဖော်ပြခဲ့တဲ့ သတင်းကို ဒီမှာ ဖတ်ပါ။


    ၎င်းကွယ်လွန်သွားတဲ့ သတင်းကို စတင်ဖြန့်ဝေခဲ့တဲ့ Fake News Check Community ဆိုတဲ့ Page ကလည်း ၎င်းတို့ ဖြန့်ဝေခဲ့တဲ့ သတင်းအမှားကို ပြန်လည်ဖြုတ်ချထားပါတယ်။


    Tags

    False newsJuntamilitarydictatorThan Shweသတင်းအတုစစ်ဗိုလ်ချုပ်ဟောင်းသန်းရွှေ
    Read Full Article
    Claim :   လူမှုကွန်ယက်ပေါ်ပျံ့နှံ့နေတဲ့ စစ်အာဏာရှင်ဟောင်း သန်းရွှေသေဆုံးသွားတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!