BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • ဗိုလ်ချုပ်ဟောင်း စိုးသိန်းနဲ့...
      သတင်းအတု

      ဗိုလ်ချုပ်ဟောင်း စိုးသိန်းနဲ့ သူ့သားကို PDF က နေအိမ်မှာ ပစ်သတ်တယ်ဆိုတဲ့ သတင်းအမှား

      အကြမ်းဖက် စစ်တပ် ဗိုလ်ချုပ်ဟောင်းစိုးသိန်းနဲ့ သားဖြစ်သူ အေးချမ်းတို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက နေအိမ်မှာ ပစ်သတ်လိုက်တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

      By - Boom Live Myanmar |
      Published -  27 April 2025 11:47 AM IST
    • ဗိုလ်ချုပ်ဟောင်း စိုးသိန်းနဲ့ သူ့သားကို PDF က နေအိမ်မှာ ပစ်သတ်တယ်ဆိုတဲ့ သတင်းအမှား

      ဒီအကြောင်းအရာကို Local Celegram ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဧပြီလ ၂၄ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

      ဖြန့်ဝေရာမှာ ကြာချိန် ၃ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ပြည်သူတွေကို တရားစွဲပြီး ငွေတောင်းတဲ့ ဗိုလ်ချုပ်ကြီး စိုးသိန်းနဲ့ သူ့သားကို PDF တွေ နေအိမ်အထိသွားပြီး ဖောင်းဒိုင်းကျွေးလိုက်ပြီဗျာ' လို့ ရေးသားထား တာပါ။

      ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။

      ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

      သတင်းဆန်းစစ်ချက်

      ဗိုလ်ချုပ်ဟောင်း စိုးသိန်းနဲ့ သူ့သားကို PDF က နေအိမ်မှာ ပစ်သတ်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

      ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ Khit Thit Media မှာ ဧပြီလ ၂၄ ရက်နေ့က ဖော်ပြထားတဲ့ 'ဗိုလ်ချုပ်ဟောင်း စိုးသိန်းနှင့်သား အေးချမ်းတို့က ပြည်သူ ၁၅ ဦးထက်မနည်းကို ကမာရွတ်၊ ဗဟန်းနှင့်ပန်းဘဲတန်းမြို့နယ်တို့တွင် ပုဒ်မ ၅၀၅ (က)၊ ၆၆ (ဃ) ဖြင့် အမှုဖွင့်သည့်အပြင် တရားမကြောင်းဖြင့် ပြည်သူ ၁ ဦးလျှင် ငွေကျပ် သိန်း ၃၀၀၀ စီ လျော်ကြေးပေးရန် တရားစွဲတောင်းခံနေ' ဆိုတဲ့ သတင်းကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။

      သတင်းထဲမှာ အကြမ်းဖက် စစ်တပ်မှ ဗိုလ်ချုပ်ဟောင်းတစ်ဦးဖြစ်သော ဝန်ကြီးဟောင်း စိုးသိန်းနဲ့ သားဖြစ်သူ အေးချမ်းတို့က ပြည်သူ ၁၅ ဦးထက်မနည်းကို ကမာရွတ်မြို့နယ်၊ ဗဟန်းမြို့နယ်နှင့် ပန်းဘဲတန်းမြို့နယ်တို့မှာ ပုဒ်မ ၅၀၅ (က)၊ ပုဒ်မ ၆၆ (ဃ) တို့ဖြင့် အမှုဖွင့်ထားတဲ့အပြင် တရားမကြောင်းဖြင့်ပါ ငွေကျပ် သိန်းထောင်ချီလျော်ကြေးတောင်း နေကြောင်း၊ သူတို့သားအဖကို လူမှုကွန်ရက်မှာ စစ်အာဏာသိမ်းမှုကို ထောက်ခံတဲ့ မိသားစုအဖြစ် ဝေဖန်သူတွေကို မြို့နယ်ရဲတပ်ဖွဲ့တွေမှာ အမှုဖွင့်ခြင်း၊ မြို့နယ်တရားရုံးများမှာ တရားစွဲခြင်းနှင့် ခရိုင်တရားရုံးများမှာ သိန်းထောင်ချီ လျော်ကြေးတောင်းမှုတွေ လုပ်ဆောင်နေကြောင်း ရေးသားထားတာပါ။

      ဒီသတင်းထဲမှာ ဗိုလ်ချုပ်ဟောင်း စိုးသိန်းနဲ့ သူ့သားကို PDF က နေအိမ်မှာ ပစ်သတ်တယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြား ယုံကြည် စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။

      Khit Thit Media မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

      သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

      Tags

      shot deadformer generalဒလန်ရှင်းလင်းသတင်းမှားပစ်သတ်ခံရFakenews
      Read Full Article
      Claim :   ဗိုလ်ချုပ်ဟောင်း စိုးသိန်းနဲ့ သူ့သားကို PDF က နေအိမ်မှာ ပစ်သတ်တယ်လို့ဆို
      Claimed By :  Facebook, Website, Youtube
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!