BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • Facebook ကို မြန်မာနိုင်ငံက...
သတင်းအတု

Facebook ကို မြန်မာနိုင်ငံက ဖယ်ရှားတော့မယ် ဆိုတဲ့သတင်းအမှား

Facebook Application ကို မြန်မာနိုင်ငံမှာ ဒီဇင်ဘာလ ၂၅ ရက်နေ့မှာ အပြီးဖယ်တော့မယ်ဆိုတဲ့အကြောင်းအရာတွေ လူမှုကွန်ရက်အကောင့်တွေမှာ ပျံ့နှံ့ခဲ့ပါတယ်။

By - Boom Live Myanmar |
Published -  22 Dec 2021 4:40 PM IST
  • Facebook ကို မြန်မာနိုင်ငံက ဖယ်ရှားတော့မယ် ဆိုတဲ့သတင်းအမှား

    အဆိုပါ သတင်းအမှားကို ဒီဇင်ဘာလ ၁၂ ရက်ဝန်းကျင်ကတည်းက စတင်ရေးသားဖြန့်ဝေနေကြတာဖြစ်ပြီး ၎င်းသတင်းအမှားထဲမှာ "ဒီဇင်္ဘာ ၂၅ ရက်နေ့မတိုင်မှီထိ Facebookကို အဝ,သုံးထားကြပါ။ Facebook App ဖယ်ရှားမည့်သတင်းမှာ ၉၀ % သေချာနေပါသည်" လို့ ရေးသားကာ ဖြန့် ဝေနေကြပြီး တချို့ဖေ့စ်ဘွတ်အကောင့်တွေက "Facebook App ကို မြန်မာနိုင်ငံမှာ အသုံးပြုခွင့် ပိတ်ပင်တော့မည်ဟု သိရသည်" လို့ ရေးသားကာ ဖြန့်ဝေနေကြပါတယ်။

    မူရင်းရေးသား ဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာ မှာကြည့်ပါ။အဆိုပါ သတင်းအမှားကို Like လုပ်ထားသူ ရာနဲ့ချီရှိကာ ထပ်ဆင့်ဝေမျှသူ၊ ကူးယူဖော်ပြသူများစွာ ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    Facebook App ကို မြန်မာနိုင်ငံမှာ အပြီးဖယ်ရှားတော့မယ် ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လူအများကြား အာရုံလွဲဖို့ ဖြန့်ထားတဲ့ သတင်းအမှားသက်သက်သာ ဖြစ်ကြောင်းတွေ့ရပါတယ်။

    စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း သတင်းအမှောင်ချဖို့ ဖေ့စ်ဘွတ်သုံးမရအောင် Internet ဝန်ဆောင်မှုပေးတဲ့ Company တွေကနေတဆင့် ပိတ်ခဲ့ပေမယ့် VPN နဲ့ လက်ရှိအချိန်ထိ အသုံးပြုနေကြဆဲဖြစ်ပါတယ်။

    Facebook က၎င်းတို့ရဲ့ ကုမ္ပဏီနာမည်ကို Meta လို့ ပြောင်းလဲခဲ့စဉ်ရက်ပိုင်းအတွင်းကလည်း ဖေ့စ်ဘွတ်ကို ဖျက်သိမ်းတော့မယ်ဆိုတဲ့ သတင်းအမှားတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။ ဖေ့စ်ဘွတ်က တစ်စုံတစ်ခုကို အသစ်ပြုလုပ်တော့မယ် ဆိုရင် တရားဝင် ကြေညာချက် ထုတ်ပြန်ပါတယ်။ စစ်ကောင်စီနဲ့ ဆက်နွယ်တဲ့ ဖေ့စ်ဘွတ်အကောင့်တွေ၊ Group တွေ ၊ page တွေ ဖျက်သိမ်းတိုင်းလည်း တရားဝင်ထုတ်ပြန်ပြီးမှ ဖျက်တာ ဖြစ်ပါတယ်။

    မြန်မာပြည်အတွက် ဖေ့စ်ဘွတ် Application ကို ဖျက်သိမ်းဖို့ ဖေ့စ်ဘွတ်တစ်စုံတစ်ရာ ပြောထားခြင်း မရှိသလို မည်သည့် သတင်းမီဒီယာကမှလည်း ရေးသားဖော်ပြထားခြင်းမရှိပါဘူး။ ဒီအကြောင်းအရာဟာ လူထုအကြား သတင်းအမှားဖြန့်ပြီး လတ်တလော သတင်းတွေ အာရုံလွဲဖို့ ဖြန့်ထားခြင်း သက်သက်သာ ဖြစ်တယ်လို့ ယူဆရပါတယ်။

    Tags

    False newsFacebook AppremovedMyanmarCoupMilitaryသတင်းအမှားဖေ့စ်ဘွတ်ဖယ်ရှား
    Read Full Article
    Claim :   Facebook App ကို မြန်မာနိုင်ငံမှာ ဒီဇင်ဘာ ၂၅ ရက်နေ့ အပြီးဖယ်ရှားတော့မယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!