ဒေါ်စုကို လွှတ်ပေးဖို့ EU က ရာဇသံပေးတယ်ဆိုတာ မဟုတ်ပါ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်မပေးပါက စစ်ကြေငြာမယ်လို့ ကုလသမဂ္ဂနဲ့ အီးယူတို့က ရာဇသံပေးတယ်ဆိုပြီး ဖြန့်ဝေထားတဲ့အကြောင်းအရာဟာ သတင်းအမှားဖြစ်ပါတယ်။

စစ်ကောင်စီတရားရုံးက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဧပြီလ ၂၇ ရက်နေ့က ထောင်ဒဏ် ၅ နှစ် ထပ်မံ ချမှတ်ခဲ့မှုနောက်ပိုင်းမှာ "နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်မပေးပါက စစ်ကြေငြာမယ်လို့ ကုလသမဂ္ဂနဲ့ အီးယူတို့က ရာဇသံပေးတယ်" ဆိုပြီးရေးသားထားတဲ့အကြောင်းအရာတွေ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ကုလသမဂ္ဂနဲ့ အီးယူတို့က စစ်ကြေငြာမယ်ဆိုပြီး ဖြန့်ဝေနေတဲ့ ၈ မိနစ်ကျော်ကြာမြင့်တဲ့ ရုပ်သံဖိုင်ကို ကြည့်ရှု့ရာမှာ စစ်ကောင်စီတရားရုံးက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်ချမှတ်ခဲ့ခြင်းအပေါ် ဥရောပသမဂ္ဂ (EU)က ပြစ်တင်ရှုတ်ချတယ်ဆိုတဲ့ အကြောင်းအရာသာ ပါဝင်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၅ နှစ် ထပ်မံ ချမှတ်ခဲ့တဲ့အပေါ် အီးယူပြစ်တင်ရှုတ်ချကြောင်းကို European Union in Myanmar ရဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဧပြီလ ၂၈ ရက်နေ့က ဖော်ပြထားပါတယ်။


EU ရဲ့ ထုတ်ပြန်ချက်ထဲမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၅ နှစ် ထပ်မံချမှတ်ခဲ့တာဟာ နိုင်ငံရေးအရ လှုံ့ဆော်မှုသာဖြစ်ကြောင်း၊ စစ်ကောင်စီရဲ့ တရားစီရင်မှုတွေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ ခေါင်းဆောင်တွေကို ဖယ်ရှားရှင်းလင်းဖို့ ကြိုးပမ်းမှုသာ ဖြစ်ကြောင်း၊ အာဆီယံဘုံဆုံးဖြတ်ချက် ၅ရပ်က တောင်းဆိုသော အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုဆိုတဲ့အချက်မှလည်း ဖယ်ထုတ်ရန် ကြိုးပမ်းခြင်းဖြစ်ကြောင်းနဲ့ အာဏာသိမ်းချိန်မှစပြီး တရားလက်လွှတ်ဖမ်းဆီး ထိန်းသိမ်းထားသူ အားလုံးနဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ ချက်ချင်းပြန်လွှတ်ပေးဖို့ တောင်းဆိုတယ်လို့ ရေးသားဖော်ပြထားခြင်းဖြစ်ပါတယ်။

ခုဖြန့်ဝေနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်မပေးပါက စစ်ကြေငြာမယ်လို့ ကုလသမဂ္ဂနဲ့ အီးယူတို့က ရာဇသံပေးတယ် ဆိုပြီး ပြောဆိုကြေငြာမှုတွေ EU ရဲ့ထုတ်ပြန်ချက်ထဲမှာ ပါဝင်ခြင်းမရှိပါဘူး။

EU ရဲ့ ထုတ်ပြန်ချက်ကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

Claim :   နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်မပေးပါက စစ်ကြေငြာမယ်လို့ ကုလသမဂ္ဂနဲ့ အီးယူတို့က ရာဇသံပေး
Claimed By :  Facebook, Website
Fact Check :  False
Show Full Article
Next Story
Our website is made possible by displaying online advertisements to our visitors.
Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.