BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • တောင်ကုတ်က စစ်ကောင်စီ...
      သတင်းအတု

      တောင်ကုတ်က စစ်ကောင်စီ တပ်ရင်းနှစ်ခုနဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် တစ်ခုလုံး လက်နက်ချတယ်ဆိုတဲ့ သတင်းအမှား

      ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်အတွင်းရှိ စစ်ကောင်စီရဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အပါအဝင် တပ်ရင်းနှစ်ခုက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

      By - Boom Live Myanmar |
      Published -  28 Nov 2024 9:00 AM IST
    • တောင်ကုတ်က စစ်ကောင်စီ တပ်ရင်းနှစ်ခုနဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် တစ်ခုလုံး လက်နက်ချတယ်ဆိုတဲ့ သတင်းအမှား

      ဒီသတင်းကို Ayeyarwaddy Times မီဒီယာမှာ နိုဝင်ဘာလ ၂၇ ရက် နေ့လည် ၄ နာရီဝန်းကျင်မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

      ဖြန့်ဝေရာမှာ ‘‌ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်အတွင်းရှိ စစ်ကောင်စီရဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အပါအဝင် တပ်ရင်းနှစ်ခုက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့ကြောင်း၊ နိုဝင်ဘာ ၂၇ ရက်နေ့မှာ တောင်ကုတ်မြို့ပြင်မှာ ကျန်နေတဲ့ စစ်ကောင်စီရဲ့ ခမရ ၃၄၆၊ ခမရ ၅၄၄ နဲ့ စကခ ၅ အတွင်းက စစ်ကောင်စီ တပ်ဖွဲ့ဝင် တွေဟာ AA ကို ပြန်လည် တိုက်ခိုက်မှု မပြုလုပ်တော့ဘဲ လက်နက်ချခဲ့ကြောင်း’ တောင်ကုတ်ဒေသခံတဦးက ပြောတယ်ဆိုပြီး ရေးသားထားတာပါ။

      ရေးသားဖြန့်ဝေမှုကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

      သတင်းဆန်းစစ်ချက်

      ဒီဖြန့်ဝေထားတဲ့ သတင်းအကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ သတင်းမှား ဖြစ်နေတာကို တွေ့ရပါတယ်။

      ဖြန့်ဝေထားတဲ့ သတင်းထဲမှာ စစ်ကောင်စီတပ်ရင်းတွေ လက်နက်ချတယ်ဆိုတဲ့ အကြောင်းကို ဘယ်နေရာက သိရှိခဲ့ရတယ်၊ ဘယ်အဖွဲ့ အစည်းက ထုတ်ပြန်တယ်ဆိုတာနဲ့ ဘယ်သူက ပြောတယ်ဆိုတာကို ရေးသားဖော်ပြထားတာ မရှိပါဘူး။

      ဒါ့အပြင် Ayeyarwaddy Times မီဒီယာမှာ နောက်ထပ် ၅ နာရီခန့်အကြာ ည ၉ နာရီဝန်းကျင်မှာ ‘တောင်ကုတ် စကခ ၅အတွင်းက လက်နက်မချသည့် ပူးပေါင်းတပ်အချို့နှင့် AA တိုက်ပွဲဆက်လက်ပြင်းထန်၊မြို့ကို AA ထိန်းချုပ်ထား’ ဆိုတဲ့ သတင်းကို ထပ်မံရေးသားဖြန့်ဝေထားပါတယ်။


      အထက်ပါသတင်းကို ထပ်မံရေးသားဖော်ပြခဲ့ပေမယ့် ပထမဖြန့်ဝေထားတဲ့ တောင်ကုတ်က စစ်ကောင်စီ တပ်ရင်းနှစ်ခုနဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် တစ်ခုလုံး လက်နက်ချတယ်ဆိုတဲ့ သတင်းကိုတော့ ပြန်လည်ဖြုတ်ချခြင်း၊ ပြင်ဆင်ခြင်း ပြုလုပ်ထားတာ မတွေ့ပါဘူး။

      ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

      ဒါ့အပြင် ရခိုင်ပြည်နယ် အခြေစိုက် သတင်းဌာနတစ်ခုဖြစ်တဲ့ Development Media Group မှာ နိုဝင်ဘာ ၂၇ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်မှာ ‘တောင်ကုတ် စကခ (၅) တိုက်ပွဲ ဆက်လက်ပြင်းထန်’ ဆိုတဲ့ သတင်းကို ဖော်ပြထားပါတယ်။ သတင်းထဲမှာ တောင်ကုတ်မြို့အခြေစိုက် စစ်ကောင်စီ စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ် (စကခ - ၅) ကို အာရက္ခတပ်တော်က ထိုးစစ်ဆင်နေတဲ့အတွက် နိုဝင်ဘာ ၂၇ ရက်အထိ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေကြောင်း၊ စကခ - ၅ ဌာနချုပ်ကို AA က နိုဝင်ဘာ ၂၁ ရက်မှစပြီး ထိုးစစ်ဆင်တိုက်ခိုက်နေရာ စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးတွေ လေကြောင်းကနေ ခုခံ တိုက်ခိုက်နေကြောင်း၊ လက်ရှိမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရိက္ခာပြတ်လပ်မှုနဲ့ ကြုံတွေ့နေရပြီး AA ကလည်း လက်နက်ချ အညံ့ခံခိုင်းထားကြောင်းတွေ ရေးသားထားပါတယ်။


      သတင်းအပြည့်အစုံကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

      နောက်ထပ် တောင်ကုတ်က စစ်ကောင်စီ တပ်ရင်းနှစ်ခုနဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် တစ်ခုလုံး လက်နက်ချတယ်ဆိုတဲ့ သတင်းကို AA ရဲ့ သတင်းတွေ ထုတ်ပြန်ပေးနေတဲ့ AA Info Desk ချန်နယ်တွေမှာလည်း ထုတ်ပြန်ထားတာ မရှိပါဘူး။

      Boom Myanmar ရဲ့ နိုဝင်ဘာ ၂၈ ရက်နေ့ နံနက် ၁ အချိန်ထိ အချက်အလက် စစ်ဆေးမှုအရ တောင်ကုတ်က စစ်ကောင်စီ တပ်ရင်းနှစ်ခုနဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် တစ်ခုလုံး လက်နက်ချတယ်ဆိုတဲ့ သတင်း အတည်ပြုနိုင်ခြင်း မရှိသေးပါ။

      Tags

      Arakan Army AAလက်နက်ချရခိုင်စစ်ပွဲသတင်းမှားFakenewsSurrenderစစ်သတင်း
      Read Full Article
      Claim :   တောင်ကုတ်မှာ စစ်ကောင်စီ တပ်ရင်းနှစ်ခုနဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် တစ်ခုလုံး လက်နက်ချတယ်လို့ဆို
      Claimed By :  Facebook, Website
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!