BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • UN အစည်းအဝေးအပြီး စစ်ဗိုလ်ချုပ် ၈...
သတင်းအတု

UN အစည်းအဝေးအပြီး စစ်ဗိုလ်ချုပ် ၈ ဦးကို ဖမ်းချုပ်တယ်ဆိုတဲ့ သတင်းအမှား

ကုလသမဂ္ဂအစည်းအဝေးအပြီးမှာ စစ်ဗိုလ်ချုပ်တွေကို ဖမ်းချုပ်လိုက်တယ်ဆိုတဲ့ သတင်းအမှားတစ်ပုဒ် ဖြန့်ဝေထားပါတယ်။

By - Boom Live Myanmar |
Published -  17 May 2022 8:56 AM IST
  • UN အစည်းအဝေးအပြီး စစ်ဗိုလ်ချုပ် ၈ ဦးကို ဖမ်းချုပ်တယ်ဆိုတဲ့ သတင်းအမှား

    အဆိုပါ သတင်းအမှားကို သတင်းစုံဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က မေလ ၁၃ ရက်နေ့မှာ ဖြန့်ဝေထားတာဖြစ်ပြီး အဆိုပါအကြောင်းအရာကို ဖြန့်ဝေရာမှာ website link တစ်ခုကို Share ထားပါတယ်။ Website ရဲ့ feature photo အပေါ်မှာ "ကုလအစည်းအဝေးအပြီး ဗိုလ်ချုပ်ကြီး ၈ ဦးကို ဖမ်းချုပ်လိုက်ပြီ" လို့ ရေးသားထားပါတယ်။ Website link ကို နှိပ်လိုက်ရင်တော့ အထဲမှာ Youtube Video တစ်ခုရဲ့ Link ကို ထပ်ပြထားပါတယ်။ ၎င်း Video ဟာ ၁၀ မိနစ်နဲ့ ၁၀ စက္ကန်ကြာမြင့်ပြီး သတင်း ၅ ပုဒ်ကို နောက်ခံ အသံရွတ်ဆိုပြီး YouTube ပေါ်မှာ တင်ထားတာဖြစ်ပါတယ်။

    မူရင်းဖြန့်ဝေထားတဲ့ သတင်းကို ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။

    အဆိုပါ သတင်းအမှားကို Like လုပ်ထားသူ ၂၉၀၀၀ ကျော်ရှိပြီး ထပ်ဆင့်ဝေမျှထားသူ ၇၀၀ ကျော်ရှိကာ YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှု့ထားသူ ၈၀၀၀ ကျော်ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    ကုလသမဂ္ဂ အစည်းအဝေးအပြီးမှာ စစ်ဗိုလ်ချုပ် ၈ ဦးကို ဖမ်းချုပ်လိုက်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် ဖန်တီးထားတဲ့ သတင်းအမှားသက်သက် ဖြစ်တာကို တွေ့ရပါတယ်။

    ၎င်းသတင်းထဲမှာရော၊ YouTube Video ထဲမှာပါ UN အစည်းအဝေးအပြီး စစ်ဗိုလ်ချုပ်တွေကို ဖမ်းချုပ်ထားတယ်ဆိုတဲ့ သတင်းအကြောင်းအရာ မပါဝင်ပါဘူး။ အဆိုပါ Video ထဲမှာ ယင်းမာပင်မြို့နယ်မှာ စစ်ကောင်စီယာဉ်တန်း ပဒေသာမိုင်းဆွဲခံရတဲ့ သတင်း၊ မင်းကင်းမြို့နယ်မှာ နွားလာခိုးတဲ့ ပျူစောထီးကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လိုက်လံတိုက်ခိုက်ခဲ့တဲ့ သတင်း၊ လက်ပတောင်းတောင် ကျေးရွာများကို စစ်တပ်က ဝင်မွှေနေပြီး ဖိုရ်ဝင်တောင်ကြောမှာ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရတဲ့ သတင်း၊ LGBT Alliance Myanmar အဖွဲ့က စစ်ကောင်စီရဲ့ လိင်းပိုင်းဆိုင်ရာ အကြမ်းဖက်မှုများအပေါ် ICRC အနေနဲ့ ဝင်ရောက်စစ်ဆေးဖို့ တောင်းဆိုထားတဲ့ သတင်း၊ စစ်ကောင်စီ ဗိုလ်ချုပ် ၂ ဦးနဲ့ စီးပွားရေး လုပ်ငန်းရှင် ၃ ဦးကို အမေရိကန်က ပိတ်ဆို့ ဒဏ်ခတ်အရေးယူတဲ့သတင်း စတဲ့ သတင်း (၅) ပုဒ်ကို ဖော်ပြထားပါတယ်။

    ဒီလိုပြုလုပ်ထားတဲ့ သတင်းတွေဟာ ဝင်ရောက်ကြည့်ရှု့သူများအောင် ခေါင်းစဉ်အမှားတွေနဲ့ လိမ်ညာဖော်ပြထားလေ့ရှိပြီး ဝင်ရောက်ကြည့်ရှု့သူများလာတဲ့အခါ ကြည့်ရှု့သူအရေအတွက်နဲ့ ဝင်ငွေပြန်ရှာနေတဲ့ Clickbait အမျိုးအစားသာ ဖြစ်ပါတယ်။

    Tags

    False newsMilitaryGeneralsArrestedUnited NationsClickbaitသတင်းအတုစစ်ကောင်စီဗိုလ်ချုပ်
    Read Full Article
    Claim :   UN အစည်းအဝေးအပြီး စစ်ဗိုလ်ချုပ် ၈ ဦးကို ဖမ်းချုပ်
    Claimed By :  facebook, YouTube, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!