BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • မန္တလေးမြို့ကို လက်စားချေဖို့...
သတင်းအတု

မန္တလေးမြို့ကို လက်စားချေဖို့ ဒေါက်တာဇော်မြင့်မောင်ရဲ့ ညီမက ပြောတယ်ဆိုတဲ့ သတင်းအမှား

တော်လှန်ရေးအင်အားစုတွေ စုစည်းပြီး မန္တလေးမြို့ကို အမြန်ဆုံးသိမ်းပိုက်ကာ ဒေါက်တာဇော်မြင့်မောင်အတွက် လက်စား ချေ ကြဖို့ ညီမဖြစ်သူ ဒေါက်တာယုယုချစ်က Myanmar Now နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့တယ်ဆိုပြီး ရေးသားဖြန့်ဝေ နေတာတွေဟာ လုပ်ကြံရေးသားထားတဲ့ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  12 Oct 2024 8:46 PM IST
  • မန္တလေးမြို့ကို လက်စားချေဖို့ ဒေါက်တာဇော်မြင့်မောင်ရဲ့ ညီမက ပြောတယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို စစ်တပ်အားပေး လော်ဘီလုပ်နေတဲ့ Aung Myat Thu ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်မှာ အောက်တိုဘာ ၈ ရက်နေ့ ညနေပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး စစ်တပ်လော်ဘီ အသိုင်းအဝန်းကြားမှာ ထပ်မံဖြန့်ဝေနေကြတာပဲ ဖြစ်ပါတယ်။

    ဖြန့်ဝေရာမှာ ဒေါက်တာဇော်မြင့်မောင်ရဲ့ ညီမ ဒေါက်တာယုယုချစ်ရဲ့ ဓာတ်ပုံနဲ့အတူ 'တော်လှန်ရေးအင်အားစုများ စုစည်းပြီး မန္တလေးမြို့ကို အမြန်ဆုံးသိမ်းပိုက်ကာ ဒေါက်တာဇော်မြင့်အောင် အတွက် လက်စားချေကြရန် ၊ ဩစတြေးလျ ရောက်ပြီး ပြည်ပနိုင်ငံသားခံယူထားတဲ့ ညီမ ဖြစ်သူ ဒေါက်တာယုယုချစ်ဆိုသူက Myanmar Now နှင့် အင်တာဗျူးမှာ ပြောကြားခဲ့'။

    'သူ့ဟာသူ ကင်ဆာနဲ့ ဆုံးတာကို မန်းလေးမြို့ကြီးကို လက်စားချေတော့မလို့လား အန်တီရယ်... စိတ်ထားနဲ့ ရုပ်ရည်လေး လိုက်ဖက်လိုက်တာ.' လို့ ရေးသားထားပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    Aung Myat Thu ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်ကနေ ဒေါက်တာဇော်မြင့်မောင်နဲ့ ပတ်သက်ပြီး မဟုတ်မမှန် သတင်းမှားတွေ ဆက်တိုက်ဖြန့်ဝေ နေတာဖြစ်ပါတယ်။


    ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှ့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    မန္တလေးမြို့ကို လက်စားချေဖို့ ဒေါက်တာဇော်မြင့်မောင်ရဲ့ ညီမက ပြောတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    ဒေါက်တာဇော်မြင့်မောင်၏ ညီမနှင့် ဆက်သွယ်မေးမြန်းချက် အင်တာဗျူးကို Myanmar Now သတင်းဌာနမှာ အောက်တိုဘာ ၇ ရက်နေ့က ဖော်ပြထားပါတယ်။

    အချိန် ၉ မိနစ်နီးပါး ကြာမြင့်တဲ့ အင်တာဗျူး ရုပ်သံဖိုင်ထဲမှာ ဒေါက်တာဇော်မြင့်မောင်၏ ညီမဖြစ်သူ ဒေါက်တာယုယုချစ် အနေနဲ့ တော်လှန်ရေးအင်အားစုတွေ စုစည်းပြီး မန္တလေးမြို့ကို အမြန်ဆုံးသိမ်းပိုက်ကာ ဒေါက်တာဇော်မြင့်မောင် အတွက် လက်စားချေကြဖို့ ပြောဆိုထားတာ မရှိပါဘူး။


    ရုပ်သံဖိုင်ရဲ့ ၇ မိနစ်မှာ Myanmar Now က မေးမြန်းထားတဲ့ 'တော်လှန်ရေးအင်အားစုတွေကတော့ ပြောတယ်လေ ဆရာဇော်ရဲ့ ကျေးဇူးတွေကို ဆပ်ဖို့အတွက်က မန္တလေးကို ပြန်ယူပေးရုံမှတပါး အခြားမရှိဘူး ဆိုပြီးတော့ ဒီတော်လှန်ရေး အင်အားစုတွေကတော့ ဆရာဇော် ဆုံးတဲ့အချိန်မှာ ဖေစ့်ဘွတ်ပေါ်မှာ ရေးသားပြောဆိုနေတာရှိတယ်။ ဒါနဲ့ပတ်သက်လို့ရော တစ်ခုခုများ အန်တီပြောချင်တဲ့ ဆန္တများရှိလားခင်ဗျ' ဆိုတဲ့ မေးမြန်းမှုကို ဒေါက်တာယုယုချစ်က အောက်ပါအတိုင်း ပြန်ဖြေ ထားတာတော့ ရှိပါတယ်။

    'အေး အကုန်လုံးကို ပြောလိုက်ပါ။ ကိုဇော့်အတွက်တင်မဟုတ် တိုင်းပြည်အတွက်ပါ လုပ်ကြပါ။ အင်အားကောင်းကောင်းနဲ့ စိတ်ဓာတ်မာမာနဲ့ လုပ်ကြပါလို့၊ စိတ်ဓာတ်မကျပါနဲ့လို့ အန်တီကတော့ စိတ်ဓာတ်မကျဖို့ ဆုံးဖြတ်ထားတယ်။ အန်တီ လုပ် နိုင်သမျှတော့ အကုန်လုပ်ပေးသွားမှာ။ သူတို့လည်း ပြောပါ စိတ်ဓာတ်မကျပါနဲ့လို့။ ကိုဇော့်ရဲ့ နောက်ဆုံး အမှာစကားက တွေ့တဲ့အချိန်မှာ မျက်နှာလေးက ပြုံးပြီးတော့ ဟေး စိတ်ဓာတ်မကျကြနဲ့၊ မင်းတို့လုပ်ကြပါ အဲ့ဒါကိုပဲ ကိုဇော်က ပြောတာ' လို့ ပြန်လည်ဖြေကြား ထားတာပါ။

    ဒီပြန်လည် ဖြေကြားထားမှုထဲမှာ လက်စားချေဖို့၊ တော်လှန်ရေးအင်အားစုတွေ စုစည်းပြီး မန္တလေးမြို့ကို အမြန်ဆုံး သိမ်းပိုက်ဖို့ ပြောကြားထားတာ မရှိပါဘူး။

    Myanmar Now သတင်းဌာနမှာ ဖော်ပြထားတဲ့ အင်တာဗျူးကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    အသက်(၇၃)နှစ်အရွယ် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာ သွေးကင်ဆာရောဂါ ခံစားနေရတာဖြစ်ပြီး အောက်တိုဘာ ၇ ရက်နေ့ နံနက်ပိုင်းက မန္တလေးဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင်မှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

    Tags

    မန္တလေးမြို့ကို လက်စားချေဖို့to take revenge on MandalayFakenewsLobbymilitary lobbyစစ်တပ်လော်ဘီ
    Read Full Article
    Claim :   မန္တလေးမြို့ကို လက်စားချေဖို့ ဒေါက်တာဇော်မြင့်မောင်ရဲ့ ညီမက ပြောတယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!