BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဒေါက်တာဆာဆာက တိုက်လေယာဉ်နဲ့...
သတင်းအတု

ဒေါက်တာဆာဆာက တိုက်လေယာဉ်နဲ့ ဒရုန်းတွေ ပေးတယ်ဆိုတဲ့သတင်းအမှား

NUG အစိုးရအတွက် တိုက်လေယာဉ် အစီး ၉၀ နဲ့ ဒရုန်းအစင်း ၄၀ ပို့ပေးလိုက်တဲ့ ဒေါက်တာဆာဆာဆိုပြီး လူမှုမီဒီယာတွေပေါ် ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  24 Sept 2021 3:29 PM IST
  • ဒေါက်တာဆာဆာက တိုက်လေယာဉ်နဲ့ ဒရုန်းတွေ ပေးတယ်ဆိုတဲ့သတင်းအမှား

    ဒီသတင်းကို စက်တင်ဘာလ ၁၉ ရက်နေ့ နေ့လည်ပိုင်းမှာ စတင်ဖြန့်ဝေလာတာ ဖြစ်ပြီး ဒေါက်တာဆာဆာပုံကို အသုံးပြုကာ "NUG အစိုးရအတွက် တိုက်လေယာဉ်အစီး ၉၀ နဲ့ ဒရုန်းအစင်း ၄၀ ပို့ပေးလိုက်တဲ့ ဒေါက်တာဆာဆာ" လို့ ရေးသားဖြန့်ဝေနေတာပါ။ ဖြန့်ဝေရာမှာ အချိန် ၂၂ မိနစ်နီးပါးကြာချိန်ရှိတဲ့ ရုပ်သံဖိုင်တစ်ခုလည်း ပါဝင်ပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဖြန့်ဝေမှုမှာ ပါတဲ့ ရုပ်သံဖိုင်ကို ဝင်ရောက်ကြည့်ရှု့စစ်ဆေးကြည့်တာမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာနဲ့ လန်ဒန်အခြေစိုက် CWS ရုံးနှင့် BHRNရုံးတို့ အတူပြုလုပ်တဲ့ မြန်မာနိုင်ငံရှိ အကျပ်အတည်းများနှင့် စိန်ခေါ်မှုများအကြောင်း အွန်လိုင်းတွေ့ဆုံပွဲမှာ ဒေါက်တာဆာဆာ ပြောထားတဲ့ မိန့်ခွန်းကို ကူးယူဖတ်ပြထားတဲ့ ဖိုင်ပဲဖြစ်ပါတယ်။

    ဒီမိန့်ခွန်းထဲမှာ ဒေါက်တာဆာဆာအနေနဲ့ တိုက်လေယာဉ် အစီး ၉၀ နဲ့ ဒရုန်းအစင်း ၄၀ အကြောင်းအရာကို လုံးဝပြောထားတာ မရှိပါဘူး။ ဒီသတင်းကို လူတွေစိတ်ဝင်စားဖို့ အတုပြုလုပ်ပြီးဖြန့်ဝေထားတဲ့ သတင်းအမှားသာ ဖြစ်ပါတယ်။


    ဒီမိန့်ခွန်းကို ဒေါက်တာဆာဆာက သူ့ရဲ့တရားဝင်ဖေစ့်ဘွတ်အကောင့်မှာ စက်တင်ဘာလ ၁၈ ရက်နေ့က ဖော်ပြထားပါတယ်။ ဒီနေရာ မှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။

    Tags

    90 fighter jets40 DronesSpeechBHRN officeCWS OfficePrime ministerပြည်ထောင်စုဝန်ကြီးFakenewsFake video
    Read Full Article
    Claim :   NUG အစိုးရ အတွက် တိုက်လေယာဉ် အစီး ၉၀ နဲ့ ဒရုန်းအစင်း ၄၀ ပို့ပေးလိုက်တဲ့ ဒေါက်တာဆာဆာဆိုပြီး လူမှုမီဒီယာတွေပေါ် ရေးသားဖြန့်ဝေနေတဲ့အတွက် BOOM က သတင်းဆန်းစစ်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!