BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • NUG ကို ဒေါ်နယ်ထရမ့်...
      သတင်းအတု

      NUG ကို ဒေါ်နယ်ထရမ့် ဖိတ်ခေါ်တယ်ဆိုတဲ့ သတင်းအမှား

      အမေရိကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်က အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ဖိတ်ခေါ်တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

      By - Boom Live Myanmar |
      Published -  13 Nov 2024 8:20 PM IST
    • NUG ကို ဒေါ်နယ်ထရမ့် ဖိတ်ခေါ်တယ်ဆိုတဲ့ သတင်းအမှား

      ဒီအကြောင်းအရာကို Mandalay khitthit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ နိုဝင်ဘာ ၇ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

      ဖြန့်ဝေရာမှာ ကြာချိန် ၁၀ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'NUG ကို ထရမ့် အသိအမှတ်ပြု ဖိတ်ခေါ်ပြီ။ တရုတ်က မြန်မာပြည်သူများကို ကျူးကျော်နေပြီး အခုအချိန်မှာ NUG အစိုးရ အင်အားပြရမယ့် အချိန်ဟု တရုတ်ကို အသိပေး' လို့ ရေးသား ထားတာပါ။

      ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။

      ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

      သတင်းဆန်းစစ်ချက်

      NUG ကို ဒေါ်နယ်ထရမ့် ဖိတ်ခေါ်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

      ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ Khit Thit Media မှာ နိုဝင်ဘာ ၇ ရက်နေ့က ဖြန့်ဝေထားတဲ့ 'အမေရိကန်သမ္မတအဖြစ် ဒေါ်နယ်ထရမ့် ရွေးကောက်ခံရမှု NUG ယာယီသမ္မတက ဂုဏ်ပြုလိုက်ပြီး ခိုင်မာသော ဆက်ဆံရေး ဆက်လက်ထူထောင်ရန် မျှော်လင့်ဟုပြော ၊ မြန်မာ့အရေးနှင့် ဒုက္ခသည်များအရေး အမေရိကန်အစိုးရသစ်က လျစ်လျူရှုမည်ကို ပြည်တွင်းပြည်ပ စိုးရိမ်' ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။

      သတင်းထဲမှာ အမေရိကန်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံလိုက်ရတဲ့ ဒေါ်နယ်ထရမ့်ကို အမျိုးသားညီညွတ်ရေး အစိုးရ-NUG ယာယီသမ္မတ ဒူဝါလရှီးလက ချီးကျူးဂုဏ်ပြုကြောင်း သူရဲ့ လူမှုကွန်ရက် X အကောင့်မှ တစ်ဆင့် ထုတ်ပြန် တဲ့အကြောင်း ရေးသားထားတာပါ။

      အမေရိကန်သမ္မတအဖြစ် ပြန်လည် ရွေးကောက် အနိုင်ရရှိမှု အပေါ် ဂုဏ်ယူကြောင်း၊ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ခေါင်းဆောင်မှု အောက်မှာ အရေးကြီးပြီး ခိုင်မာတဲ့ ဆက်ဆံရေး ဆက်လက် ထူထောင်သွားဖို့ မျှော်လင့်တယ်ဆိုပြီး NUG ယာယီသမ္မတက ထုတ်ဖော်ပြောဆိုထားတာပါ။

      ဒီသတင်းထဲမှာ NUG ကို ဒေါ်နယ်ထရမ့် ဖိတ်ခေါ်တယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။

      Khit Thit Media မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

      သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

      Tags

      US Electionဒေါ်နယ်ထရမ့်ClickbaitsFakenewsတရုတ်အရေးသတင်းမှား
      Read Full Article
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!