BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဒေါ်ဇင်မာအောင်ကို ဂျပန်ရဲတွေက...
သတင်းအတု

ဒေါ်ဇင်မာအောင်ကို ဂျပန်ရဲတွေက ဖမ်းဆီးပြီး နိုင်ငံထဲက နှင်ထုတ်လိုက်တယ်ဆိုတဲ့ သတင်းအမှား

အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကို ဂျပန်ရဲတွေက ဖမ်းဆီးချုပ်နှောင်ပြီး ဂျပန်နိုင်ငံထဲက နှင်ထုတ်လိုက်တယ်ဆိုတဲ့ သတင်းအမှားတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  1 Dec 2023 8:30 PM IST
  • ဒေါ်ဇင်မာအောင်ကို ဂျပန်ရဲတွေက ဖမ်းဆီးပြီး နိုင်ငံထဲက နှင်ထုတ်လိုက်တယ်ဆိုတဲ့ သတင်းအမှား

    အဆိုပါ သတင်းအတုကို နိုဝင်ဘာလ ၂၉ ရက်နေ့မှာ စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေကနေတဆင့် လူမှုကွန်ယက်ပေါ်ကို ဖြန့်ဝေထားကြတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ဒေါ်ဇင်မာအောင် က အခမ်းအနားပွဲထဲကနေ လုံခြုံရေး တာဝန်ယူထားတဲ့ သူ နှစ်ယောက်ခြံရံပြီး ထွက်ခွါသွားတဲ့ Video အတိုလေး တစ်ပုဒ်နဲ့ ဖြန့်ထားတာ ဖြစ်ပြီး “NUG အကြမ်းဖက်အဖွဲ ခေါင်းဆောင်တဦးဖြစ်တဲ့ (ဇင်မာအောင်ဆိုသူအမျိုးသမီး ) ဂျပန်မှာ စကားပြောပွဲလုပ်နေစဉ် ဂျပန်လျှိုဝှက်ရဲတပ်ဖွဲက ဝင်ရောက်ဖမ်းဆီးပြီး ဂျပန်နိူင်ငံကနေ နှင်ထုတ်လိုက်တယ်လိုသိရပါတယ်” (အသုံးအနှုန်း မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ သတင်းအတုကို တယ်လီဂရပ်ချန်နယ်တွေအပြင်၊ ဖေ့စ်ဘွတ်အကောင့်တုပေါင်းများစွာနဲ့ပါ လူမှုကွန်ယက်ပေါ် ဖြန့်ဝေထားကြပါတယ်။

    သတင်းဆန်းစစ်ချက်

    အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကို ဂျပန်ရဲတွေက ဖမ်းဆီးချုပ်နှောင်ပြီး ဂျပန်နိုင်ငံထဲက နှင်ထုတ်လိုက်တယ်ဆိုတဲ့ အ‌ကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ ဝါဒဖြန့် သတင်းတစ်ပုဒ် ဖြစ်တာကို တွေ့ရပါတယ်။

    ဒေါ်ဇင်မာအောင်ဟာ နိုဝင်ဘာလထဲမှာ ဂျပန်နိုင်ငံကို ရောက်ရှိနေပြီး ၁၉ ရက်နေ့မှာ မြန်မာနိုင်ငံသားတွေနဲ့ မြန်မာအရေးစိတ်ဝင်စားတဲ့ ဂျပန်နိုင်ငံသားတွေနဲ့ တွေ့ဆုံပွဲ တစ်ရပ် ပြုလုပ်ခဲ့ပါတယ်။


    အဆိုပါ တွေ့ဆုံပွဲကို ဂျပန်နိုင်ငံ Tokyo မြို့က Ushigome Tansu Civic Hall မှာ ကျင်းပခဲ့တာဖြစ်ပြီး ဒေါ်ဇင်မာအောင်က လက်ရှိမြန်မာနိုင်ငံအတွင်း ပြည်သူလူထု ကြုံတွေ့နေရတဲ့ ပကတိအခြေအနေတွေ၊ NUG အစိုးရရဲ့ နိုင်ငံခြားရေးရာ မူဝါဒတွေကို ရှင်းလင်းပြောကြားကာ တက်ရောက်လာသူတွေရဲ့ မေးခွန်းတွေကို ပြန်လည်ဖြေကြားခဲ့ပါတယ်။


    ဒီတွေ့ဆုံပွဲက အပြန်မှာ ပွဲတက်ရောက်လာသူတွေက ဒေါ်ဇင်မာအောင်ကို လိုက်လံနုတ်ဆက်တာတွေ၊ လက်ဆောင်ပန်းစည်းပေးတာတွေ ပြုလုပ်ခဲ့ပြီး ဒေါ်ဇင်မာအောင်က အနီးကပ် လုံခြုံရေးတာဝန်ယူထားပေးသူ နှစ်ယောက်နဲ့ ပွဲအတွင်းက ပြန်လည်ထွက်ခွါသွားခဲ့တာ ဖြစ်ပါတယ်။


    သတင်းအမှားဖြန့်သူတွေက လုံခြုံရေး နှစ်ဦးခြံရံပြီး ပွဲအတွင်းက နုတ်ဆက်ထွက်ခွါသွားတဲ့ Video အတိုလေးကိုယူပြီး အခုလို သတင်းအမှားဖြန့်ထားခဲ့တာ ဖြစ်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့အဖွဲ့တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာတော့ စစ်ကောင်စီအတွက် ဝါဒဖြန့်ပေးနေတဲ့ တယ်လီဂရမ်ချန်နယ်တွေ၊ မည်သူမည်ဝါမှန်းဖော်ပြထားခြင်းမရှိတဲ့ ဖေ့စ်ဘွတ်အကောင့်တွေ ဖြစ်တာကို တွေ့ရပြီး စစ်ကောင်စီကို ထောက်ခံအားပေးတဲ့ ဝါဒဖြန့်သတင်းတွေ သတင်းအမှားတွေ ဆက်တိုက်ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    Fake newsPropagandaMilitaryCoupNUGMinister of Foreign Affairsသတင်းအမှားစစ်ကောင်စီအာဏာသိမ်းအမျိုးသားညီညွတ်ရေးအစိုးရဂျပန်နိုင်ငံ
    Read Full Article
    Claim :   ဒေါ်ဇင်မာအောင်ကို ဂျပန်ရဲတွေက ဖမ်းဆီးချုပ်နှောင်ပြီး ဂျပန်နိုင်ငံထဲက နှင်ထုတ်
    Claimed By :  Facebook, Telegram, TikTok
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!