BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဒေါ်အောင်ဆန်းစုကြည်ရဲ့...
သတင်းအတု

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပိုင်ဆိုင်မှုတွေ ချိတ်ပိတ်မယ်ဆိုတဲ့ သတင်းအမှား

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပိုင်ဆိုင်မှုတွေ ချိပ်ပိတ်မယ်လို့ ဖြန့်ဝေထားတဲ့ သတင်းအမှားတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  8 March 2022 2:19 PM IST
  • ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပိုင်ဆိုင်မှုတွေ ချိတ်ပိတ်မယ်ဆိုတဲ့ သတင်းအမှား

    အဆိုပါ သတင်းအမှားကို ဖေဖော်ဝါရီလ ၂၀ ရက်ဝန်းကျင်ခန့်မှာ စတင်ဖြန့်ဝေခဲ့ကြတာ ဖြစ်ပြီး သတင်းအမှားရဲ့ ခေါင်းစဉ်မှာ "နိုင်ငံတော်ပိုင်အဖြစ် ချိတ်ပိတ်သိမ်းဆည်းမည့် အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း၏ ပိုင်ဆိုင်မှုများ" လို့ ရေးသားထားပြီး သတင်းအမှားရဲ့ အတွင်းမှာတော့ "1. ရန်ကုန်တိုင်းဒေသကြီး၊ တက္ကသိုလ်ရိပ်သာလမ်း၊ ခြံအမှတ် ၅၄ ၊ အိမ်နှင့်ခြံ (အနည်းဆုံး ကာလပေါက်ဈေး ခန့်မှန်း) သိန်းပေါင်းတစ်သိန်း၊ 2. ပုပ်ပါးနယျမှ ခြံ ၂.၅ ဧကခြံ (အနည်းဆုံး ကာလပေါက်ဈေး ခန့်မှန်း)သိန်း ၄၈၀၀ အထက်၊ 3. လက်ရှိ ရွှေဂုံတိုင်က NLD ပါတီရုံးချုပ် (အနည်းဆုံး ကာလပေါက်ဈေး ခန့်မှန်း) သိန်း ၂၀၀၀၀ အထက်၊ 3. နေပြည်တော်၊ လရောင်တော မြေ ဧက ၉၀ ကျော် (အနည်းဆုံး ကာလပေါက်ဈေး ခန့်မှန်း) တစ်ဧကလျှင် သိန်း ၄၀၀၀ ဖြင့်...၊ 4. နေပြည်တော်၊ NLD ပါတီရုံးမြေ ၁၆ ဧက ၊ (အနည်းဆုံးကာလပေါက်ဈေး ခန့်မှန်း) သိန်း ၅၀၀၀၀ ၊ 5. နိုင်ငံတော် အတိုင်ပင်ခံလစာ ၄၅ သိန်း ၊ အပြင် ဝတ်စုံစားရိတ်တို့ စားစရိတ်တို့ ပြည်ထောင်စုဝန်ကြီးဌာန နှစ်ခုစာလစာနှင့် ဗဟို ကော်မတီဥက္ကဋ္ဌလစာ တစ်လသိန်း ၃၀ ရေငြမ်ား(Bank Account ဖြင့်)၊ 6. နိုဗယ္ဆုမွရေငြမ်ား၊ စာအုပ်ရောင်းရငွေများ (Bank Account ဖြင့်)၊ 7. ရန်ကုန်တိုင်းဒေသကြီး၊ တက္ကသိုလ်ရိပ်သာလမ်းနှင့် နေပြည်တော်၊ ရာဇာဌာနီလမ်းမှ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမြေနေရာ နိုင်ငံပိုင်မြေများ" (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာ မှာကြည့်ပါ။

    အဆိုပါ သတင်းအမှားကို ဖေ့စ်ဘွတ်အကောင့်ပေါင်းများစွာက ထပ်ဆင့်ဝေမျှခြင်း ကူးယူဖော်ပြခြင်းတွေ ပြုလုပ်နေကြပါတယ်။

    သတင်းဆန်းစစ်ချက်

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ပိုင်ဆိုင်မှုတွေ ချိပ်ပိတ်သိမ်းဆည်းမယ်လို့ ဖြန့်ဝေထားတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝါဒဖြန့်ဖို့ လုပ်ကြံရေးသားထားတဲ့ သတင်းအမှား ဖြစ်တာကို တွေ့ရပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပိုင်ဆိုင်မှုနဲ့ ပုပ္ပါးက မြေကွက်ကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို လှူဒါန်းထားပြီး အဆိုပါ နေရာတွေမှာ သက်မွေးသင်တန်းကြောင်းတွေ ဖွင့်လှစ်ထားရှိခဲ့တာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပိုင်ဆိုင်မှုတွေကို လှူဒါန်းခဲ့တဲ့ သတင်းကို အောက်ဖော်ပြပါ Link မှာ ဖတ်ပါ။

    နေအိမ်များနှင့် ငွေအားလုံးနီးပါး ဒေါ်အောင်ဆန်းစုကြည် လှူဒါန်းခဲ့

    စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကို အမှု့ပေါင်း ၁၁ မှုနဲ့ တရားစွဲဆိုထားပြီး လက်ရှိမှာ အမှု ၅ မှုအတွက် ထောင်ဒဏ် စုစုပေါင်း ၆ နှစ် ချမှတ်ခံထားရပါတယ်။ ပြီးခဲ့တဲ့ တစ်ပါတ်ရုံးချိန်းမှာတော့ ဦးဖြိုးမင်းသိန်း ထံက ဒေါ်လာနဲ့ ရွှေတွေယူခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်ကို ဒေါ်အောင်ဆန်းစုကြည်က တရားရုံးမှာ ငြင်းဆိုထားပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားစွဲဆိုထားမှုတွေ အမိန့်ချမှတ် ထားမှုတွေအကြောင်း ရေးသားထားတဲ့ Rfa သတင်းကို ဒီ Link မှာ ဖတ်ပါ။

    စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးပြီ အမှုပေါင်းများစွာနဲ့ တရားစွဲဆိုကာ အမိန့်တွေ ချမှတ်နေပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပိုင်ဆိုင်မှုတွေကို ချိပ်ပိတ်မယ်လို့ ပြောဆိုထားခြင်း တစ်စုံတစ်ရာ မရှိသေးသလို မည်သည့် သတင်းဌာနမှာမှ ဖော်ပြထားခြင်း မရှိသေးပါဘူး။

    ဒီရက်ပိုင်းအတွင်းမှာ စစ်ကောင်စီကို ဆန့်ကျင်တဲ့သူတွေရဲ့ နေအိမ်တွေကို ချိပ်ပိတ်သိမ်းဆည်းမှုတွေ ရှိနေပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပိုင်ဆိုင်မှုတွေအပေါ် ချိပ်ပိတ်ခြင်း သိမ်းဆည်းခြင်း မရှိသေးပါဘူး။ သတင်းအမှားဖြန့်သူတွေရဲ့ ဝါဒဖြန့် ရေးသားထားခြင်း သက်သက်သာ ဖြစ်ပါတယ်။

    Tags

    Fake newsMilitaryState CounselorCoupသတင်းအတုနေအိမ်ချိပ်ပိတ်စစ်တပ်အာဏာသိမ်းဖမ်းဆီးconfiscated
    Read Full Article
    Claim :   နိုင်ငံတော်ပိုင်အဖြစ် ချိတ်ပိတ်သိမ်းဆည်းမည့် အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း၏ ပိုင်ဆိုင်မှုများ
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!