BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဒေါ်အောင်ဆန်းစုကြည် ဖမ်းဝရမ်း...
သတင်းအတု

ဒေါ်အောင်ဆန်းစုကြည် ဖမ်းဝရမ်း ရုတ်သိမ်းလိုက်တယ်ဆိုတဲ့ သတင်းအမှား

ငြိမ်းချမ်း‌ရေး နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အပေါ် ဖမ်းဝရမ်းထုတ်ဖို့ အမိန့်ချမှတ်ထားတာကို တရားရုံးက အပြီးသတ် လွတ်ငြိမ်းပေးလိုက်တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  24 Feb 2025 8:56 PM IST
  • ဒေါ်အောင်ဆန်းစုကြည် ဖမ်းဝရမ်း ရုတ်သိမ်းလိုက်တယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို Mandalay khithit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၁၀ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ဖမ်းဝရမ်း အပြီးသတ်ရုတ်သိမ်း။ ငြိမ်းချမ်း‌ရေး နိုဗယ်ဆုရှင်ကို တရားခုံရုံးက အပြီးသတ် လွတ်ငြိမ်းပေး။ စစ်အုပ်စုကတော့ အပြီးသတ် စီရင်ခံရ' လို့ ရေးသား ထားတာပါ။

    ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။

    ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒေါ်အောင်ဆန်းစုကြည် ဖမ်းဝရမ်း ရုတ်သိမ်းလိုက်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ ဘီဘီစီသတင်းဌာနမှာ ဖေဖော်ဝါရီ ၁၉ ရက်နေ့က ဖော်ပြထားတဲ့ 'ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော်အပေါ် အာဂျင်တီးနား ဖမ်းဝရမ်းရုပ်သိမ်းဖို့ NUG တောင်းဆို' ဆိုတဲ့ သတင်းကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။

    သတင်းထဲမှာ ရခိုင်ပြည်နယ်၊ မောင်တောဒေသမှာ ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ဆက်စပ်ပြီး အာဂျင်တီးနားတရားရုံးက ထုတ်လိုက်တဲ့ဖမ်းဝရမ်းထဲကနေ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးထင်ကျော်ကို ရုပ်သိမ်းပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်တောင်းဆိုလိုက်တဲ့ အကြောင်း ရေးသားထားတာပါ။

    ဒီသတင်းထဲမှာဒေါ်အောင်ဆန်းစုကြည် ဖမ်းဝရမ်း ရုတ်သိမ်းလိုက်တယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြား ယုံကြည် စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။

    ဘီဘီစီသတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    Arrest warrantဖမ်းဝရမ်းထုတ်အမှုရုတ်သိမ်းသတင်းတုFakenewsလွတ်ငြိမ်းခွင့်
    Read Full Article
    Claim :   ဒေါ်အောင်ဆန်းစုကြည် ဖမ်းဝရမ်း ရုတ်သိမ်းလိုက်တယ်လို့ဆို
    Claimed By :  Facebook, Website, Youtube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!