BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • နိုင်ငံရေးအထောက်အပံ့ပေးဖို့...
သတင်းအတု

နိုင်ငံရေးအထောက်အပံ့ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က တောင်ကိုရီးယားကို တောင်းဆိုမယ်ဆိုတဲ့သတင်းအမှား

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ တောင်ကိုရီးယားနိုင်ငံကို သွားရောက်ပြီး အထွေထွေရွေးကောက်ပွဲရလဒ်ကို လက်ခံပေးရန်နှင့် နိုင်ငံရေးအထောက်အပံ့များ ဆက်လက်ကူညီပေးရန် တောင်းဆိုမယ်ဆိုပြီး ရေးသားဖြန့်ဝေနေမှုတွေ ရှိပါတယ်။

By - Boom Live Myanmar |
Published -  26 Jan 2021 10:13 AM IST
  • နိုင်ငံရေးအထောက်အပံ့ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က တောင်ကိုရီးယားကို တောင်းဆိုမယ်ဆိုတဲ့သတင်းအမှား

    ဒီသတင်းကို Newpoermedia ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်ကနေ ဇန်နဝါရီလ ၁၈ ရက်နေ့ နံနက်ပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ကူးယူဖြန့်ဝေနေမှုတွေလည်း ရှိနေပါတယ်။

    ရေးသားဖြန့်ဝေရာမှာ "နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်ပနိုင်ငံတွေကို ခရီးသွားမယ်လို့ သတင်းရရှိထားပြီး ဇန်နဝါရီလ ၂၁ ရက်နေ့မှာ တောင်ကိုရီးယားနိုင်ငံကို စတင်သွားရောက်မှာဖြစ်ကြောင်း၊ ကျန်းမာရေးစစ်ဆေးမှုခံယူရန်သွားရောက်မှာဖြစ်တယ်လို့ အကြောင်းပြထားပေမယ့် တကယ်တမ်းမှာ ကိုးရီးယားခေါင်းဆောင်တွေအနေနဲ့ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ ရလဒ်ကို လက်ခံပေးရန်နဲ့ နိုင်ငံရေးအထောက်အပံ့တွေ ဆက်လက်ကူညီပေးရန်တောင်းဆိုဖို့ဖြစ်နိုင်ကြောင်း၊ တောင်ကိုရီးယား နိုင်ငံမှ တစ်ဆင့် အခြားနိုင်ငံတွေကိုသွားရောက်ဖို့ရှိပေမယ် ဘယ်နိုင်ငံကို ဆက်သွားမယ်ဆိုတာ အတည်မပြုနိုင်သေးကြောင်း၊ Covid19 ကပ်ရောဂါဖြစ်ပွားနေချိန် နိုင်ငံအချို့မှ ပြည်တွင်းပြည်ပ ခရီးစဉ်များပိတ်သိမ်းထားချိန်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ ဥရောပနဲ့ အနောက်နိုင်ငံအချို့ကိုသွားဖို့လည်း ကမ်းလှမ်းထားတာတွေရှိနေကြောင်း" ရေးသားထားတာပါ။

    ရေးသားဖြန့်ဝေနေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒီကာလအတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာပြည်ပခရီးသွားထားခြင်းမရှိပါဘူး။ဒါ့အပြင်အထက်ပါအကြောင်းအရာထဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဇန်နဝါရီလ ၂၁ ရက်နေ့မှာ တောင်ကိုရီးယားနိုင်ငံကို သွားရောက်မယ်ဆိုပေမယ့် ယခု ဇန်နဝါရီ ၂၆ ရက်နေ့အထိ သွားရောက်ခြင်းမရှိထားပါဘူး။။လို နိုင်ငံတော်အတိုင်ပင်ခံရုံးရဲ့ တရားဝင် ဖေစ့်ဘွတ်ပေချ့်မှာလည်း ပြည်ပခရီးစဉ်နဲ့ ပတ်သက်တဲ့ မည်သည့်ကြေငြာချက်မှ ထုတ်ပြန်ထားခြင်း မရှိတာကို တွေ့ရပါတယ်။

    Myanmar State Counsellor Office ဖေစ့်ဘွတ်ပေချ့်ကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ရလဒ်ကို လက်ခံခြင်း မခံခြင်းနဲ့ ပါတ်သတ်ပြီး နေပြည်တော် သမ္မတအိမ်တော်မှာ ဇန်နဝါရီလ ၈ ရက်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူဦးဇော်ဌေးက "အသိအမှတ်ပြုသည် ဖြစ်စေ၊ မပြုသည်ဖြစ်စေ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခု တည်ဆဲဥပဒေအရ ခုလွှတ်တော် ခေါ်တယ်၊ ရွေးချယ်ပွဲတွေ လုပ်သွားမယ်" လို့ ပြောဆိုထားတဲ့အတွက် ပြည်ပနိုင်ငံတွေ လက်ခံပေးဘို့ သွားရောက်တောင်းဆို မယ်ဆိုတာ မဖြစ်နိုင်တဲ့ အချက်ဖြစ်ပါတယ်။


    7 Day News သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းအရ ၂၀၀၈ ဖွဲ့စည်းပုံးအခြေခံ ဥပဒေအရ လွှတ်တော်ဥက္ကဋ္ဌများ တင်မြှောက်ခြင်း၊ သမ္မတရွေး ချယ်ခြင်း လုပ်ငန်းစဉ်များကို ဆက်လက်ပြုလုပ်သွားမှာဖြစ်ပြီး အစိုးရ ကူးပြောင်းရေးအတွက် လည်း အခက်အခဲလုံးဝမရှိ ကြောင်း ဦးဇော်ဌေးကပြောကြားကြောင်း ရေးသားဖော်ပြထားပါတယ်။

    သတင်းကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    Tags

    political supportနိုင်ငံရေးအထောက်အပံ့ရွေးကောက်ပွဲရလဒ်ကျန်းမာရေးစစ်ဆေးမှုခံယူfake newsMyanmar State Counsellor Office
    Read Full Article
    Claim :   နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ တောင်ကိုရီးယားနိုင်ငံကို သွားရောက်ပြီး အထွေထွေရွေးကောက်ပွဲရလဒ်ကို လက်ခံပေးရန်နှင့် နိုင်ငံရေးအထောက်အပံ့များ ဆက်လက်ကူညီပေးရန် တောင်းဆိုမယ်ဆိုပြီး လူမှုမီဒီယာတွေပေါ်မှာ ရေးသားဖြန့်ဝေနေမှုတွေ ရှိနေတဲ့အပေါ် BOOM က သတင်းဆန်းစစ်ချက် ပြုလုပ်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!