BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • ဒေါ်အောင်ဆန်းစုကြည် Covid...
      သတင်းအတု

      ဒေါ်အောင်ဆန်းစုကြည် Covid ကူးစက်ခံရတယ်ဆိုတဲ့ သတင်းအမှား

      နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုဗစ်ရောဂါ ကူးစက်ခံထားရတယ်ဆိုတဲ့ သတင်းအမှားတစ်ပုဒ် ဖြန့်ဝေထားကြပါတယ်။

      By - Boom Live Myanmar |
      Published -  21 April 2022 11:05 PM IST
    • ဒေါ်အောင်ဆန်းစုကြည် Covid ကူးစက်ခံရတယ်ဆိုတဲ့ သတင်းအမှား

      အဆိုပါ သတင်းအမှားကို မတ်လ ၃၀ ရက်နေ့မှာ Moe Nat Min ဆိုတဲ့ website က တင်ထားတာဖြစ်ပြီး သတင်းအမှားရဲ့ ခေါင်းစဉ်မှာ "ကိုဗစ်ကူးစက်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်" လို့ ရေးသားထားပါတယ်။ သတင်းအမှားရဲ့ အတွင်းမှာတော့ "မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကိုဗစ်ကူးစက်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူနေထိုင်သူတွေမှာ ကိုဗစ်ပိုး တွေ့လို့ ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ကို မနေ့က မတ်လ ၂၈ ရက်နေ့က ရုံးမထုတ်ခဲ့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် မှာလည်း ကိုဗစ်ပိုးတွေ့ရတယ်လို့ နေပြည်တော်က လာတဲ့ သတင်းတွေက ဆိုပါတယ်…" လို့ ရေးသားထားပါတယ်။

      မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

      အဆိုပါ Website မှာ တင်ထားတဲ့ သတင်းအမှားကို ဖေ့စ်ဘွတ်အကောင့်တုတွေနဲ့ လူများတဲ့ group တွေထဲကို ဖြန့်ဝေထားကြပါတယ်။

      သတင်းဆန်းစစ်ချက်

      နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုဗစ်ရောဂါကူးစက်ခံထားရတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ သတင်းအမှားဖြစ်ကြောင်းတွေ့ရပါတယ်။

      မတ်လ ၂၀ ကျော်ဝန်ကျင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူနေထိုင်သူတွေ ဖျားနာမှုတွေ ရှိခဲ့တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို တစ်ပါတ်ကြာ ကွာရတင်းသဘောနဲ့ ထားရှိခဲ့ပြီး မတ်လ ၂၄ ရက်နေ့က စပြီး တရားရုံးချိန်းတွေ ရွေ့ဆိုင်းခဲ့တာ ဖြစ်ပါတယ်။

      အဆိုပါ ရုံးချိန်း ရွေ့ဆိုင်းခဲ့မှုကြောင့် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးမကောင်းလို့ ရွေ့ဆိုင်းတာလို့ ကောလဟာလတွေထွက်ခဲ့သလို ကိုဗစ်ရောဂါ ကူးစက်ခံထားရတယ်ဆိုတဲ့ သတင်းအမှားတွေလည်း ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ မတ်လ ၃၁ ရက်နေ့မှာတော့ Covid ကူးစက်ခံထားရခြင်း မရှိကြောင်း အတည်ပြုနိုင်ခဲ့ပြီး ရုံးချိန်းတွေ ပြန်တက်ခဲ့တာ ဖြစ်ပါတယ်။

      ဧရာဝတီ သတင်းဌာနက ဖော်ပြထားတဲ့ ဒေါ်အောင်ဆန်းစုကြည် Covid ကူးစက်ခံရခြင်း မရှိလို့ ရုံးချိန်းပြန်တက်တဲ့အကြောင်း ရေးထားတဲ့ သတင်းကို ဒီ Link မှာ ဖတ်ပါ။

      သတင်းအမှားဖြန့်ထားတဲ့ website ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ သတင်းအမှားတွေဖြန့်ပြီး ဝင်ရောက်ကြည့်ရှု့သူ အရေအတွက်က ငွေပြန်ရတဲ့ Clickbiat ဝဘ်ဆိုက် တစ်ခုဖြစ်တာကို တွေ့ရပါတယ်။

      Tags

      False newsDaw Aung San Suu KyiCovid 19TrialCoupArrestMlitaryသတင်းအမှားCovid ကူးစက်စစ်ကောင်စီအာဏာသိမ်း
      Read Full Article
      Claim :   ကိုဗစ်ကူးစက်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်
      Claimed By :  facebook
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!