BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ရွှေတိဂုံဘုရားကရွှေတွေ...
သတင်းအတု

ရွှေတိဂုံဘုရားကရွှေတွေ ဒေါ်စုယူတယ်လို့ လုပ်ကြံရေးသားတဲ့ သတင်းအတု

သာသနာရေး ပြည်ထောင်စုဝန်ကြီးဟောင်း သူရဦးအောင်ကိုက ဒေါ်အောင်ဆန်းစုကြည်ကို ရွှေတန်ချိန် ၄၀ ပေးခဲ့လို့ အဂတိလိုက်စားမှု တစ်မှု ထပ်တိုးပြီး တရားစွဲခံရတယ်လို့ သတင်းအမှား ဖြန့်ဝေမှု တစ်ချို့တွေ့နေရပါတယ်။

By - Boom Live Myanmar |
Published -  15 Dec 2021 7:28 PM IST
  • ရွှေတိဂုံဘုရားကရွှေတွေ ဒေါ်စုယူတယ်လို့ လုပ်ကြံရေးသားတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို သတင်းအမှားတွေ မကြာခဏဖြန့်လေ့ရှိတဲ့ True News ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က ဒီဇင်ဘာလ ၁၃ ရက်နေ့ ည ၉ နာရီ ၁၇ မိနစ်မှာ ရေးသားဖြန့်ဝေခဲ့တာ ဖြစ်ပြီး ၎င်းသတင်းအမှားထဲမှာ "ရွှေတိဂုံဘုရား ရွှေတန်ချိန်(၄၀)ကို ဦးအောင်ကိုက ဒေါ်စုတောင်းလို့ ပေးရပါကြောင်း ဝန်ခံထွက်ဆိုလာမူ့ကြောင့် နောက်တစ်မူ့ထက်တိုးဟု သိရှိရ" လို့ ရေးသားထားပါတယ်။ နောက်ထပ် ဖေ့စ်ဘွတ်အကောင့်တစ်ခုဖြစ်တဲ့ ရိုးမသစ္စာဆိုတဲ့ နာမည်နဲ့ ဖေ့စ်ဘွတ်အကောင့်က အဆိုပါသတင်းအမှားကို ကူးယူဖော်ပြပြီး "နိုင်ငံကို ရောင်းစားဖို့တင်မကဘဲ ဘုရားရွှေတောင် အလွှတ်မပေးပါလား" ဆိုပြီး ဖြည့်စွက်ရေးသားကာ ဖြန့်ဝေထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။ အဆိုပါ သတင်းအမှားကို True News ဖေ့စ်ဘွတ်ပေ့ချ်ကနေ ကူးယူဖော်ပြသူ အနည်းငယ်သာရှိပေမယ့် ရိုးမသစ္စာဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က တင်ထားတဲ့ သတင်းအမှားကိုတော့ like လုပ်ထားသူ ၁၀၀ ကျော်ရှိကာ ထပ်ဆင့်မျှဝေသူများရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    သူရဦးအောင်ကိုက ဒေါ်အောင်ဆန်းစုကြည်ကို ရွှေတန်ချိန် ၄၀ ပေးခဲ့တာဝန်ခံခဲ့လို့ တစ်မှုထပ်တိုးတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝါဒဖြန့်ထားတဲ့ သတင်းအမှားဖြစ်ကြောင်းတွေ့ရပါတယ်။

    သူရဦးအောင်ကို ကို တရာစွဲထားတဲ့အမှုဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မသက်ဆိုင်သလို ရွှေတိဂုံဘုရားက ရွှေနဲ့လည်း မသက်ဆိုင်ပါဘူး။ သူရဦးအောင်ကိုဟာ စစ်တပ်ရဲ့ ခါးပိုက်ဆောင် မသဘအဖွဲ့ကို ဖျက်သိမ်းခဲ့တဲ့အတွက် အညိုးနဲ့ ဖမ်းခံရတာဖြစ်တယ်လို့ Myanmar Now သတင်းဌာနကရေးသားတဲ့ ဆောင်းပါးတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။ သူရဦးအောင်ကိုအကြောင်း Myanmar Now က ရေးသားထားတဲ့ သတင်းကို အောက်ပါ link မှာ ကြည့်ပါ။

    ရန်ငြိုးဖြင့် ဖမ်းဆီးခံထားရသည့် သူရဦးအောင်ကို၏ အကျဉ်းစံဘဝ

    သူရဦးအောင်ကို ကို စစ်ကောင်စီက တာဝန်ထမ်းဆောင်ချိန်မှာ နိုင်ငံတော်က လူပုဂ္ဂိုလ်တွေဆီကို ဘွဲ့တံဆိပ်တွေ ချီးမြှင့်ပေးအပ်ချိန် ငွေကြေးနဲ့ လက်ဆောင်ပစ္စည်းတွေ လက်ခံရယူခဲ့တယ်လို့ စွပ်စွဲပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နဲ့ တရားစွဲကာ ဖမ်းဆီးထိန်းသိမ်းထားတာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုတွေနဲ့ သက်ဆိုင်ခြင်း မရှိပါဘူး။ သူရဦးအောင်ကို ကို ပုဒ်မ ၅၅ နဲ့ တရားစွဲဆိုထားတဲ့အကြောင်း ဒီ Link မှာ ကြည့်ပါ။

    သတင်းအမှားဖြန့်သူတွေ ဖြန့်ဝေထားတဲ့ အကြောင်းအရာဟာ စိတ်ကူးသက်သက်နဲ့ လုပ်ကြံရေးသားထားခြင်းသာဖြစ်ပြီး မည်သည့် သတင်းမီဒီယာကမှလည်း ဒီအကြောင်းအရာကို ရေးသားဖော်ပြထားခြင်း မရှိပါဘူး။

    ရွှေတိဂုံဘုရားက ရွှေတွေကို စစ်ကောင်စီက ယူသုံးတယ်ဆိုတဲ့ ပြောဆိုမှုတွေဟာ လူမှုကွန်ယက်ပေါ်မှာ မကြာခဏ ထွက်ပေါ်လာလေ့ရှိပါတယ်။ စစ်ကောင်စီထောက်ခံသူတွေကလည်း အခုလိုမျိုး တန်ပြန်သတင်းအမှား ပြန်ဖြန့်လေ့ရှိပါတယ်။ ဒါ့အပြင် ၎င်းရေးသားထားတဲ့ တန် ၄၀ ဆိုတဲ့ ကိန်းဂဏန်းတန်ဖိုးဟာ ကုန်တင်ကားကြီးတွေနဲ့ တိုက်ရမယ့် ပမာဏသာဖြစ်ပြီး ကျိုးကြောင်းစီလျှော်မှုမရှိတဲ့ ရေးသားချက်သာ ဖြစ်ပါတယ်။

    နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက မတရားသဖြင့် ဖမ်းဆီးကာ အမှု ၁၂ မှုနဲ့ တရားစွဲဆိုထားပါတယ်။ ဖေဖော်ဝါရီ ၁ ရက်နေ့က တရားမဝင်စကားပြောစက် (၁၀)လုံး နဲ့ Jammer တစ်စုံ တွေ့လို့ ဆိုပြီး ဆက်သွယ်ရေးဥပဒေနဲ့ စွဲဆိုတာဟာ ပထမဆုံးအမှုဖြစ်ပါတယ်။ အဆိုပါ စကားပြောစက်တွေအကြောင်းပြကာ မတ်လမှာ ပို့ကုန်သွင်းကုန် ဥပဒေနဲ့ ထပ်မံတရားစွဲပါတယ်။

    ဒါ့အပြင် ၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင်ကလုပ်ခဲ့တဲ့ စည်းရုံးရေးကိစ္စ နှစ်ခုနဲ့ပတ်သက်ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ နဲ့ နှစ်မှု ထပ်တပ်ကာ ယမန်နှစ် စက်တင်ဘာ ၁၉ ရက်နေ့မှာ စည်းရုံးရေးယာဉ်တန်းကို လက်ပြတဲ့အတွက် ၁ မှု၊ ရွှေကြာပင် ရပ်ကွက်ထဲ တစ်အိမ်တက်ဆင်း မဲဆွယ်တယ်လို့ဆိုကာ ပုဒ်မ ၂၅ နဲ့ ပဲ ထပ်စွဲပြီး ၊ ပုဒ်မ ၅၀၅ ၊ နိုင်ငံတော်လျှို့ဝှက်အက် ဥပဒေ ၁၂၄၊ ဦးဖြိုးမင်းသိန်းနဲ့ သက်ဆိုင်တဲ့ အဂတိလိုက်စားမှု တစ်မှု၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ သက်ဆိုင်တဲ့ အဂတိလိုက်စားမှု ၃ မှု တို့နဲ့ စုစုပေါင်း အမှု ၁၁ မှု အပြင် နိုဝင်ဘာလ ၃၀ ရက်နေ့မှာ နိုင်ငံပိုင် ရဟက်ယာဉ် ဝယ်ယူမှုကြောင့် အဂတိမှု တစ်နဲ့ တရားစွဲဆိုခံထားရတာ ဖြစ်ကာ စုစုပေါင်း ၁၂ မှုနဲ့ တရားစွဲဆိုခံထားရပြီး အမှု ၂ မှုအတွက် ထောင် ၄ နှစ်ချကာ နောက်ပိုင်းမှာ ၂ နှစ်လို့ ပြောင်းလဲခဲ့ပါတယ်။




    Tags

    False newsDaw Aung San Suu Kyitaking goldShwedagon PagodaCoupMilitaryသတင်းအမှား
    Read Full Article
    Claim :   သူရဦးအောင်ကိုက ဒေါ်အောင်ဆန်းစုကြည်ကို ရွှေတန်ချိန် ၄၀ ပေးခဲ့တာဝန်ခံခဲ့လို့ တစ်မှုထပ်တိုးတယ်ဆိုတဲ့ အကြောင်းအရာဟာ သတင်းအမှားဖြစ်ပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!