BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဒေါ်စုရဲ့အင်္ဂလန်ခရီးစဉ်ကပုံကို...
သတင်းအတု

ဒေါ်စုရဲ့အင်္ဂလန်ခရီးစဉ်ကပုံကို အသုံးချပြီး သတင်းအမှားဖြန့်

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်နိုင်ငံ ပင်တံခွန် စစ်ဌာနချုပ်မှာ မြန်မာနိုင်ငံမြေပုံပြပြီး အပြန်မှာ ရခိုင်ပြည်နယ် အရေးအခင်း ဖြစ်တယ်လို့ ဖြန့်ထားတဲ့ သတင်းအမှားတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  8 March 2022 2:24 PM IST
  • ဒေါ်စုရဲ့အင်္ဂလန်ခရီးစဉ်ကပုံကို အသုံးချပြီး သတင်းအမှားဖြန့်

    အဆိုပါ သတင်းအမှားကို တစောက်ကမ်းငထွား ဆိုတဲ့အမည်နဲ့ ဖေ့စ်ဘွတ်အကောင့်တု တစ်ခုက ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ စတင်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံခြားတိုင်းပြည်တစ်ခုက စစ်သားတွေပါရှိတဲ့ အခန်းတစ်ခုထဲမှာ မြေပုံအကြီးတစ်ချပ်ကို ကြည့်နေတဲ့ ဓါတ်ပုံ တစ်ပုံကို တွဲတင်ထားပြီး ၎င်းဓါတ်ပုံနဲ့အတူ "ဒေါ်စုဘာမြေပုံတွေကြည့်နေသလဲ မြန်မာနိုင်ငံမြေပုံပေါ့။ ဒါဘယ်နေရာလဲ။ ပင်တဂွန်စစ်ဌာနချုပ်ထဲမှာပေါ့။ ဒီခရီးစဥ်ကအပြန် ဘာဖြစ်လာလဲ။ရခိုင်ပြည်နယ်အရေးအခင်းထ ဖြစ်ပါတယ်။ ဒေါ်စုကြည်ပင်တဂွန်စစ်ဌာနချုပ်ထဲအထိ ဘာသွားလုပ်သလဲ? " (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ၊ ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။

    အဆိုပါ သတင်းအမှားကို like လုပ်ထားသူ ၁၅၀ ကျော်နဲ့ ထပ်ဆင့်ဝေမျှသူတွေရှိကာ ကူးယူဖော်ပြသူတွေလည်း ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်နိုင်ငံ ပင်တံခွန်စစ်ဌာနချုပ်မှာ မြန်မာနိုင်ငံ မြေပုံပြပြီးအပြန် ရခိုင်အရေးအခင်း ဖြစ်တယ်လို့ ဖြန့်ထားတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝါဒဖြန့်ဖို့ လုပ်ကြံရေးသားထားတဲ့ သတင်းအမှားသက်သက် ဖြစ်ကြောင်း တွေ့ရပါတယ်။

    အဆိုပါ ဓါတ်ပုံတွေဟာ အမေရိကန်နိုင်ငံမဟုတ်သလို ပင်တံခွန် စစ်ဌာနချုပ်လည်း မဟုတ်ပါဘူး။ ၂၀၁၃ ခုနှစ်က ဗြိတိန်နိုင်ငံကိုရောက်ရှိပြီး အိမ်ရှေ့မင်းသား ချားလ်စ်နှင့် ကြင်ယာတော်တို့နှင့် တွေ့ဆုံခဲ့ပြီး ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းနဲ့ ဒေါင်းနင်းလမ်းရှိ အမှတ် ၁၀ နေအိမ်တွင် တွေ့ဆုံခဲ့ပြီးနောက် စက်တင်ဘာ ၂၅ ရက်နေ့မှာ ဗြိတိန် ဆင်းဟတ်စ်တော်ဝင် စစ်တက္ကသိုလ်တွင် မိန့်ခွန်းပြောကြား ခဲ့စဉ်က ဓါတ်ပုံတွေ ဖြစ်ပါတယ်။

    အဆိုပါ ဓါတ်ပုံတွေဟာ ဆင်းဟတ်စ်တော်ဝင် စစ်တက္ကသိုလ်မှာ လိုက်လံလှည့်လည် ကြည့်ရှု့စဉ်က ဓါတ်ပုံတွေသာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဆင်းဟတ်စ်တော်ဝင် စစ်တက္ကသလိုလ်မှာ မိန့်ခွန်းပြောပြီး လှည့်လည် ကြည့်ရှု့နေတဲ့ သတင်းနဲ့ ဓါတ်ပုံတွေကို အောက်ပါ Link မှာ ဖတ်ပါ။

    Aung San Suu Kyi Visits London

    ၎င်း တော်ဝင်စစ်တက္ကသလိုလ်မှာ မိန့်ခွန်းပြောခဲ့တဲ့အကြောင်း ဧရာဝတီ သတင်းဌာနက တင်ထားတဲ့ သတင်းကို အောက်ပါ Link မှာ ဖတ်ပါ။

    ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆင်းဟတ်စ် ခရီး

    ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်တွေထဲမှာ ပင်တံခွန်စစ်ဌာနချုပ်ကို သွားရောက်ခဲ့ဖူးတဲ့ ခရီးစဉ်ကို မတွေ့ရှိရပါဖူး။ ၂၀၁၂ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်ထိ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်ပခရီးစဉ်တွေ အကြောင်းကို အောက်ပါ Link မှာ ကြည့်ပါ။

    ဒေါ်အောင်ဆန်းစုကြည်၏ ပြည်ပခရီးစဉ်များ


    Tags

    false newsAung San Suu Kyia map of BurmaPentagonRoyal Military Academy SandhurstMilitaryCoupသတင်းအတုပင်တံခွန်စစ်ဌာနချုပ်ရခိုင်အရေးအခင်း
    Read Full Article
    Claim :   ဒေါ်အောင်ဆန်းစုကြည် ပင်တံခွန်စစ်ဌာနချုပ်မှာ မြန်မာနိုင်ငံမြေပုံပြပြီးအပြန် ရခိုင်ပြည်အရေးအခင်းဖြစ်
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!