BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဒေါ်အောင်ဆန်းစုကြည်...
သတင်းအတု

ဒေါ်အောင်ဆန်းစုကြည် အင်္ဂလန်ကိုအပြီးပြန်ဖို့ စစ်ကောင်စီထံ တောင်းဆိုတယ်ဆိုတဲ့ သတင်းအမှား

ဒေါ်အောင်ဆန်းစုကြည်ဟာ သူမရဲ့ သားတွေရှိရာ အင်္ဂလန်ကို အပြီးပြန်လိုကြောင်း စစ်ကောင်စီကို တောင်းဆိုထားတယ်ဆိုတဲ့ သတင်းအမှားတစ်ပုဒ်ကို စစ်တပ်ထောက်ခံတဲ့အကောင့်တွေနဲ့ ပေ့ချ်တွေကနေဖြန့်ဝေလျက်ရှိနေပါတယ်။

By - Boom Live Myanmar |
Published -  28 Jan 2022 6:38 PM IST
  • ဒေါ်အောင်ဆန်းစုကြည် အင်္ဂလန်ကိုအပြီးပြန်ဖို့ စစ်ကောင်စီထံ တောင်းဆိုတယ်ဆိုတဲ့ သတင်းအမှား

    အဆိုပါ သတင်းအမှားဟာ ၂၀၂၁ ခုနှစ် ဇူလိုင်လက စတင်ဖြန့်ဝေထားတဲ့ သတင်းအမှားတစ်ပုဒ်ဖြစ်ပြီး အခု ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ ပြန်လည် ဖြန့်ဝေနေတာကို တွေ့ရပါတယ်။ အဆိုပါ သတင်းအမှားကို ဖန်တီးရာမှာ 7 Day သတင်းဂျာနယ်ရဲ့ မျက်နှာဖုံး သတင်းပုံစံ ပြုလုပ်ပြီး ဖြန့်ဝေထားတာဖြစ်ပါတယ်။ သတင်းစာရဲ့ မျက်နှာဖုံပုံစံဖန်တီးထားတဲ့ စာမျက်နှာပေါ်မှာ ဒေါ်အောင်ဆန်းစစ်ကြည်နဲ့ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်တို့ တွေ့ဆုံနေတဲ့ ပုံကို သုံးထားပြီး "သားများရှိရာ အင်္ဂလန်နိုင်ငံသို့ အပီးပြန်လိုကြောင်း နစက ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ဒေါ်အောင်ဆန်းစုကြည်တောင်းဆို" (သတ်ပုံ မူရင်းအတိုင်း) လို့ ရေးသားထားပါတယ်။ အဆိုပါ သတင်းစာရဲ့ နေ့စွဲမှာ "July 16, 2021" လို့ ရေးသားထားပြီး "Vol 12, No.255" လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ သတင်းအမှားကို ဖေ့စ့်ဘွတ်အကောင့်တုတွေက ကူးယူဖော်ပြခြင်း ထပ်ဆင့်မျှဝေခြင်းတွေ ပြုလုပ်နေသလို VK လူမှု ကွန်ယက်ပေါ်မှာလည်း အကောင့်တုတွေနဲ့ ဖြန့်ဝေထားကြပါတယ်။


    သတင်းဆန်းစစ်ချက်

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သူမရဲ့ သားတွေရှိရာ အင်္ဂလန်ကို အပြီးပြန်လိုကြောင်း စစ်ကောင်စီခေါင်းဆောင်ထံ တောင်းဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ Photoshop နဲ့ ပြုပြင်ပြီး ဖြန့်ဝေထားတဲ့ သတင်းအမှားဖြစ်တာကို တွေ့ရပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ဟာ ဖမ်းဆီးထိန်းသိမ်းခံပြီး ကတည်းက စစ်ကောင်စီခေါင်းဆောင်တွေနဲ့ တွေ့ဆုံညှိနိုင်းတယ်ဆိုတဲ့ သတင်းအမှားတွေ မကြာခဏ ထွက်ပေါ်ခဲ့ပါတယ်။ ယခင်စစ်ကောင်စီ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံတယ်ဆိုတဲ့ သတင်းအမှားကို Boom က အချက်အလက် စစ်ဆေးခဲ့တဲ့ သတင်းကို အောက်ပါ Link မှာ ဖတ်ပါ။

    ဒေါ်အောင်ဆန်းစုကြည်က စစ်ကောင်စီနဲ့ ပူးပေါင်းပြီး အစိုးရသက်သေလုပ်မယ် ဆိုတဲ့ သတင်းအတု

    သတင်းအမှားဖြန့်သူတွေ ပြုလုပ်ထာတဲ့ 7 Day သတင်းဂျာနယ်ဟာ ထုတ်ဝေခွင့် ပိတ်သိမ်းခံထားရတဲ့ ဂျာနယ်ဖြစ်ပြီး စစ်ကောင်စီ အာဏာမသိမ်းခင် ကတည်းက ၂၀၂၀ ခုနှစ် စက်တင်ဘာလ Covid ရောဂါ အလွန်အမင်းပျံ့နှံ့လာချိန် Stay Home ကာလ ကတည်းက 7Day သတင်းစာကို ပုံနှိပ်ထုတ်ဝေတာမှု ရပ်နားခဲ့ကာ Online Media အဖြစ်သာ ဆက်လက် ရပ်တည်ခဲ့တာ ဖြစ်ပါတယ်။

    Covid Stay Home ကာလမှာ 7 Daysသတင်းစာ ပုံနှိပ် ရပ်နားခဲ့တဲ့အကြောင်း ဒီ Link မှာ ဖတ်ပါ။ စစ်တပ်က အာဏာသိမ်းပြီး မတ်လ ၈ ရက်နေ့မှာတော့ 7 Day အပါအဝင် သတင်းဌာန ၅ ခုကို စစ်တပ်က ထုတ်ဝေခွင့်ပိတ်သိမ်းကြောင်း ကြေညာပြီးနောက်မှာ 7 Days သတင်းဌာနဟာ ၎င်းတို့ရဲ့ ဖေ့စ်ဘွတ် Page တွေကို လူမှုကွန်ရက်ပေါ်ကဖယ်ရှားခဲ့ပြီး သတင်းဌာနကိုပါရပ်ဆိုင်းခဲ့တာဖြစ်ပါတယ်

    သတင်းအမှားဖြန့်သူတွေဟာ ထုတ်ဝေခြင်း မရှိတော့တဲ့သတင်းဌာန တစ်ခုရဲ့ နာမည်ကို အသုံးပြုပြီး သတင်းအမှား ဖြန့်ထားတဲ့ အပြင် မျက်နှာဖုံး ခေါင်းကြီး သတင်းမှာလည်း စာလုံးပေါင်း သတ်ပုံ အမှားမှား အယွင်းယွင်းနဲ့ သတင်းအမှား ဖြန့်ထားတာကို တွေ့ရပါတယ်။

    Tags

    False newsDaw Aung San Suu KyiDetainMilitaryCoupသတင်းအတုစစ်ကောင်စီစစ်ကောင်စီထံ တောင်းဆို
    Read Full Article
    Claim :   ဒေါ်အောင်ဆန်းစုကြည်က အင်္ဂလန်ကို အပြီးပြန်ဖို့ စစ်ကောင်စီထံ တောင်းဆို
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!