BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ကိုဗစ်ဆေးအကြောင်းပြုပြီး...
သတင်းအတု

ကိုဗစ်ဆေးအကြောင်းပြုပြီး ဒေါ်အောင်ဆန်းစုကြည်က ငွေတွေအလွဲသုံးစားလုပ်တယ်လို့ လိမ်လည်ရေးသားတဲ့ သတင်းအမှား

အိန္ဒိယကနေ ရောက်ရှိလာတဲ့ ကိုဗစ်ကာကွယ်ဆေးတွေကိုအကြောင်းပြုပြီး ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပြည်သူ့ဘဏ္ဍာတွေကို အလွဲသုံးစားလုပ်တယ်ဆိုပြီး လူမှုကွန်ရက်ပေါ်ဖြန့်ဝေမှုတွေရှိနေပါတယ်။

By - Boom Live Myanmar |
Published -  26 Jan 2021 10:35 AM IST
  • ကိုဗစ်ဆေးအကြောင်းပြုပြီး ဒေါ်အောင်ဆန်းစုကြည်က ငွေတွေအလွဲသုံးစားလုပ်တယ်လို့ လိမ်လည်ရေးသားတဲ့ သတင်းအမှား

    ဒီဖြန့်ဝေမှုကို ကျော်ကျော်ဝင်းထိန် ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်က "တပ်မတော် ချစ်မြတ်နိုးသူများ ဆုံဆည်းရာ" ဆိုတဲ့ ဖေစ့်ဘွတ်ဂရုမှာ ဇန်နဝါရီလ ၂၄ ရက်နေ့ ညပိုင်းက ရေးသားဖြန့်ဝေခဲ့တာဖြစ်ပါတယ်။

    ရေးသားဖြန့်ဝေရာမှာ သတင်းအမှားတွေဆက်တိုက်ဖြန့်ဝေနေတဲ့ Radio Free Myanmar (RFM) လိုဂိုပါ template ကို အသုံးပြုကာ အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာနဲ့ ရေးသားထားတဲ့ "နိုင်ငံခြားသတင်းဌာနတွေကတော့ ရေးကုန်ပြီ၊ အောက်မှာ မြန်မာလိုလည်း ရေးတယ် ဖတ်ကြ။" ဆိုပြီး ရေးသားထားပါတယ်။

    Template ထဲမှာ ရေးသားထားတာက "အိန္ဒိယနိုင်ငံမှ ကိုဗစ်ကာကွယ်ဆေး ဒေါ်လာသန်း ၉၅၀ ဘိုးဝယ်မယ်လို့ နိုင်ငံတော်အတိုင်ပင်ခံက ပြောဆိုခဲ့ကြောင်း၊ ဇန်နဝါရီလ ၂၂ ရက်နေ့က ရောက်လာခဲ့တဲ့ ကိုဗစ်ကာကွယ်ဆေးတွေဟာ ဝယ်ထားတာလား (သို့မဟုတ်) အိန္ဒိယက လှူထားတာလား၊ အိန္ဒိယကလှူတာ ဆိုရင် ဒေါ်ဆုက ပြည်သူကိုလိမ်ပြီး ဒေါ်လာသန်း(၉၅၀)ခိုးတာ ဖြစ်ကြောင်း၊ NLD အစိုးရဟာ ကိုဗစ်မပြင်းထန်လူနာ တစ်ဦးစီအတွက် မြန်မာငွေ (၁၅)သိန်းအကုန်ကျခံနေတယ်လို့ ကြေငြာထားကြောင်း၊ အိန္ဒိယက ရောင်းတာဆိုရင် ကမ္ဘာကို အိန္ဒိယကလိမ်တာဘဲလို့ နိုင်ငံရေးလေ့လာသူ ကိုဝင်းသောင်းက RFM သို့ ပြောကြားကြောင်း" ရေးသားထားတာပါ။

    ရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    အိန္ဒိယနိုင်ငံအစိုးရအနေနဲ့ မြန်မာနိုင်ငံအစိုးရကို COVISHIELD ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တစ်သန်းခွဲကို လက်ဆောင်ပေးအပ်လှူဒါန်းခဲ့ပြီး ဇန်နဝါရီ ၂၂ ရက် မွန်းလွဲပိုင်းက မြန်မာနိုင်ငံကို ရောက်ရှိခဲ့ပါတယ်။

    အိန္ဒိယနိုင်ငံအစိုးရက ကာကွယ်ဆေး တစ်သန်းခွဲလှူဒါန်းခဲ့ပေမယ့် မြန်မာအစိုးရက လူဦးရေ ၁၅ သန်းစာ အမေရိကန်ဒေါ်လာ သန်း၁၅၀ ဖိုး ဝယ်ယူထားတယ်လို့ သမ္မတရုံးပြောရေးခွင့်ရှိသူ ဦးဇော်ဌေးက ပြေားထားကြောင်း ဇန်နဝါရီလ ၂၂ ရက်နေ့က ဖော်ပြထားတဲ့ Myanmar Now သတင်းဌာနရဲ့ သတင်းမှာ ရေးသားထားပါတယ်။


    သတင်းမှာ ဝယ်ယူထားတဲ့ ကိုဗစ်ကာကွယ်ဆေးတွေဟာ လာမယ့် ဖေဖော်ဝါရီလအတွင်း မြန်မာနိုင်ငံကို ရောက်ရှိမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ သတင်းကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    အလားတူ ဇန်နဝါရီလ ၂၁ ရက်နေ့က ဖော်ပြထားတဲ့ 7 Day News သတင်းဌာနရဲ့ သတင်းမှာလည်း မြန်မာနိုင်ငံအနေနဲ့ အိန္ဒိယနိုင်ငံမှ ကိုဗစ်ကာကွယ်ဆေးအလုံးရေ သန်း ၃၀ ဝယ်ယူရန် နှစ်ဖက်သဘောတူထားပြီး ပထမအသုတ် ဆေးအလုံးရေ ၁၅ သန်းအတွက် ငွေပေးချေပြီးဖြစ်ကြောင်း နည်းပညာအကြံပေးအဖွဲ့နှင့် အကောင်အထည်ဖော်ရေး လုပ်ငန်း အဖွဲ့ဝင်များက ပြောဆိုထားတယ်လို့ ရေးသားထားတဲ့အပြင် ယခုရောက်ရှိတဲ့ ဆေးတွေဟာ နှစ်နိုင်ငံသဘောတူညီမှုနဲ ဝယ်ယူထားတဲ့ ဆေးပမာဏထဲက မဟုတ်ဘဲ နှစ်နိုင်ငံမဟာမိတ် ချစ်ကြည်ရေးအရ လှူဒါန်းတဲ့ ဆေးများသာ ဖြစ်တယ်ဆိုတဲ့ အကြောင်း ရေးသားဖော်ပြထားပါတယ်။


    သတင်းကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    Tags

    Misappropriation of moneyငွေအလွဲသုံးစားပြုလုပ်COVID Vaccineကာကွယ်ဆေး တစ်သန်းခွဲ
    Read Full Article
    Claim :   အိန္ဒိယကနေ ရောက်ရှိလာတဲ့ ကိုဗစ်ကာကွယ်ဆေးတွေကိုအကြောင်းပြုပြီး ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပြည်သူ့ဘဏ္ဍာတွေကို အလွဲသုံးစားလုပ်တယ်ဆိုပြီး လူမှုကွန်ရက်ပေါ်ဖြန့်ဝေမှုတွေရှိနေတဲ့အပေါ် BOOM က သတင်းဆန်းစစ်ချက် ပြုလုပ်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!