BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • ဒေါ်အောင်ဆန်းစုကြည် လက်ကျိုးလို့...
      သတင်းအတု

      ဒေါ်အောင်ဆန်းစုကြည် လက်ကျိုးလို့ ဆေးကုသနေရတယ်ဆိုတဲ့ သတင်းအမှား

      မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် နေပြည်တော်မှာ ထိမ်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် နေထိုင်ရာ အဆောင် ပြိုကျပြီး လက်ဝဲဘက် လက်ဖျံရိုးကျိုးခဲ့တဲ့အတွက် ဆေးကုသမှုခံနေရတယ်ဆိုပြီး ရေးသားဖြန့်ဝေ နေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

      By - Boom Live Myanmar |
      Published -  19 April 2025 8:46 AM IST
    • ဒေါ်အောင်ဆန်းစုကြည် လက်ကျိုးလို့ ဆေးကုသနေရတယ်ဆိုတဲ့ သတင်းအမှား

      ဒီအကြောင်းအရာကို Aung N Htwe ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဧပြီလ ၁၁ ရက်နေ့ နေ့လည်ပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ၂၄ နာရီမပြည့်မီ ထပ်ဆင့်ဖြန့်ဝေသူ လေးထောင်ကျော်ရှိနေပါတယ်။

      ဖြန့်ဝေရာမှာ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံနဲ့အတူ 'ဒေါ်အောင်ဆန်းစုကြည် လက်ကျိုး၍ ကုသမှု့ ခံယူနေရ။ နေပြည်တော်တွင် ထိမ်းသိမ်းခံထားရသော ပြည်သူ့ အစိုးရ၏ နိုင်ငံတော် အတိုင်ပင်ခံလည်းဖြစ် နိုင်ငံခြားရေးဝန်ကြီးလည်း ဖြစ်နေသူ နိုဘဲငြိမ်းချမ်းရေး ဆုရှင် ဖြစ်သူ ‌ဒေါ်အောင်ဆန်းစုကြည်အား သီးသန့် နေအိမ် နှစ်ထပ်ဆောင်တစ်တခုသို့ ပြောင်းရွေ့ထားခဲ့သည်။ စကစမှ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ဒေါ်အောင်ဆန်းစုတို့အား နေပြည်တော် အကျဉ်းထောင်တွင် တွေ့ဆုံခဲ့ခြင်းမဟုတ်ပဲ နေပြည်တော်တွင်းရှိ သီးခြား နှစ်ထပ်အိမ်ဆောင်တွင် တွေ့ခဲ့ပြီးနောက် အဆိုပါ နေအိမ်တွင်ပင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သော နေရာဖြစ်သည်။ မတ်လ ၂၈ တွင် စစ် ကိုင်း ငလျင် လှုပ်ခတ်သော ကာလတွင် ဒေါ်အောင်ဆန်းစုကြည်သည် တရားမှတ် လမ်းလျောက်နေသော အချိန်ဖြစ်ပြီး ထိုအချိန် အဆိုပါအိမ်၏ ပထမ မြေညီထပ် မြေထဲသို့ ထက်ဝက်ကျော်ကျော် နစ်ဝင်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နေထိုင်နေသော ဒုတိယထပ် ပြိုကျရာမှာ ထိခိုက်ခဲ့ပြီး ဘယ်ဘက် လက်တဖက် လက်ဖျံကျိုးခဲ့ကြောင်း မြန်မာ အမေရိကန် သတင်းဌာနမှ စုံစမ်းရရှိခဲ့သည်။ သို့ဖြင့် စကစမှ နိုင်ငံတော်၏ အတိုင်ပင်ခံ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်အား ဆေးကုသမှု့ ပေးထားသည်ကို သတင်း အမှောင်ချထားခြင်း ဖြစ်ကြောင်း သိရသည်' လို့ ရေးသားထားတာပါ။

      ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

      သတင်းဆန်းစစ်ချက်

      ဒေါ်အောင်ဆန်းစုကြည် လက်ကျိုးလို့ ဆေးကုသနေရတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

      ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ငလျင်လှုပ်ချိန်မှာ အထိတ်တလန့်ဖြစ်ခဲ့တယ်ဆိုပေမယ့် ကျန်းမာရေးကောင်းမွန်တယ်ဆိုပြီး ဘီဘီစီသတင်းဌာနမှာ သတင်းရင်းမြစ်တွေ ကိုးကားပြီး ဖော်ပြထားပါတယ်။


      သတင်းထဲမှာ မတ်လ ၂၈ ရက် ငလျင်ကြီးလှုပ်ချိန်မှာ နေပြည်တော်မှာ အကျဉ်းချခံထားရတဲ့ နိုင်ငံ‌တော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထိတ်လန့်တကြား ဖြစ်သွားခဲ့တယ်လို့ စစ်ရုံးက ဘီဘီစီသတင်းအရင်းအမြစ်က ပြောကြောင်း၊ ငလျင်လှုပ်ချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ကိုအကျယ်ချုပ်ချထားတဲ့ နေပြည်တော်က နေအိမ်တစ်လုံးမှာရှိနေပြီး အကျဉ်းထောင်ထဲမှာ မဟုတ်ကြောင်း ရေးသားထားပါတယ်။

      ဘီဘီစီသတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

      Tags

      သဘာဝဘေးအန္တရာယ်နေပြည်တော်အချုပ်ထောင်ဒေါ်အောင်ဆန်းစုကြည်သတင်းတုFakenews
      Read Full Article
      Claim :   ဒေါ်အောင်ဆန်းစုကြည် လက်ကျိုးလို့ ဆေးကုသနေရတယ်လို့ဆို
      Claimed By :  Facebook, Website
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!