BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဒေါ်အောင်ဆန်းစုကြည်...
သတင်းအတု

ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်နေအိမ်သို့ ပြန်ရောက်တယ် ဆိုတဲ့ သတင်းအမှား

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ရန်ကုန်မြို့၊ ခြံအမှတ် ၅၄၊ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်သို့ ပြန်လည်ပို့ဆောင်ခဲ့တယ်လို့ ထွက်ပေါ်ခဲ့တဲ့သတင်းဟာ သတင်းအမှားသာ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  11 July 2022 5:50 PM IST
  • ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်နေအိမ်သို့ ပြန်ရောက်တယ် ဆိုတဲ့ သတင်းအမှား

    ဒေါ်အောင်ဆန်းစုကြည် ကိုစွပ်စွဲထားတဲ့အမှုတွေထဲက အစိုးရလျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မနဲ့ စွဲဆိုထားတဲ့ အမှုကို စစ်ဆေးမယ့် ဇူလိုင် ၇ ရက်နေ့မှာ တရားသူကြီးခွင့်ယူခဲ့တဲ့အတွက် ရုံးချိန်း ရွှေ့ဆိုင်းပြီးနောက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်ပို့လိုက်ပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

    ဒီသတင်းကို သတင်းဌာန အမည်ခံ Good Morning News Channel မှ သတင်းဆိုပြီး သတင်းဌာန ပေချ့်အတုတွေနဲ့ ဆက်တိုက် ဖြန့်ဝေခဲ့တာဖြစ်ပါတယ်။ အချိန် ၈ မိနစ်ကျော်ကြာတဲ့ ဒီရုပ်သံဖိုင်ထဲမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ရန်ကုန်ရောက်ရှိနေကြောင်းနဲ့ လာမယ့် ဇူလိုင်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် အာဇာနည်နေ့ နီးလာတဲ့အတွက် အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်ပြန်ပို့လိုက်တာ ဖြစ်ကြောင်းတွေကို တခြားသတင်းဌာနတွေက သတင်းတွေနဲ့ ပေါင်းစပ်ပြီး နောက်ခံစကားပြောနဲ့ သတင်းပြုလုပ်ထားတာပါ။

    ဖြန့်ဝေနေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်အိမ်ခြံအမှတ် ၅၄ ကို ပြန်လည်ပို့ဆောင်တယ်ဆိုတဲ့ သတင်းတွေဟာ သတင်းအမှားတွေသာ ဖြစ်ကြောင်း သတင်းဌာနတွေမှာ ပြန်လည်ဆန်းစစ်ထားပြီးဖြစ်ပါတယ်။ နေပြည်တော် တရာရုံးမှာ ဇူလိုင် ၇ ရက်နေ့ ရုံးချိန်းကို ဒေါ်အောင်ဆန်းစုကြည် လာရောက်ခဲ့ပေမယ့် တရားသူကြီးခွင့်ယူခဲ့တဲ့အတွက် အမှုမစစ်ဆေးဖြစ်ဘဲ ရုံးချိန်း ရွှေ့ဆိုင်းခဲ့တာဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ကျန်းမာရေးကောင်းမွန်တာကိုတွေ့ရကြောင်းနဲ့ နေပြည်တော်အချုပ်ထောင် ထောင်တွင်းတရားရုံးမှာ ကြားနာမှုမစခင် ရှေ့နေတွေနဲ့ သီးသန့်တွေ့ဆုံခွင့်ရခဲ့ကြောင်း တရားရုံးအသိုင်းအဝိုင်းက အတည်ပြုထားတယ်လို့ ဘီဘီစီသတင်းဌာနမှာ ဖော်ပြထားပါတယ်။

    သတင်းအပြည့်အစုံကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို မူလနေရာမှာ ပြန်ထားဖို့ အာဆီယံ အထူးကိုယ်စားလှယ် ပရက်ဆော့ခွန်းရဲ့ တောင်းဆိုခဲ့မှုကို လိုက်လျောမှာ မဟုတ်ဘူးလို့ စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဇူလိုင်လ ၁ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ကို ဇွန်လ ၂၂ ရက်နေ့က နေပြည်တော် အချုပ်ထောင်၀န်းထဲက သီးသန့်အဆောက်အဦ တစ်ခုကို ပို့ဆောင် ခဲ့တာဖြစ်ပြီး သူနဲ့အတူနေထိုင်တဲ့သူ ရှစ်ဦးနဲ့ ခွေးကလေး တိုက်ချီဒိုတို့ကိုတော့ ဇူလိုင်လ ၄ ရက်နေ့က ရန်ကုန်မြို့ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းက ခြံအမှတ် (၅၄) ကို ပြန်လည်ရောက်ပို့ဆောင်ခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

    Tags

    ဒေါ်အောင်ဆန်းစုကြည်returned homeနေပြည်တော်အချုပ်ထောင်တရားသူကြီးခွင့်ယူရုံးချိန်း ရွှေ့ဆိုင်းအာဆီယံ အထူးကိုယ်စားလှယ်FakenewsMilitary CoupFake Page
    Read Full Article
    Claim :   ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ရန်ကုန်မြို့၊ ခြံအမှတ် ၅၄၊ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်သို့ ပြန်လည်ပို့ဆောင်
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!