BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ကုလသမဂ္ဂရဲ့ ဖိအားကြောင့်...
သတင်းအတု

ကုလသမဂ္ဂရဲ့ ဖိအားကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလိုက်ပြီဆိုတဲ့ သတင်းအမှား

ကုလသမဂ္ဂရဲ့ ဖိအားကြောင့် စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလိုက်ကြောင်း Khit Thit သတင်းဌာနမှာ ကြေညာတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  25 Dec 2022 9:34 AM IST
  • ကုလသမဂ္ဂရဲ့ ဖိအားကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလိုက်ပြီဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ MMB သတင်းစုံ ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်ကနေ ဒီဇင်ဘာလ ၂၃ ရက်နေ့ နေ့လည်ပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။ ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗွီဒီယိုဖိုင်နဲ့အတူ 'ကုလသမဂ္ဂရဲ့ ဖိအားကြောင့် အမေစုကို မအလ လွှတ်ပေးလိုက်ပြီ။ Khit Thit အတိအကျကြေညာပြီ' လို့ ရေးသားထားပါတယ်။

    ဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဖြန့်ဝေမှုမှာ ကုလသမဂ္ဂရဲ့ ဖိအားကြောင့် အမေစုကို မအလ လွှတ်ပေးလိုက်ကြောင်း Khit Thit သတင်းဌာနက ကြေညာတယ်လို့ ရေးသားထားပေမယ့် ဗွီဒီယိုဖိုင်ကိုဖွင့်ကြည့်ရင် RFA သတင်းဌာနရဲ့ မြန်မာပိုင်းအစီအစဉ်မှာ ဒီဇင်ဘာလ ၂၃ ရက်နေ့ နံနက်ပိုင်းက ဖော်ပြထားတဲ့ 'လုံခြုံရေးကောင်စီဖိအားနဲ့ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်နိုင်ခြေ' ဆိုတဲ့ သတင်းကို ကူးယူဖြန့်ဝေထားခြင်းသာ ဖြစ်ပါတယ်။


    သတင်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ဆိုတဲ့ မြန်မာအရေးနဲ့ပတ်သက်တဲ့ တောင်းဆိုချက်တစ်ရပ်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက နှစ်ပေါင်း ၇၀ ကျော်မှာ ပထမဆုံးအကြိမ်အဖြစ် ဒီဇင်ဘာလ ၂၁ ရက်နေ့က အတည်ပြုခဲ့ပါတယ်။

    ဒီဆုံးဖြတ်ချက်ဟာ အားနည်းချက်တွေရှိတယ်ဆိုပြီးဝေဖန်တာတွေ ရှိသလို တဖက်မှာလည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး နီးစပ်လာတယ်ဆိုပြီး မျှော်လင့်နေတာတွေ ရှိကြောင်းဖော်ပြထားပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးက အရင်ကထက် နီးစပ်လာတယ်လို့ မှတ်ချက်ပေးသူရှိသလို စစ်ကောင်စီဟာ နိုင်ငံတကာဖိအားတွေကို ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့တဲ့အပေါ် စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။ အချို့ကလည်း ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လက်ရှိရင်ဆိုင်နေရတဲ့ အမှုတွေအားလုံး ဆုံးဖြတ်ချက်ချပြီးမှ လွတ်မြောက်ဖို့ မျှော်လင့်နိုင်မယ်လို့ သုံးသပ်တာတွေလည်း ရှိပါတယ်။

    ဒါပေမယ့် စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလိုက်ပြီဆိုပြီး ဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။ RFA သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။

    Tags

    လုံခြုံရေးကောင်စီFakenewsDaw Aung San Suu Kyi releasedMilitary Coupစစ်ကောင်စီကုလသမဂ္ဂဆုံးဖြတ်ချက်
    Read Full Article
    Claim :   ကုလသမဂ္ဂရဲ့ ဖိအားကြောင့် စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလိုက်တယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!