BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဒေါ်အောင်ဆန်းစုကြည်...
သတင်းအတု

ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာပြီဆိုတဲ့ သတင်းအမှား

အမျိုးသားနေ့မှာ နိုင်ငံတစ်ဝန်း အကျဉ်းထောင်အသီးသီးကနေ အကျဉ်းသားတွေ ပြန်လွှတ်ပေးရာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း လွတ်မြောက်ခဲ့သယောင် ရေးသားဖြန့်ဝေမှုတွေ ရှိနေပါတယ်။

By - Boom Live Myanmar |
Published -  18 Nov 2022 3:57 PM IST
  • ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာပြီဆိုတဲ့ သတင်းအမှား

    နိုဝင်ဘာ ၁၇ ရက်နေ့ (အမျိုးသားနေ့) မှာ နိုင်ငံတစ်ဝန်းအကျဉ်းထောင်တွေကနေ အကျဉ်းသား ၆၀၀၀ နီးပါး ပြန်လည် လွတ်မြောက်ခဲ့ရာမှာ လူအများစိတ်ဝင်စားမှုမြင့်မားနေတဲ့ သတင်းကို အခြေခံပြီး ဒေါ်အောင်ဆန်းစုကြည်လည်း လွတ်မြောက်ခဲ့သယောင် လုပ်ကြံဖန်တီးထားတာဖြစ်ပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၈ မိနစ်ကျော်ရှိတဲ့ ဗွီဒီယိုဖိုင်တစ်ခုနဲ့အတူ ကာဗာပုံပေါ်မှာ 'ပြည်သူအားလုံး ပျော်လို့ရပြီ။ လုံးဝထင်မထားဘူးဗျို့။ အမေစုပြန်လာပြီ။ အမေပန်ဖို့ ပန်းတွေခူးထားကြဟေ့' လို့ ရေးသားဖြန့်ဝေထားတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    တချို့ဖြန့်ဝေမှုတွေမှာတော့ ပြန်လွှတ်ပေးတဲ့ အကျဉ်းသား ၅၇၀၀ ထဲမှာ သမ္မတဦးဝင်းမြင့်လည်း ပါဝင်တယ်လို့ ရေးသားဖြန့်ဝေနေပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    နိုဝင်ဘာ ၁၇ (အမျိုးသားနေ့) မှာ နိုင်ငံတစ်ဝန်း အကျဉ်းထောင်အသီးသီးကနေ အကျဉ်းသား ၆၀၀၀ နီးပါး ပြန်လွှတ်တယ်လို့ စစ်ကောင်စီက ကြေညာထားပါတယ်။

    ပြန်လွတ်လာသူတွေထဲမှာ ၂၀၂၁ ဖေဖော်ဝါရီ ၁ရက် စစ်အာဏာသိမ်းတဲ့ ‌နေ့ကတည်းက ဖမ်းဆီးခံရသူ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမြအေးနှင့် ရွှေညဝါဆရာတော်တို့အပါအဝင် NLD အစိုးရလက်ထက် စီးပွားရေးအကြံပေး မစ္စတာ ရှောင်တားနဲလ်၊ အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေ၊ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ဟောင်း ဗစ်ကီဘိုးမန်း၊ ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ တိုရူကူဘိုတာနဲ့ မြန်မာပြည်ဖွား အမေရိကန်နိုင်ငံသား ဦးကျော်ဌေးဦးတို့ ပါဝင်ပါတယ်။

    နိုဝင်ဘာ ၁၇ ရက်နေ့ ပြန်လည်လွတ်မြောက်လာသူတွေထဲမှာ ဒေါ်အောင်ဆန်းစုကြည် နဲ့ သမ္မတဦးဝင်းမြင့် ပါဝင်ခြင်းမရှိပါဘူး။ ဒီဖြန့်ဝေနေတာတွေဟာ လုပ်ကြံဖန်တီးထားတဲ့ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

    ခုဖြန့်ဝေမှုမှာပါတဲ့ ဗွီဒီယိုဖိုင်ကို ဝင်ကြည့်ရင် ပိုစ့်မှာရေးထားသလို ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ပြန်လည် လွတ်မြောက်လာတယ်ဆိုတဲ့ အကြောင်းအရာပါဝင်ခြင်းမရှိပဲ Myanmar Now သတင်းဌာနမှာ ဖော်ပြထားတဲ့ 'အင်းစိန်ထောင်မှာ အကျဉ်းသားတစ်ချို့ကို စတင်လွတ်ပေးနေပြီ' ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာသာ ဖြစ်ပါတယ်။

    ဒီဖေ့စ်ဘွတ်ပေ့ချ်တွေမှာ ဖြန့်ဝေနေတာတွေဟာ Clickbait နဲ့ ဝင်ငွေရှာဖို့ လူမှုကွန်ယက်ပေါ် Like များအောင် ဖန်တီး ဖြန့်ဝေနေတာဖြစ်ပြီး သူတို့ကိုယ်တိုင် စုံစမ်း မေးမြန်းရေးသားထားတဲ့အကြောင်းအရာတွေမရှိပါဘူး။

    နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ နိုဝင်ဘာ ၁၆ရက် စာရင်းများအရ စစ်ကောင်စီဖမ်းထားသူ ၁၃၀၀၀ ကျော်ရှိပြီး သတ်ဖြတ်ခံရသူ ၂၅၀၀ နီးပါးရှိသည်ဟု သိရသည်။

    Tags

    prisoners releasedDaw Aung San Suu Kyiဒေါ်အောင်ဆန်းစုကြည်FakenewsU Win MyintMilitary CoupPrisoners
    Read Full Article
    Claim :   အမျိုးသားနေ့မှာ နိုင်ငံတစ်ဝန်း အကျဉ်းထောင်အသီးသီးကနေ အကျဉ်းသားတွေ ပြန်လွှတ်ပေးရာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း လွတ်မြောက်ခဲ့တယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!