BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဒဂုံကျောင်းသားသမဂ္ဂ ဥက္ကဌကို...
သတင်းအတု

ဒဂုံကျောင်းသားသမဂ္ဂ ဥက္ကဌကို ဖမ်းမိတယ်ဆိုတဲ့ သတင်းအတု

လူမှုကွန်ယက်ပေါ်မှာ ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂဥက္ကဌ မင်းဟန်ထက်ကို ဖမ်းဆီးရမိတယ်ဆိုတဲ့ သတင်းအမှားတွေ ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  14 Jun 2021 6:25 PM IST
  • ဒဂုံကျောင်းသားသမဂ္ဂ ဥက္ကဌကို ဖမ်းမိတယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအမှားကို စစ်တပ်ထောက်ခံသူတွေက အကောင့်တုတွေနဲ့ ရေးသားဖြန့်ဝေနေတာကို တွေ့ရပြီး အစောဆုံးအနေနဲ့ Akar Gyi ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က စတင်ထားတာကို တွေ့ရပါတယ်။

    ဒီအကြောင်းအရာကိုပဲ တခြား ဖေ့စ်ဘွတ်အကောင့်တုပေါင်းများစွာကလည်း ထပ်ဆင့်ဝေမျှနေပြီး သတ်ပစ်ဖို့ထိခြိမ်းခြောက်တိုက်တွန်းမှုတွေနဲ့အတူ ရေးသားဖြန့်ဝေသူများစွာလည်း ရှိနေပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    သတင်းဆန်းစစ်ချက်

    စစ်ကောင်စီ ထောက်ခံတဲ့ ဖေ့စ်ဘွတ်အကောင့်တုတွေနဲ့ လူမှုကွန်ယက်ပေါ်မှာ ရေးသားနေကြတဲ့ ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂ ကိုမင်းဟန်ထက် ဖမ်းဆီးခံရတယ် ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် ဆန်းစစ်ကြည့်တဲ့အခါ သတင်းအမှား သက်သက်အဖြစ်ဖန်တီးဖြန့်ဝေထားတာဖြစ်ကြောင်း တွေ့ရပါတယ်။

    ဇွန်လ ၈ ရက်နေ့ညက ကိုမင်းဟန်ထက် ရဲ့အိမ်ကို စစ်ကောင်စီတပ်တွေက စစ်ကား (၅) စီး၊ စစ်သားအင်အား (၈၀) ကျော်ခန့်နဲ့ ဝင်ရောက်စီးနင်းခဲ့ကြပြီး အိမ်မှာ တစ်ယောက်မှ မရှိတဲ့အတွက် တစ်အိမ်လုံးရဲ့ ရိုက်ခွဲ ဖျက်ဆီးသွားခဲ့ပါတယ်။ ကိုမင်းဟန်ထက်တို့အိမ်နဲ့ ဘေးချင်းကပ်လျက်ရှိနေတဲ့ အိမ်က ၎င်းရဲ့ဦးလေးကို ရိုက်နှက်မှုတွေ ပြုလုပ်သွားပြီး ၎င်းရဲ့ အဖိုး၊ အဖွားအပါအဝင် အိမ်မှာ ရှိနေတဲ့သူတွေကို သေနတ်ထောက်ခြိမ်းခြောက်တာ၊ ပုံစံထိုင်ခိုင်းသွားတာတွေ ပြုလုပ်သွားခဲ့ပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ကိုမင်းဟန်ထက်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားတဲ့ အကြောင်းအရာကို ဒီမှာ ဖတ်ပါ။


    ဇွန်လ ၉ ရက်နေ့မှာတော့ ကိုမင်းဟန်ထက်တို့နေထိုင်တဲ့ ခြံနဲ့ လုပ်ငန်းကို စစ်ကောင်စီတပ်တွေက ချိတ်ပိတ်လိုက်တယ်လို့ ၎င်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားပါတယ်။
    နေအိမ်နဲ့ လုပ်ငန်း ချိတ်ပိတ်ခံရတဲ့ အကြောင်းကို ဒီမှာ ဖတ်ပါ။

    ကိုမင်းဟန်ထက်က လက်ရှိမှာ ဘေးကင်းလုံခြုံတဲ့နေရာမှာ ရှိနေပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

    Tags

    False newsDagon University Students
    Read Full Article
    Claim :   စစ်ကောင်စီထောက်ခံတဲ့ ဖေ့စ်ဘွတ်အကောင့်တုတွေနဲ့ လူမှုကွန်ယက်ပေါ်မှာ ရေးသားနေကြတဲ့ ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂ ကိုမင်းဟန်ထက် ဖမ်းဆီးခံရတယ် ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!