BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ကျော်စွာမြင့်အကောင့်ကဖြန့်ဝေတဲ့...
သတင်းအတု

ကျော်စွာမြင့်အကောင့်ကဖြန့်ဝေတဲ့ ကိုဗစ်ဆုတ်ခွာရေး သတင်းအမှား

လူမှုကွန်ယက်သုံးစွဲသူတွေကြားမှာ ကိုဗစ်ကုသရေး ဆုတ်ခွာစစ်ဆင်ပြီလို့ အဆင့် (၅) ဆင့်နဲ့ ရေးသားထားတဲ့ သတင်းအမှားတွေ လူပေါင်း သိန်းချီအထိ ဖြန့်ဝေနေကြတာကို တွေ့ရပါတယ်။

By - Boom Live Myanmar |
Published -  23 Dec 2020 5:39 PM IST
  • ကျော်စွာမြင့်အကောင့်ကဖြန့်ဝေတဲ့ ကိုဗစ်ဆုတ်ခွာရေး သတင်းအမှား

    အဲ့ဒီ သတင်းအမှားကို ဖြန့်ဝေကြတဲ့အခါမှာ အင်းစိန်ဆေးရုံ ဆေးပညာဌာနက ပါမောက္ခဒေါက်တာ ဒေါ်မာမာကြည် နာမည်ကို သုံးပြီးဖြန့်ဝေထားတာ တွေ့ရပြီး အဆိုပါ သတင်းအမှားဟာ ဖေ့စ်ဘွတ်အကောင့်ပေါင်းများစွာနဲ့ လူပေါင်း သိန်းချီအထိ ပျံနှံ့နေပါတယ်။

    အဲ့ဒီ သတင်းအမှား ကိုရေးသားဖြန့်ဝေရာမှာ "ကိုဗစ်ကုသရေး ဆုတ်ခွာစစ်ဆင်ပါပြီ" လို့ ခေါင်းစဉ်တပ်ထားပြီး အထဲမှာတော့ ဆုတ်ခွါစစ် ဆိုပြီး အဆင့် (၅) နဲ့ အများပြည်သူ ထိတ်လန့်အောင် ရေးသားဖြန့်ဝေထားပါတယ်။ အဆိုပါ ရေးသားထားတဲ့ အကြောင်းအရာထဲမှာ "ဆုတ်ခွာအဆင့် ၁ - Contact တွေကို Facility Q မှာခွဲထားရာကနေ အိမ်မှာဘဲ Strict Home Q စေမယ်။ Home Q တွေကို rapid test kit နဲ့ တကြိမ်စစ်ပေးမယ် အဲဒီက Positive ကို သီးခြားခွဲထုတ်ပြီးဆေးရုံပို့မယ်။ ဆုတ်ခွာအဆင့် ၂ - Home Q ကစစ်ပြီးထွက်လာတဲ့ အသက်ငယ်တဲ့ Positive တွေကို အိမ်မှာဘဲ ဆက်ထားမယ် အသက် ၅၀ကျော်နှင့်ရောဂါအခံရှိသူတွေကို ဆေးရုံပို့မယ်။ဆုတ်ခွာအဆင့် ၃ - Contact တွေကိုမစစ်တော့ပါ။ အားလုံးကို Home Q ထားထား ဖျားချောင်ဆိုးလျှင် ရောဂါရှိမရှိ စစ်ပေးမည်၊ အသက် ၆၀ အောက် ရောဂါအခံမရှိဆိုလျှင် ဆေးပေးပြီး အိမ်တွင်နေစေမည်။ အသက် ၆၀ ကျော် ဆေးရုံပို.မယ်။ ဆုတ်ခွာအဆင့် ၄ - ဖျားလျှင် အိမ်တွင်ဆက်နေ ဆေးသောက်ဖို့ ညွှန်ကြားပေးမည်။မောလျှင် ဆေးရုံကိုအကြောင်းကြား အောက်စီဂျင်ဓာတ်တိုင်းကြည့်မယ် အောက်စီဂျင်ဓာတ်နည်းလျှင် ဆေးရုံကိုခေါ်ပါမည်။ ရောဂါစစ် ဆေးကုပေးမည်။ ဆုတ်ခွာ အဆင့် ၅ - ကောင်းနိုင်ခြေမရှိသူတွေကို ဆေးရုံမခေါ်တော့ပါ အသည်းအသန် လူနာထဲမှ ပြန်ကောင်းနိုင်ခြေရှိသူတွေသာ ဆေးရုံကိုခေါ်ဆေးကုပေးမယ်။ ကျန်သူတွေ အိမ်မှာ အောက်စီဂျင် ရှူပြီးနေခိုင်းမည်။ ယခုကျင့်သုံးနေတာ ဆုတ်ခွာအဆင့် ၁၊ သိပ်မကြာခင်မှာ ဆုတ်ခွာအဆင့် ၂ ရောက်တော့မှာပါ။ အဆင့် ၃ ထိ လည်း အခြေအနေအရ ရောက်သွားနိုင်တယ်။ အဆင့် ၄၊၅ က အကျွနုပ်တို့ မဖြစ်ချင်ပေမဲ့ အခြေအနေအရဝမ်းနည်းစွာ ကျင့်သုံးရမှာပါ" (မူရင်းရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားမှု အပြည့်အစုံကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    ဒီအကြောင်းအရာကို ကူးယူဖော်ပြသူတွေထဲမှာ Kyaw Swa Myint ဆိုတဲ့ အကောင့်က ပါမောက္ခ ဒေါက်တာ ဒေါ်မာမာကြည်ကို Credit ပေးပြီး ရေးသားထားတာကို တွေ့ရပြီး ၎င်းထံကနေ ကူယူးဖော်ပြသူတွေဟာ Kyaw Swa Myint အကောင့်ကို Credit ပေးပြီး ထပ်ဆင့် ရေးထားဖြန့်ဝေနေတာကို တွေ့ရပါတယ်။ အဲ့ဒီပိုစ့်တွေဟာ အခု လူမှုကွန်ယက်ပေါ်မှာ လူပေါင်း သိန်းချီအထိ ပျံ့နှံ့နေတာကို တွေ့ရပြီး ဆက်လက် ဖြန့်ဝေနေကြဆဲ ဖြစ်ပါတယ်။


    သတင်းဆန်းစစ်ချက်

    လူမှုကွန်ယက်ပေါ်မှာ ရေးသားဖြန့်ဝေနေတဲ့ ကိုဗစ်ကုသရေး ဆုတ်ခွါစစ်ကို အဆင့် (၅) ဆင့်နဲ့ ပြင်နေပြီ ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ပါမောက္ခဒေါက်တာဒေါ်မာမာကြည် နာမည်ကို သုံးပြီး ဖြန့်ဝေထားတဲ့ သတင်းအမှား သက်သက်ဖြစ်ကြောင်း တွေ့ရပါတယ်။

    ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ပါမောက္ခဒေါက်တာဒေါ်မာမာကြည် ကလည်း ၎င်းရေးသားထားတဲ့ စာမဟုတ်ဘူးလို့ လူမှုကွန်ယက်ပေါ်မှာ ရေးသားထားပါတယ်။ ကျော်စွာမြင့် အကောင့်ပိုင်ရှင်က ဒေါက်တာဒေါ်မာမာကြည် နာမည်ကို မှားယွင်းစွာ Credit ပေးခဲ့တာ ဖြစ်ပါတယ်။


    ကိုဗစ်ဆုတ်ခွာစစ် အဆင့် (၅) ဆင့် စတင်ပြီ ဆိုတဲ့အကြောင်းအရာနဲ့ ပတ်သက်ပြီး Boom Myanmar က ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ရဲ့ Call Center က တာဝန်ကျ ဆရာဝန်ကို ဆက်သွယ်မေးမြန်းတဲ့အခါမှာ အဲ့ဒီအကြောင်းအရာဟာ သတင်းအမှားဖြစ်ကြောင်း အတည်ပြုပါတယ်။ ၎င်းတို့ ရေးသားထားတဲ့ အဆင့် (၅) ဆင့်ကို အစိုးရဘက်ကလည်း ထုတ်ပြန်ထားခြင်း မရှိသလို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားခြင်း မရှိဘူးလို့ ဆိုပါတယ်။

    ဒီသတင်းဟာ ကိုဗစ်ကုသရေးနဲ့ ပတ်သက်ပြီး လူအများထိတ်လန့်အောင် ရေးသားဖြန့်ဝေထားတဲ့ သတင်းအမှားတစ်ပုဒ်သာ ဖြစ်ပါတယ်။ လတ်တလောမှာ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနအနေနဲ့ ကိုဗစ်နဲ့ပတ်သက်လို့ ဂရုတစိုက်ကာကွယ်ရန်နဲ့ ကိုဗစ်နဲ့ယှဉ်တွဲနေထိုင်ဖို့လိုတဲ့အကြောင်းအရာကိုသာ ထုတ်ပြန်ကြေငြာထားတာသာရှိပြီး ဒီထုတ်ပြန်ချက်ထဲမှာလည်း ကာကွယ်ကုသ စောင့်ရှောက်ရေးနဲ့ပတ်သက်လို့ ဆုတ်ခွာမယ်၊ ရပ်တန့်မယ်ဆိုတဲ့သဘောတွေ တစိုးတစဉ်းမျှမပါရှိထားပါဘူး။

    အထက်ပါသတင်းအမှားကိုဝေမျှထားတဲ့ကျော်စွာမြင့်အကောင့်ဟာ အတည်မပြုနိုင်တဲ့သတင်းအချက်အလက်တွေနဲ့ သတင်းတု၊ သတင်းမှားတွေကိုရံဖန်ရံခါ ဝေမျှလေ့ရှိပြီး၊ ယခုသတင်းမှာလည်း ၎င်းကိုယ်တိုင်တွေ့ဆုံ မေးမြန်းရေးသားထားတဲ့အကြောင်းအရာကို ရေးသားဖြန့်ဝေထားတာမဟုတ်ပဲ လူမှုကွန်ရက်မှာ တခြားသူတစ်ဦးရေးသားထားတဲ့ အချက်အလက်မခိုင်လုံတဲ့အကြောင်းအရာကို ကူးယူဖြန့်ဝေထားတာဖြစ်ပါတယ်။



    Tags

    False newsCovid19treatmentCorona Myanmarသတင်းအမှားကိုရိုနာမြန်မာကိုဗစ်ကုသရေးဆုတ်ခွာစစ်
    Read Full Article
    Claim :   လူမှုကွန်ယက်ပေါ်မှာ ရေးသားဖြန့်ဝေနေတဲ့ ကိုဗစ်ကုသရေး ဆုတ်ခွါစစ်ကို အဆင့် (၅) ဆင့်နဲ့ ပြင်နေပြီ ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  Facebook, website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!