BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • City Mart အမည်ခံပြီး...
သတင်းအတု

City Mart အမည်ခံပြီး အချက်အလက်ခိုးယူဖို့ဖန်တီးထားတဲ့ Page အတု

City mart က ၂၆ နှစ်မြောက် အထိမ်းအမှတ်အဖြစ် တစ်သိန်းမှ ငါးသန်းအထိ တန်ဘိုးရှိတဲ့ အခမဲ့ဘောက်ချာတွေ ပေးမယ်ဆိုတဲ့အကြောင်းအရာတွေဟာ City Mart Fans ဆိုတဲ့ ပေ့ချ်တစ်ခုက ဖန်တီးဖြန့်ဝေထားတဲ့အကြောင်းအရာဖြစ်ပြီး ဒီအချက်အလက်မှားယွင်းကြောင်းကို City Mart စီးပွားရေးလုပ်ငန်းစုက ဖြေရှင်းအသိပေးထားပါတယ်။

By - Boom Live Myanmar |
Published -  29 Jun 2022 7:19 PM IST
  • City Mart အမည်ခံပြီး အချက်အလက်ခိုးယူဖို့ဖန်တီးထားတဲ့ Page အတု

    ဒီအကြောင်းအရာကို ဇွန်လ ၂၇ ရက်နေ့က စတင်ပြီး City Mart Fan page အမည်ခံထားတဲ့ Page ကနေ ဖြန့်ဝေနေတာဖြစ်ပြီး တချို့ပိုစ့်တွေမှာ ထပ်ဆင့်ဖြန့်ဝေမှုပေါင်း သုံးသောင်းတစ်ထောင်ကျော်အထိ ရှိနေပါတယ်။ ဒီအကြောင်း ဖြန့်ဝေရာမှာ "City mart ၏ 26 နှစ်မြောက် အထိမ်းအမှတ်အဖြစ် လူတိုင်းအတွက် 1 သိန်းမှ 5 သန်းအထိ အခမဲ့ဘောက်ချာများ ပေးအပ်ရန် ဆုံးဖြတ်လိုက်သည်၊ ယခုပင် သင်၏ကံကောင်းလက်ဆောင်ကို ရွေးချယ်လိုက်ပါ။ ဘုရားသခင်ကောင်းချီးပေးပါစေ" လို့ ရေးသားဖြန့်ဝေနေတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒီအကြောင်းအရာကို City Mart Supermarket Myanmar ရဲ့ တရားဝင်ဖေစ့်ဘွတ်ပေချ့်မှာ ဝင်ရောက်ကြည့်ရှု့ရာမှာ သတင်းအမှား ဖြစ်ကြောင်း၊ Promotion နှင့် ကံစမ်းမဲအစီအစဉ်တွေဟာ City Mart ရဲ့ တရားဝင်ဖေစ့်ဘွတ်ပေချ့်နဲ့ ဆိုင်အတွင်းကြော်ငြာစာတွေမှာ ကြေညာမှသာ တရားဝင်ဖြစ်မယ်လို့ ပြန်လည်ဖြေရှင်းထားပါတယ်။


    City Mart Supermarket Myanmar ရဲ့ တရားဝင်ဖေစ့်ဘွတ်ပေချ့်မှာ ကြေညာထားချက်ကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။ ယခုသတင်းအမှားကိုဖြန့်ဝေထားတဲ့ ပေ့ချ်ကို ဝင်ရောက်လေ့လာရာမှာ ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်ကမှစတင်ဖွင့်လှစ်ထားတဲ့ပေ့ချ်တစ်ခုဖြစ်ပြီး
    ပေ့ချ်တစ်ခုလုံးမှာ ပို့စ်နှစ်ခုသာတင်ထားရသေးတာတွေ့ရပါတယ်။ ဒါ့အပြင်ပို့စ်နှစ်ခုလုံးအနက် ပထမပို့စ်တစ်ခုမှာ ပရိုမိုးရှင်းအကြောင်းလိမ်ညာရေးသားထားတဲ့အကြောင်းအရာဖြစ်ပြီး အဆိုပါပို့စ်မှာတော့ Comment ရေးသားမှုတစ်ခုချင်းစီကို Reply ပြန်ထားပါတယ်။

    ယခုသတင်းကိုရေးသားနေတဲ့အချိန်မှာတော့ ဇွန်လ ၂၇ ရက် နေ့ကတင်ထားတဲ့ နောက်ဆက်တွဲ ပို့စ်အဖြစ် ကံစမ်းမဲပါဝင်သူတွေဖြည့်ဖို့ Online form ဆိုတဲ့ လင့်တစ်ခုကိုတွဲထင်ထားတာတွေ့ရပါတယ်။အဲ့ဒီလင့်အကြောင်းတင်ထားတဲ့ပို့စ်အောက်မှာတော့ Comment ရေးသားတဲ့နေရာကိုပိတ်ထားပါတယ်။ အဆိုပါ အွန်လိုင်းဖောင်ပို့စ်ဟာ City Mart Holding လိမိတက်က page အတုဖြစ်ကြောင်းကြေငြာပြီးနောက်မှ ဖြန့်ဝေထားတာဖြစ်ပါတယ်။

    ပုံမှန်အားဖြင့် အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းပေ့ချ်တွေနဲ့၊ အထင်ကရ ဖေ့စ်ဘွတ်ပေ့ချ်တွေကိုတုပဖန်တီးတဲ့ပေ့ချ်အတုတွေ လူမှုကွန်ရက်မှာမကြာခဏပေါ်ထွက်လေ့ရှိပေမယ့် ယခုပေါ်ထွက်လာတဲ့ ပေ့ချ်ကတော့ ဖောင်ဖြည့်သွင်းသူတွေရဲ့ အချက်အလက်တွေကို ခိုးယူဖို့ မသမာတဲ့နည်းလမ်းနဲ့ ဖန်တီထားတဲ့ ပေ့ချ်အဖြစ် ယူဆရပါတယ်။ ပေ့ချ်အတုဖြစ်တဲ့အပြင် နောက်ကွယ်က ပေ့ချ်ကိုကိုင်တွယ်နေတဲ့သူတွေကို သာမာန်လူတွေသိဖို့ခက်တာကြောင့် ပေ့ချ်ကကြေငြာနေတဲ့ လင့်မှာ အချက်အလက်ဖြည့်သွင်းစေမှုကို ဂရုပြုဖို့လိုအပ်ပါတယ်။ ကံစမ်းမဲနဲ့မြှုဆွယ်ထားတဲ့ ပေ့ချ်တွေဟာ လူမှုကွန်ရက်စာမျက်နှာတွေမှာမကြာခဏပေါ်ထွက်လေ့ရှိပြီး ဒီလိုပေ့ချ်တွေဟာ ဝင်ရောက်သူတွေအတွက် တကိုယ်ရည်အချက်အလက်တွေပေါက်ကြားနိုင်တဲ့အထိ အန္တရာယ်ရှိတာကို သတိပြုဖို့လိုပါတယ်။

    Tags

    Free Promotionfree promotion vouchersCity Martစျေးဝယ်စင်တာအခမဲ့ဘောက်ချာFakenewsပမိုးရှင်းFake promotion
    Read Full Article
    Claim :   City mart က 26 နှစ်မြောက် အထိမ်းအမှတ်အဖြစ် 1 သိန်းမှ 5 သန်းအထိ တန်ဘိုးရှိတဲ့ အခမဲ့ဘောက်ချာတွေ ပေးမယ်
    Claimed By :  Facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!