BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • စစ်ကောင်စီကကြေငြာတဲ့...
သတင်းအတု

စစ်ကောင်စီကကြေငြာတဲ့ သာသနာပြုဆရာတော် မီးရှို့သတ်ဖြတ်ခံရတယ်ဆိုတဲ့ သတင်းအမှား

လူမှုကွန်ယက်ပေါ်မှာ ချင်းတောင်တန်းက သာသနာပြုဆရာတော် မီးရှို့သတ်ဖြတ်ခံရတယ်ဆိုတဲ့ သတင်းအမှားတွေ ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  12 Jun 2021 8:52 AM IST
  • စစ်ကောင်စီကကြေငြာတဲ့ သာသနာပြုဆရာတော် မီးရှို့သတ်ဖြတ်ခံရတယ်ဆိုတဲ့ သတင်းအမှား

    အဆိုပါ သတင်းအမှားကို Han Nyein Oo ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ဇွန်လ ၆ ရက်နေ့ မနက် ၁၀ နာရီ ၁၀ မိနစ်မှာ စတင်ရေးသားခဲ့တာ ဖြစ်ပြီး ၎င်း သတင်းအမှားရဲ့ ခေါင်းစဉ်မှာ "မင်းတပ် တီဒိန်တောင်တန်းသာသနာပြု ဆရာတော်

    မီးရှို့သတ်ဖြတ်ခံရ" လို့ ရေးသားထားပါတယ်။ သတင်းအမှားရဲ့ အတွင်းပိုင်းမှာတော့ "မင်းတပ်နဲ့ မတူပီကြားက တီဒိန်ရွာ တောင်တန်းသာသနာပြု ဆရာတော် အရှင်ပညာဇောတ သည် ဟားခါးမြို့သို့ စာမေးပွဲဖြေဆိုရန် ၄င်းကျောင်းကနေထွက်လာခဲ့ပြီး မင်းတပ်ဗဟိုသာသနာပြုကျောင်းကို ရောက်ရှိလာခြင်းမရှိခဲ့ပါ ။ လမ်းမှာ ပျောက်ဆုံးနေ၍ မင်းတပ်ဗဟို သာသနာပြုကျောင်း ဆရာတော်မှ ဖုန်းဖြင့်ချိတ်ဆက်သော်လည်း မရခဲ့၍ ၅ ရက်နေ့တွင် သက်ဆိုင်ရာသို့ သတင်းပို့လာခဲ့ပါတယ် ။ ယနေ့ နောက်ဆုံး မြေပြင်သတင်းအရ ဆရာတော်အား လက်နက်ကိုင် လူငယ်တစုမှ သတ်၍ ကားနှင့်အတူ မီးရှို့လိုက်ကြသည်ဟု ကြားသိရပါသည်" လို့ ရေးသားခဲ့ပါတယ်။

    ဟန်ငြိမ်းဦး Acc က ရေးသားဖြန့်ဝေအပြီးမှာ တခြားဖေ့စ်ဘွတ်အကောင့်ပေါင်းများစွာက ကူးယူဖော်ပြခဲ့ကြပြီး စစ်တပ် ထောက်ခံသူတွေရှိတဲ့ ဖေ့စ်ဘွတ်ဂရုတွေမှာ ဘာသာရေးသွေးထိုး လှုံ့ဆော်မှုတွေ ဆက်တိုက် ထွက်ပေါ်ခဲ့ပါတယ်။

    ဟန်ငြိမ်းဦး အကောင့်ဟာ အဆိုပါ သတင်းကို အဆိုပါ သတင်းကို နေ့ခင်းပိုင်းမှာ Edit ပြန်လုပ်ခဲ့ပေမယ့် ၎င်းထံက ကူးယူဖော်ပြနေသူတွေကြောင့် သတင်းအမှားဟာ ဆက်တိုက်ပျံ့နှံ့နေဆဲ ဖြစ်ခဲ့ပါတယ်။

    မူရင်း ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။


    ဒါ့အပြင် ဇွန်လ ၆ ရက်နေ့ည MRTV သတင်းမှာလည်း ချင်းတောင်တန်း သာသနာပြုဆရာတော် မီးရှို့သတ်ဖြတ်ခံရတယ် ဆိုတဲ့ သတင်းအမှားကို ထုတ်လွှင့်ခဲ့ကြပြီး ဇွန်လ ၇ ရက်နေ့ မနက်ထွက်တဲ့ ကြေးမုံနဲ့ မြန်မာ့အလင်း သတင်းစာမှာ အဆိုပါ သတင်းအမှားကို ထပ်မံဖြန့်ဝေထားပါတယ်။ ဒီလို ဖြန့်ဝေမှုထဲမှာ ဘာသာရေး သွေးထိုးလှုံ့ဆော် ရေးသားမှုတွေ ပါဝင်ခဲ့ပါတယ်။


    သတင်းဆန်းစစ်ချက်

    လူမှုကွန်ယက်ပေါ် ပျံနှံ့ခဲ့တဲ့ ချင်းတောင်တန်း သာသနာပြုဆရာတော် မီးရှို့သတ်ဖြတ်ခံရတယ် ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် ဆန်းစစ်ကြည့်တဲ့အခါ သတင်းအမှားသက်သက်ဖြစ်ပြီး ဘာသာရေးသွေးထိုးလှုံ့ဆော်မှုတွေနဲ့ ဆက်လက် ဖြန့်ဝေနေတာကို တွေ့ရပါတယ်။

    ချင်းတောင်တန်း သာသနာပြုဆရာတော် အရှင်ပညာဇောတဟာ မင်းတပ်မြို့က ထွက်ခွာချိန်မှာ ချင်းပြည်သူ့ကာကွယ်ရေးတပ်တွေက ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်ခဲ့တယ် ဆိုတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး သံဃာတော်တွေကလည်း သတင်းအမှားဖြစ်တယ်လို့ အတည်ပြုပေးထားကြသလို ခေတ်သစ် သတင်းဌာနကို ဆရာတော်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက သတင်းအမှားဖြစ်တယ်လို့ အတည်ပြုပေးထားကြပါတယ်။

    ဟန်ငြိမ်းဦး ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်ဟာ လူသိများတဲ့ အနုပညာရှင်တွေကို ပုဂ္ဂိုလ်ရေး ခြိမ်းခြောက်ပြီး မကြာခဏ ငွေညှစ်ကာ ညစ်ညမ်းဓါတ်ပုံတွေ၊ Video တွေ ဖြန့်မယ်လို့ ခြိမ်းခြောက်လေ့ရှိပါတယ်။ စစ်တပ်က အာဏာသိမ်းအပြီးမှာတော့ ၎င်း အကောင့်ပိုင်ရှင်ဟာ ဝါဒဖြန့် သတင်းအမှားတွေ မကြာခဏ ဖြန့်ဝေလေ့ရှိတာကို တွေ့ရပါတယ်။


    Tags

    False newsChin missionary monkburned to deathCPDFCoupချင်းတောင်တန်းသာသနာပြုဆရာတော်သတင်းအမှား
    Read Full Article
    Claim :   Han Nyein Oo ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က စတင်ဖြန့်ဝေခဲ့တဲ့ ချင်းတောင်တန်း သာသနာပြုဆရာတော် မီးရှို့သတ်ဖြတ်ခံရတယ် ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!