BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • လက်ဝှေ့ချန်ပီယံ ဒေဝကို ONE...
      သတင်းအတု

      လက်ဝှေ့ချန်ပီယံ ဒေဝကို ONE ပွဲစဉ်တွေမှာ တွေ့ရဖွယ်ရှိတယ်ဆိုတဲ့ သတင်းအမှား

      မြန်မာနိုင်ငံကို ကိုယ်စားပြုကစားနေတဲ့ ကနေဒါနိုင်ငံသား လက်ဝှေ့ချန်ပီယံ ဒေ့ဗ် လက်ဒစ် ခေါ် ဒေ၀ကို ONE Championship ကပြုလုပ်တဲ့ ပွဲစဉ်တွေမှာ တွေ့ရနိင်တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

      By - Boom Live Myanmar |
      Published -  28 July 2024 2:08 PM IST
    • လက်ဝှေ့ချန်ပီယံ ဒေဝကို ONE ပွဲစဉ်တွေမှာ တွေ့ရဖွယ်ရှိတယ်ဆိုတဲ့ သတင်းအမှား

      ဒီအကြောင်းအရာကို Htet Myat Reaction ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဇူလိုင်လ ၂၃ ရက်နေ့က စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

      ဖြန့်ဝေရာမှာ ကြာချိန် ၄ မိနစ်ကျော်ရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'Oneမှာ မကြာခင်မြင်တွေ့ရဖွယ်ရှိတဲ့ မြန်မာ့လက်ဝှေ့ချန်ပီယံ ဒေ့' လို့ ရေးသားဖြန့်ဝေထားတာပါ။

      ဗီဒီယိုအတွင်းမှာတော့ လက်ဝှေ့ချန်ပီယံ ဒေဝနဲ့ ပက်သတ်တဲ့ အကြောင်းအရာတွေကို တဘက်သတ်အမြင်နဲ့ နောက်ခံစကားပြော ဆိုထားတာပါ။

      ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

      သတင်းဆန်းစစ်ချက်

      လက်ဝှေ့ချန်ပီယံ ဒေဝကို ONE ပွဲစဉ်တွေမှာ တွေ့ရဖွယ်ရှိတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

      ဒေဝဟာ ပြီးခဲ့တဲ့နှစ် ဩဂုတ်လအတွင်းမှာကတည်းက လက်ဝှေ့လောက ကနေ အနားယူပြီလို့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ ကြေညာထားတာဖြစ်ပါတယ်။

      မြန်မာ့လက်ဝှေ့ကို ကမ္ဘာကသိအောင်လုပ်ပေးနိုင်ခဲ့အတွက် ဂုဏ်ယူသလို ရန်ကုန်၊ သိမ်ဖြူ အားကစားကွင်းမှာ အမြဲလာအားပေးကြ သူတိုင်းကို ကျေးဇူးတင်ကြောင်းနဲ့ NLD အစိုးရလက်ထက် ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလမှာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးဆီက ဂုဏ်ပြုလက်မှတ်ကို ရရှိခဲ့တဲ့ အတွက် အထူးဂုဏ်ယူမိကြောင်းလည်း ရေးသားထားခဲ့ပါတယ်။

      လက်ဝှေ့ ချန်ပီယံခါးပတ် ၆ ကြိမ်တိုင် ဆွတ်ခူးထားတဲ့ လက်ဝှေ့ချန်ပီယံ ဒေဝဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၅ ရက်နေ့ မှာတော့ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့မှာ သူ့ရဲ့ လက်ဝှေ့သမားဘဝရဲ့ နောက်ဆုံး ကမ္ဘောဒီးယား ခွန်ခမာရိုးရာလက်ဝှေ့ ချန်ပီယံခါးပတ်လုပွဲ ကစားခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ ကမ္ဘောဒီးယား လက်ဝှေ့ချန်ပီယံ ပရွမ်ဆမ်နန်နဲ့ ထိုးသတ်ခဲ့တာဖြစ်ပြီး အနိုင် အရှုံး မပေါ်တာကြောင့် ပူးတွဲသရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။

      ONE ပွဲစဉ်တွေမှာ ပါဝင်မယ့်အကြောင်းကို ဒေဝရဲ့ တရားဝင်ဖေစ့်ဘွတ်စာမျက်နှာမှာလည်း ပြောဆိုရေးသားထားတာ မရှိသလို သက်ဆိုင်ရာ အဖွဲ့အစည်းနဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြထားတာ မရှိပါဘူး။

      ဒေဝရဲ့ တရားဝင်ဖေစ့်ဘွတ်စာမျက်နှာကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

      သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

      Tags

      Canadian Lethwei fighterလက်ဝှေ့ချန်ပီယံမြန်မာ့လက်ဝှေ့Myamar LetweiFakenewsClickbaitsသတင်းတု
      Read Full Article
      Claim :   လက်ဝှေ့ချန်ပီယံ ဒေဝကို ONE ပွဲစဉ်တွေမှာ တွေ့ရဖွယ်ရှိတယ်လို့ဆို
      Claimed By :  Facebook, Website
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!