BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ရှရွတ်ခမ်း မသေပါ
သတင်းအတု

ရှရွတ်ခမ်း မသေပါ

ကမ္ဘာကျော် ဘောလိဝုဒ်ဝါရင့် သရုပ်ဆောင် ရှာရွတ်ခန်း မွန်ဘိုင်း လေဆိပ်မှာ လေယာဉ်ပျက်ကျ သေဆုံးခဲ့တယ်သတင်းအမှားတွေအမြောက်အများ ဒီရက်ပိုင်းထဲပျံ့နှံ့ခဲ့ပါတယ်။

By - Boom Live Myanmar |
Published -  11 Oct 2021 9:49 PM IST
  • ရှရွတ်ခမ်း မသေပါ

    ဒီသတင်းအမှားကို မင်းသားကြီး ရှရွတ်ခန်းရဲ့ ဓါတ်ပုံနှစ်ပုံအပါအဝင် အသုဘအခမ်းအနား တစ်ခုမှာ ငိုကြွေးနေတဲ့ အမျိုးသမီးဓါတ်ပုံနဲ့ အိန္ဒိယအလံ ဖုံးအုပ်ထားတဲ့ ရုပ်အလောင်းတစ်ခုနားမှာ ရပ်နေတဲ့ အဖြူရောင်ဝတ်စုံနဲ့ အမျိုးသားတစ်ဦးရဲ့ပုံကို ပြုပြင်အသုံးပြုကာ အောက်တိုဘာလ ၇ ရက်နေ့ နေ့လည်ပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။

    ဖြန့်ဝေရာမှာ "မင်းသားကြီး ရှရွတ်ခန်းဟာ ဒေလီမှာ ရှူတင်ရိုက်ပြီး မွန်ဘိုင်းသို့အပြန် Air India လေယာဉ်ဖြင့်လိုက်ပါလာခဲ့စဉ် မွန်ဘိုင်း လေဆိပ်သို့ အရောက် လေယာဉ်စက်ချို့ယွင်းမှုဖြစ်ပြီး ပျက်ကျပြီးသေဆုံးခဲ့ကြောင်းနဲ့ အဆိုပါ လေယာဉ်ပျက်ကျမှုကြောင့် မင်းသားကြီး ရှာရွတ်ခန်းနှင့်အတူ အခြားခရီးသည် ၁၀၉ ဦးလည်း သေဆုံးခဲ့တယ်" လို့ ရေးသားထားပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒီဖြန့်ဝေမှုဟာ သတင်းမှား တစ်ခုဖြစ်တယ်ဆိုတာကို အလွယ်တကူ သိရှိနိုင်တယ်ဆိုပေမယ့် ပြန်လည်ဖြန့်ဝေသူ အများအပြား ရှိနေတဲ့အတွက် BOOM က သတင်းဆန်းစစ်မှု ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

    ဖြန့်ဝေမှုထဲက Air India လေယာဉ် မွန်ဘိုင်းလေဆိပ်မှာ ပျက်ကျတယ်ဆိုနဲ့ ပါတ်သတ်ပြီး မွန်ဘိုင်းလေဆိပ် တရားဝင် ဝက်ဘ်ဆိုက်နဲ့ မွမ်ဘိုင်းလေဆိပ်ရဲ့ သတင်းအချက်အလက်တွေ လမ်းညွှန်ပေးနေတဲ့ MUMBAI AIRPORT (BOM) ဆိုတဲ့ ဝက်ဘ်ဆိုက်တွေမှာ ဝင်ရောက်ကြည့်ရှု့ရာမှာ လေယာဉ်မတော်တဆမှုအကြောင်း ဖော်ပြထားခြင်း မရှိတာကို တွေ့ရပါတယ်။ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    နောက်ထပ်တစ်ချက်အနေနဲ့ ဖြန့်ဝေထားတဲ့ ပုံတွေထဲက အသုဘအခမ်းအနား တစ်ခုမှာ ငိုကြွေးနေတဲ့ အမျိုးသမီးဓါတ်ပုံကတော့ ၂၀၁၃ ခုနှစ် ဇွန်လအတွင်းက သေဆုံးခဲ့တဲ့ ဘောလီးဝုဒ်မင်းသမီး Jiah Khan ရဲ့ ဈာပနမှာ သူမရဲ့ အမေ Rabiya ငိုကြွေးနေတဲ့ ပုံဖြစ်ပါတယ်။ ဒီဓါတ်ပုံကို သတင်းမီဒီယာအများအပြားမှာ ဖော်ပြခဲ့တာပါ။ ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။


    နောက်ထပ် ဖြန့်ဝေထားတဲ့ ပုံတွေထဲက အိန္ဒိယအလံ ဖုံးအုပ်ထားတဲ့ ရုပ်အလောင်းတစ်ခုနားမှာ ရပ်နေတဲ့ အဖြူရောင်ဝတ်စုံနဲ့ အမျိုးသားတစ်ဦးရဲ့ပုံကတော့ ၂၀၁၈ ခုနှစ် ဖေဖေါ်ဝါရီလအတွင်းက ဒူဘိုင်းမှာ မတော်တဆ သေဆုံးခဲ့တဲ့ ဘောလီးဝုဒ်မင်းသမီး

    စရီဒေဝီ ရဲ့ ဈာပနမြင်ကွင်းပဲ ဖြစ်ပါတယ်။ ဆယ်စုနှစ်ငါးခုအတွင်း ရုပ်ရှင်ကားပေါင်း ၃၀၀ နီးပါးမှာ ပါဝင်ခဲ့တဲ့ ဒီမင်းသမီးကို နိုင်ငံတော်ဈာပနအတွက် အိန္ဒိယအလံနဲ့ ရစ်ပတ်ထားတဲ့ ပုံဖြစ်ပါတယ်။ ဒီပုံကို ဘီဘီစီသတင်းဌာနမှာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ဖော်ပြထားတာဖြစ်ပြီး ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။


    လတ်တလောအချိန်မှာ မင်းသားကြီး ရှာရွတ်ခန်းအနေနဲ့ သူ့ရဲ့သားဖြစ်သူ အာရခန်း မူးယစ်ဆေးဝါးမှုနဲ့ ထိန်းသိမ်းခံထားရတာကြောင့် ရိုက်ကူးရေးအလုပ်တွေ အကုန်ရပ်ထားတဲ့အကြောင်း DECCAN CHRONICLE ဆိုတဲ့ သတင်းဌာနမှာ အောက်တိုဘာလ ၇ ရက်နေ့က ဖော်ပြထားပါတယ်။ ဒီနေရာ မှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။

    Tags

    Bollywood actorIdian Actoractor Shah Rukh KhanAirplane Crashedဘောလိဝုဒ်လေယာဉ်ပျက်ကျအသုဘအခမ်းအနားFuneralAir IndiaMUMBAI AIRPORT (BOM)Fakenews
    Read Full Article
    Claim :   ကမ္ဘာကျော် ဘောလိဝုဒ်ဝါရင့် သရုပ်ဆောင် ရှာရွတ်ခန်း မွန်ဘိုင်း လေဆိပ်မှာ လေယာဉ်ပျက်ကျ သေဆုံးခဲ့တယ်ဆိုပြီး လူမှုမီဒီယာပေါ်မှာ ဖြန့်ဝေနေတဲ့အပေါ် BOOM က သတင်းဆန်းစစ်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!