BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဗန်းမော်ဆရာတော် လုပ်ကြံခံရတယ်ဆိုတဲ့...
သတင်းအတု

ဗန်းမော်ဆရာတော် လုပ်ကြံခံရတယ်ဆိုတဲ့ သတင်းအမှား

နိုင်ငံတော် သံဃာ့မဟာနယကအဖွဲ့ဥက္ကဋ္ဌ နဝမ ဗန်းမော်ဆရာတော် ဘဒ္ဒန္တကုမာရာဘိဝံသ လုပ်ကြံခံရတယ်ဆိုပြီး လူမှုမီဒီယာတွေပေါ်မှာ ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  29 May 2023 8:30 AM IST
  • ဗန်းမော်ဆရာတော် လုပ်ကြံခံရတယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ HD Videos ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ မေလ ၂၇ ရက်နေ့ နံနက်ပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်ကျော်ရှိတဲ့ ဗွီဒီယိုဖိုင်တစ်ခုနဲ့အတူ ကာဗာမှာ PDF တပ်ဖွဲ့ဝင်တွေရဲ့ ပုံအသုံးပြုကာ ‘ဗန်းမော်ဆရာတော် လုပ်ကြံခံရမှု တနိုင်ငံလုံး အံ့ဩကုန်ပြီ။ ပွဲဆူကုန်ပြီဟေ့’ လို့ ရေးသားဖြန့်ဝေထားတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    အခုသတင်းကိုဖြန့်ဝေထားတဲ့ HD Video ဆိုတဲ့စာမျက်နှာဟာ နေ့စဉ်နဲ့အမျှသတင်းတုတွေကို ဗီဒီယိုတွေအဖြစ်ဖြန့်ဝေနေတဲ့ ပေ့ချ်တစ်ခုဖြစ်ပြီး များသောအားဖြင့် အထိတ်တလန့်ဖြစ်ဖွယ် ခေါင်းစဉ်နဲ့ အသုံးအနှုံးတွေကို ရေးသားဖန်တီးဖြန့်ဝေလေ့ရှိတဲ့ ပေ့ချ်တစ်ခုဖြစ်ပါတယ်။ အခုတစ်ခေါက်မှာလည်း ဘာသာရေးနဲ့နှီးနွယ်ပြီး ထိလွယ်ရှလွယ်ကိစ္စမျိုးကို ဖန်တီးဖြန့်ဝေလာတာဖြစ်ပါတယ်။

    နဝမမြောက် ဗန်းမော်ဆရာတော်ဘုရားကြီး ဦးကုမာရာဘိဝံသဟာ မေလ ၂၅ ရက်နေ့ ည ၁၁ နာရီ ၁၁ မိနစ်အချိန်မှာ ပျံလွန်တော်မူ သွားခဲ့တာဖြစ်ပြီး ဆရာတော်ဘုရားကြီး ပျံလွန်တဲ့ဖြစ်ရပ်ကို သတင်းအမှားအဖြစ်လုပ်ကြံဖြန့်ဝေခဲ့ဖြစ်ပါတယ်။

    ဖြန့်ဝေထားတဲ့ ဗွီဒီယိုဟာ အခြားသတင်းဌာနက သတင်းတွေကို ကူးယူပြီး နောက်ခံစကားပြောထားတဲ့ အသံတွေထည့်သွင်းထားတဲ့ ရုပ်သံဖိုင်တွေပဲ ဖြစ်ပါတယ်။ ဒီထဲမှာ ဗန်းမော်ဆရာတော် လုပ်ကြံခံရတယ်ဆိုတဲ့ အကြောင်းအရာမပါဝင်ပါဘူး။

    ဗန်းမော်ဆရာတော်ဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ရက်ရှည်ဆေးကုသမှုခံယူခဲ့ရပြီးနောက် သူသီတင်းသုံးရာ မန္တလေး ဗန်းမော်ကျောင်းတိုက်မှာ ပျံလွန်တော်မူသွားတာဖြစ်ပြီး သက်တော် ၉၅ နှစ် ဝါတော် ၇၅ ဝါ ရှိပြီဖြစ်တယ်လို့ သိရပါတယ်။

    ဆရာတော်ဟာ ကျမ်းပေါင်းများစွာကို ပြုစုခဲ့သလို အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်မှာလည်း ဒုတိယ ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ ဖေစ့်ဘွတ်ပေချ့်တွေဟာ နိုင်ငံရေး၊ စီးပွားရေး သတင်းတွေသာမက လူမျိုးရေးနဲ့ ဘာသာရေးလို သတင်းတွေကိုတောင် တမင်လိမ်ညာ အသုံးချပြီး ဖြန့်ဝေလာတာ တွေ့ရပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို စစ်ဆေးကြည့်တဲ့အခါ သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့တွေဖြစ်တာကို တွေ့ရပါတယ်။

    Tags

    Bhamo Sayadawဗန်းမော်ဆရာတော်assassinatedလုပ်ကြံFakenewsClickbaits
    Read Full Article
    Claim :   နိုင်ငံတော် သံဃာ့မဟာနယကအဖွဲ့ဥက္ကဋ္ဌ နဝမ ဗန်းမော်ဆရာတော် ဘဒ္ဒန္တကုမာရာဘိဝံသ လုပ်ကြံခံရတယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!