BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • BGF ခေါင်းဆောင်စောချစ်သူ...
      သတင်းအတု

      BGF ခေါင်းဆောင်စောချစ်သူ ပစ်သတ်ခံရတယ်ဆိုတဲ့ သတင်းအမှား

      ကရင်နယ်ခြားစောင့်တပ် BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူ ပစ်သတ်ခံရတယ်ဆိုပြီး ရေးသားဖြန့်ဝေ နေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

      By - Boom Live Myanmar |
      Published -  26 Feb 2025 7:15 AM IST
    • BGF ခေါင်းဆောင်စောချစ်သူ ပစ်သတ်ခံရတယ်ဆိုတဲ့ သတင်းအမှား

      ဒီအကြောင်းအရာကို Khit Thit Myanmar ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့ တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

      ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'အရေးပေါ် သတင်းထူး။ BGF ခေါင်းဆောင်စောချစ်သူ ပစ်သတ် ခံရပြီ။ ရန်ကုန်ခေတ်သစ်မှ အတည်ပြု ကြေညာလိုက်ပြီ' လို့ ရေးသားထား တာပါ။

      ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။

      ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

      သတင်းဆန်းစစ်ချက်

      BGF ခေါင်းဆောင်စောချစ်သူ ပစ်သတ်ခံရတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

      ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ Khit Thit Media သတင်းဌာနမှာ ဖေဖော်ဝါရီ ၂၅ ရက်နေ့က ဖော်ပြထားတဲ့ 'စစ်ကောင်စီ လက်အောက်ခံ BGF ခေါင်းဆောင် စောချစ်သူ(ခ) စံမြင့်၊ တင်ဝင်းနှင့် မုတ်သုန်တို့ကို ထိုင်းအစိုးရက ဖမ်း၀ရမ်းထုတ်ရန် JFM တိုက်တွန်း' ဆိုတဲ့ သတင်းကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။

      သတင်းထဲမှာ အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် BGF ခေါင်းဆောင် စောချစ်သူ(ခ) စံမြင့်၊ တင်ဝင်းနှင့် မုတ်သုန် တို့ကို ထိုင်းအစိုးရက ဖမ်း၀ရမ်းထုတ်ရန် Justice for Myanmar (JFM)က တိုက်တွန်းလိုက်ကြောင်း၊ BGF ကရင်နယ်ခြားစောင့်တပ်ဖွဲ့ ခေါင်းဆောင်တွေဖြစ်တဲ့ စောချစ်သူ (အမည်ရင်း စံမြင့်)၊ တင်ဝင်းနဲ့ မုတ်သုန်တို့ သုံးဦးကို လူကုန်ကူးမှုအတွက် အထူးစုံစမ်းစစ်ဆေးရေးဌာန (DSI) က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး ဖမ်းဝရမ်းထုတ်နိုင်ရန် လုပ်ဆောင်နေတဲ့ သတင်းတွေကို Justice For Myanmar က ကြိုဆိုကြောင်း၊ ထိုင်းအစိုးရအနေဖြင့် ယင်းလုပ်ငန်းစဉ်ကို အမြန်လုပ်ဆောင်ရန်နဲ့ တရားရုံးမှာ အဆိုပါ ဖမ်းဝရမ်းတွေကို လျှောက်ထားဖို့ တိုက်တွန်းကြောင်း၊ ဖမ်းဝရမ်းတွေ ထုတ်ပေးမှုဟာ ထိုင်းနယ်စပ်တလျှောက် ကရင်နယ်ခြားစောင့်တပ် ခေါင်းဆောင်တွေ ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို ဖြေရှင်းရာမှာ အရေးပါတဲ့ ခြေလှမ်းတစ်ရပ် ဖြစ်လာမှာ ဖြစ်တယ်လို့ JFM က ပြောဆိုကြောင်းတွေ ရေးသားထားတာပါ။

      ဒီသတင်းထဲမှာ BGF ခေါင်းဆောင်စောချစ်သူ ပစ်သတ်ခံရတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြား ယုံကြည် စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။

      Khit Thit Media မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

      သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

      Tags

      shot deadစောချစ်သူKaren Border Guard BGFFakenewsပစ်သတ်ခံရ
      Read Full Article
      Claim :   BGF ခေါင်းဆောင်စောချစ်သူ ပစ်သတ်ခံရတယ်လို့ဆို
      Claimed By :  Facebook, Website, Youtube
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!