BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဘင်္ဂလားဒေရှ့်က အာရက္ခတပ်တော် AA...
သတင်းအတု

ဘင်္ဂလားဒေရှ့်က အာရက္ခတပ်တော် AA ကို လက်နက်ရောင်းမယ်လို့ ကြေညာတယ်ဆိုတဲ့ သတင်းအမှား

ဘင်္ဂလားဒေရှ့်က မြန်မာနိုင်ငံဆိုင်ရာ သံအမတ်တွေ ချက်ချင်းပြန်ခေါ်ပြီး အာရက္ခတပ်တော် AA ကို လက်နက် ရောင်းမယ်လို့ ကြေညာတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  30 May 2025 8:38 PM IST
  • ဘင်္ဂလားဒေရှ့်က အာရက္ခတပ်တော် AA ကို လက်နက်ရောင်းမယ်လို့ ကြေညာတယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို Khit Thit YGN ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ မေလ ၂၉ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန်၁၇ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'Bangladesh က သံအမတ်တွေ ချက်ချင်းပြန်ခေါ်ကာ AA တပ်တော်ကို လက်နက်ရောင်းမယ်လို့ ကြေညာ။ မင်းအောင်လှိုင်က Bangladesh သံအမတ်ကို ခေါ်ယူဆဲဆိုတဲ့အတွက် သံတမန်ဆက်ဆံရေး ပျက်တာဖြစ်' လို့ ရေးသားထား တာပါ။

    ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။

    ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဘင်္ဂလားဒေရှ့်က သံအမတ်တွေ ပြန်ခေါ်ပြီး အာရက္ခတပ်တော် AA ကို လက်နက်ရောင်းမယ်လို့ ကြေညာတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ Khit Thit Media မှာ မေလ ၂၉ ရက်နေ့က ဖော်ပြထားတဲ့ 'ထိုင်း- မြန်မာနယ်စပ်ရှိ စစ်ကောင်စီ၏ ကနဲလေးစစ်စခန်းကို KNLA က ညတွင်းချင်း တိုက်ခိုက်သိမ်းပိုက်' ဆိုတဲ့ သတင်းကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။

    သတင်းထဲမှာ ကရင်ပြည်နယ်၊မြဝတီမြို့ တောင်ဘက်၊ ထိုင်း- မြန်မာနယ်စပ်ရှိ စစ်ကောင်စီရဲ့ ကနဲလေးစခန်းကို KNAL ပူး ပေါင်းတပ်ဖွဲ့ က မေလ ၂၉ ရက်နေ့ ညပိုင်းမှာ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ကနဲလေးစစ်စခန်းကို မေလ ၂၁ ရက်နေ့ကတည်းက တိုက်ခိုက်နေတာဖြစ်ကြောင်း၊ DKBA ဌာနချုပ် ဆုံဆည်းမြိုင် ကျေးရွာကို ရောက်ရှိလာတဲ့ အင်အား ၇၂ ဦးပါ စစ်တပ်စစ်ကြောင်း တစ်ခုလုံးကို အပြီးသတ် ချေမှုန်းတိုက်ခိုက်ခဲ့ပြီး ဖြစ်ကြောင်း ရေးသားထားတာပါ။

    ဒီသတင်းထဲမှာ ဘင်္ဂလားဒေရှ့်က အာရက္ခတပ်တော် AA ကို လက်နက်ရောင်းမယ်လို့ ကြေညာတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြား ယုံကြည် စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။

    Khit Thit Media မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    EmbassyMyanmar-Bangladesh borderဘင်္ဂလားဒေ့ချ်ဝန်ကြီးချုပ်သတင်းတုFakenewsweaponsလက်နက်ရောင်းချ
    Read Full Article
    Claim :   ဘင်္ဂလားဒေရှ့်က အာရက္ခတပ်တော် AA ကို လက်နက်ရောင်းမယ်လို့ ကြေညာတယ်လို့ဆို
    Claimed By :  Unknown
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!