BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဘန်ကီမွန်းနဲ့...
သတင်းအတု

ဘန်ကီမွန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သီးသန့်တွေ့ဆုံတယ်ဆိုတဲ့ သတင်းအမှား

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာဘန်ကီမွန်းက မြန်မာနိုင်ငံခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ သီးသန့်တွေ့ဆုံတဲ့ အပြင် စစ်တပ်ရဲ့ အမှားလို့ပြောကြားခဲ့တယ်လို့ ရေးသားဖြန့်ဝေနေထားတဲ့အကြောင်းအရာတွေဟဟာ အထောက်အထားအခိုင်အလုံမပါဝင်တဲ့ ရေးသားမှုတွေဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  26 April 2023 8:49 AM IST
  • ဘန်ကီမွန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သီးသန့်တွေ့ဆုံတယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Kanak Tavade ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဧပြီလ ၂၄ ရက်နေ့ နေ့လည်ပိုင်းမှာ စတင်ဖြန့်ဝေနေတာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၈ မိနစ်နီးပါးရှိတဲ့ ဗွီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘ဘန်ကီမွန်းနဲ့ အမေစု သီးသန့်တွေ့ဆုံ။ စစ်တပ်အမှားလို့ ဘန်ကီမွန်းပြော။ မအလ ခွေးဇာတ်ခင်းပြီ’ ဆိုတဲ့ခေါင်းစဉ်တွေနဲ့ ရေးသာထားတာပါ။ ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    The Elders အဖွဲ့ရဲ့ ဒုတိယဥက္ကဋ္ဌ ၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာဘန်ကီမွန်း မြန်မာနိုင်ငံကို ရုတ်တရက် လာရောက်ခဲ့ပြီး ဒီခရီးစဉ်နဲ့ ဆက်စပ်ပြီး လုပ်ကြံ ရေးသားထားတဲ့ အကြောင်းအရာတွေကို သတင်းအမှားတွေ ဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်တွေမှာ ဆက်တိုက်တင်နေတာဖြစ်ပါတယ်။

    ဖြန့်ဝေထားတဲ့ ဗွီဒီယိုဖိုင်ဟာ အခြားသတင်းဌာနတွေမှာ ဖော်ပြထားတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာဘန်ကီမွန်းရဲ့ ခရီးစဉ်အကြောင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြုပြင်ထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။

    ဘန်ကီမွန်းရဲ့ ခရီးစဉ်ဟာ အကြမ်းဖက်မှုတွေ ချက်ချင်း ရပ်တန့်အောင် တိုက်တွန်းဖို့ မြန်မာပြည်ကို လာခဲ့တာဖြစ်ကြောင်း၊ သက်ဆိုင်သူ အားလုံးပါဝင်ပြီး အပြုသဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးရေး စတင်ဖို့ တိုက်တွန်းကြောင်း၊ မြန်မာပြည်သူတွေကို တတ်နိုင်သမျှကူညီဖို့ မြန်မာပြည်ကို လာခဲ့တာဖြစ်ကြောင်း၊ မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်အပြင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက်အမှတ် - ၂၆၆၉ ကို အမြန်ဆုံး အကောင်အထည် ဖော်နိုင်ရေး ဆွေးနွေးခဲ့တာဖြစ်ကြောင်း ဧပြီ ၂၅ ရက်က ထုတ်ပြန်တဲ့ The Elders အဖွဲ့ရဲ့ ကြေညာချက်ထဲမှာ ရေးသားထားပါတယ်။ သူ့ရဲ့ ခရီးစဉ်ထဲမှာ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ သမ္မတဟောင်း ဦးသိန်းစိန်အပြင် တခြား စစ်ဘက်အရာရှိတွေနဲ့ တွေ့ဆုံခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတာ မရှိခဲ့ဘူးလို့ သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ ပေ့ချ်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ကြည့်ရှုသူအရေအတွက်များအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနေတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    Former UN Secretary GeneralBan Ki-moonDaw Aung San Suu Kyiဘန်ကီမွန်းဒေါ်အောင်ဆန်းစုကြည်ကုလအတွင်းရေးမှူးချုပ်ဟောင်းFakenews
    Read Full Article
    Claim :   ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာဘန်ကီမွန်းက မြန်မာနိုင်ငံခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ သီးသန့်တွေ့ဆုံတဲ့ အပြင် စစ်တပ်ရဲ့ အမှားလို့ပြောခဲ့တယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!