BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ပန်ဆယ်လို စီစဉ်တဲ့ လေယာဉ်ပစ်...
သတင်းအတု

ပန်ဆယ်လို စီစဉ်တဲ့ လေယာဉ်ပစ် ဒုံးနဲ့ လောင်ချာတွေ ရောက်လာတယ်ဆိုတဲ့ သတင်းအမှား

ပန်ဆယ်လို စီစဉ်လိုက်တဲ့ လေယာဉ်ပစ် ဒုံးနဲ့ လောင်ချာတွေ ရောက်လာပြီဆိုတဲ့ခေါင်းစဉ်နဲ့ အချိန် ၅ မိနစ်ကျော်ခန့် ကြာမြင့်တဲ့ ရုပ်သံဖိုင်တစ်ခုကို လူမှုမီဒီယာတွေပေါ် ဖြန့်ဝေနေပါတယ်။

By - Boom Live Myanmar |
Published -  29 April 2022 7:40 PM IST
  • ပန်ဆယ်လို စီစဉ်တဲ့ လေယာဉ်ပစ် ဒုံးနဲ့ လောင်ချာတွေ ရောက်လာတယ်ဆိုတဲ့ သတင်းအမှား

    ဒီရုပ်သံဖိုင်ကို 7day daily ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဧပြီ ၂၇ ရက်နေ့ နေ့လည်ပိုင်းက စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး နာရီပိုင်းအတွင်း ထပ်ဆင့်ဖြန့်ဝေသူ ရာကျော်ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ "ပန်ဆယ်လို စီစဉ်လိုက်တဲ့ လေယာဉ်ပစ် ဒုံးနဲ့ လောင်ချာတွေ ရောက်လာပြီ။ ပုဇင်းဖမ်းပွဲစပြီဟု ကြေငြာ။ စစ်ခွေးတွေ သေဖို့ပြင်ထားကြကွ" လို့ ရေးသားကာ ပန်ဆယ်လို live လွှင့်ပြောဆိုနေတဲ့ ၅ မိနစ်ခွဲခန့် ကြာမြင့်တဲ့ ရုပ်သံဖိုင်တစ်ခုပါဝင်ပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဖြန့်ဝေထားတဲ့ ရုပ်သံဖိုင်ကို ကြည့်ရှု့ရာမှာ ပန်ဆယ်လိုက စစ်ကောင်စီခေါင်းဆောင် သမ္မတဖြစ်ချင်တဲ့ အကြောင်းကို Live လွှင့် ပြောဆိုထားချက်သာ ဖြစ်ပါတယ်။ ပြောဆိုနေမှုထဲမှာ လေယာဉ်ပစ် ဒုံးနဲ့ လောင်ချာတွေ ရောက်လာတယ် ဆိုတဲ့ အချက် ပါဝင်ခြင်း မရှိပါ။ ဒါ့အပြင် ဒီရုပ်သံကို စတင်ဖြန့်ဝေတဲ့ 7day daily ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်ဟာ 7 Day News သတင်းဌာနရဲ့ နာမည်ကို ဆင်တူယိုးမှားပြုလုပ်ထားတဲ့ ပေချ့်အတုသာ ဖြစ်ပါတယ်။

    Tags

    Fake Pagefake newsလေယာဉ်ပစ်ဒုံးလောင်ချာပန်ဆယ်လိုrocket-propelled grenade launcherballistic missile has arrivedMilitary Coup
    Read Full Article
    Claim :   ပန်ဆယ်လို စီစဉ်လိုက်တဲ့ လေယာဉ်ပစ် ဒုံးနဲ့ လောင်ချာတွေ ရောက်လာပြီ
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!