BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ရခိုင်ပြည်နယ်ကို...
သတင်းအတု

ရခိုင်ပြည်နယ်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ထည့်သွင်းမယ်ဆိုတဲ့ သတင်းတု

ဘင်္ဂလားဒေ့ရှ်စစ်တပ်တွင် AA တပ်ရင်းတွေကို ထည့်သွင်းဖွဲ့စည်းပြီး ရခိုင်ပြည်နယ်ကို ၎င်းတို့နိုင်ငံအတွင်းထည့်သွင်းမယ်ဆိုပြီး ရက်အတော်ကြာ လူမှုမီဒီယာတွေပေါ် ပြပျံ့နှံ့နေတဲ့အတွက် BOOM က သတင်းဆန်းစစ်ချက်ပြုလုပ်ထားပါတယ်။

By - Boom Live Myanmar |
Published -  24 Jun 2020 7:34 AM IST
  • ရခိုင်ပြည်နယ်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ထည့်သွင်းမယ်ဆိုတဲ့ သတင်းတု

    Bangladesh Military Affairs Page တွင် ဇွန်လ ၈ ရက်နေ့က ဖော်ပြထားတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတဲ့ ပိုစ့်ကို "မြန်မာတပ်မတော်ကို ချစ်မြတ်နိုးသူ" ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဇွန်လ ၁၂ ရက်နေ့က ဖြန့်ဝေထားတွေ့ရပါတယ်။ ဒီသတင်းကို အခြားသတင်းမှားဖြန့်ဝေလေ့ရှိတဲ့ ဖေစ့်ဘွတ်ပေချ့်တွေမှာလည်း ထပ်ဆင့်ဖြန့်ဝေနေတာတွေ့ရပြီး ဖြန့်ဝေမှုတွင် "အမေရိကန်ကွန်ဂရက်အမတ်တစ်ဦး ကသူတို့၏ကွန်ဂရက်တွင် ရခိုင်ပြည်နယ်အား ဘင်္ဂလားဒေ့ရ်ှသို့ပြောင်းရန် အဆိုပြုခဲ့ကြောင်း၊ အကယ်၍ ရခိုင်ကဲ့သို့squareရိယာ ၃၆၀၀၀ စတုရန်းကီလိုမီတာသည် ဘင်္ဂလားဒေ့ရ်ှနှင့် ချိတ်ဆက်ပါက အမေရိကန်သည် စိန့်မာတင်တွင် အခြေချခွင့်ပြုပါက ဘင်္ဂလားဒေ့ရှ်အတွက် အန္တရာယ်မရှိပါကြောင်း၊ ရခိုင်လက်နက်ကိုင်များနှင့်ငြိမ်းချမ်းရေး ညှိနှိုင်းရန်နှင့် သူတို့ကို ဘင်္ဂလားဒေ့ရှ်စစ်တပ်တွင် ထည့်သွင်းရန် စီစဉ်ထားကြောင်း၊ ၎င်းတို့သည် လေ့ကျင့်ထားသော အင်အားစုများ ဖြစ်ကြောင်း၊ Arakar Army(AA) တပ်ရင်းကိုသူတို့နှင့်အတူ ဘင်္ဂလားဒေ့ရှ် စစ်တပ်တွင်ဖွဲ့စည်းမည်ဖြစ်ပြီး သူပုန်တွေကိုစနစ်တကျစီမံမယ်ဆိုရင် သဘောမတူ စရာအကြောင်းမရှိကြောင်း၊" ရေးသားထားတာတွေ့ရပါတယ်။ ဖြန့်ဝေနေမှုကို ဒီနေရာ မှာကြည့်ရှု့နိုင်ပါတယ်။

    ဒီသတင်းနဲ့ပါတ်သတ်ပြီး ဖြန့်ဝေနေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာလည်း ကြည့်ရှု့နိုင်ပါတယ်။


    သတင်းဆန်းစစ်ချက်

    သတင်းဆန်းစစ်ရာမှာ ဖြန့်ဝေရာတွေ ရေးသားထားတဲ့ Bangladesh Military Affairs ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်ကို ရှာဖွေရာမှာ အဆိုပါ Page ဟာ ဖေ့စ်ဘွတ်ကနေဖယ်ရှားထားပြီးသား Page ဖြစ်တာ တွေ့ရပါတယ်။ ဖြန့်ဝေမှုမှာပါတဲ့ ပေချ့်ပုံကို ဆန်းစစ်ရာမှာလည်း တရားဝင် Blue Mark မပါရှိတဲ့ ပေချ့်အတုသာဖြစ်တာ တွေ့ရပါတယ်။


    ဘင်္ဂလားဒေ့ရှ်စစ်တပ်ရဲ့ တရားဝင်ဖေ့စ်ဘွတ်စာမျက်နှာကို ဒီနေရာ မှာကြည့်ရှု့နိုင်ပါတယ်။ Blue Mark ပါဝင်တဲ့ ဘင်္ဂလားဒေ့ရှ်စစ်တပ်ရဲ့ တရားဝင်ဖေ့စ်ဘွတ်စာမျက်နှာကို အောက်တွင်ကြည့်ရှု့ပါ။


    ဒုတိယအချက်အနေနဲ့ ဖြန့်ဝေရာမှာပါဝင်တဲ့ ပုံတွေရဲ့ မူရင်းပုံတွေကို ရှာဖွေရာမှာ ပုံအချို့ဟာ ပိုစ့်မှာရေးသားထားသလိုမဟုတ်ပဲ အင်တာနက်ပေါ်ကပုံတွေကို ပြန်လည်ပြုပြင်ကာ လိမ်လည်ထားကြောင်း တွေ့ရှိရပါတယ်။ အောက်ဖော်ပြပါ ပုံတွေကို ယှဉ်ကြည့်ပါ။


    အထက်ပါပုံရဲ့ မူရင်းမှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြောင်းအရာတွေနဲ့ လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်တွေကို အသားပေးဖော်ပြနေတဲ့ Law-In-Action ဆိုတဲ့ဝဘ်ဆိုက်မှာ ၂၀၁၄ ခုနှစ် ဖေဖေါ်ဝါရီလ ကဖော်ပြခဲ့တဲ့ "ကြံ့ခိုးဖမ်းခြင်းကိုတိုက်ဖျက်ရန် တောင်အာဖရိကဖောင်ဒေးရှင်း ဒေါ်လာသန်းပေါင်းများစွာထောက်ပံ့ကြေး ရရှိ" ဆိုတဲ့ သတင်းဓါတ်ပုံဖြစ်တာ တွေ့ရပါတယ်။ မူရင်းသတင်းကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။ ဒီပုံတွေကို ရယူသုံးစွဲရာမှာ ပုံမှာဝိုင်းပြထားတဲ့အတိုင်း အနီရောင်နေရာက တံဆိပ်တွေကို ပြုပြင်ပြောင်းလဲပြီး "AA အဖွဲ့ဝင်များအား ဘင်္ဂလား-မြန်မာ နယ်စပ်မှာ တူရကီမှ သတင်းတန်းပေးနေပုံ" ဆိုပြီး လိမ်လည်ရေးသားထားတာ တွေ့ရမှာပါ။

    ဖြန့်ဝေမှုမှာရေးသားထားတဲ့ အချက်တွေကို မည်သည့် တရားဝင်သတင်းမီဒီယာဌာနများတွင်မျှ ဖော်ပြထားခြင်းမရှိသလို ပုံတွေကိုလည်း ပုံတွေကိုလည်း အင်တာနက်မှ ခိုးယူသုံးစွဲထားတာဖြစ်တဲ့အတွက် ဒီသတင်းဟာ သတင်းမှားသာ ဖြစ်ပါတယ်။

    Tags

    ArakanArakan ArmyAABBangladesh MilitaryBangladeshMilitary
    Read Full Article
    Claim :   ဘင်္ဂလားဒေ့ရှ်စစ်တပ်တွင် AA တပ်ရင်းတွေကို ထည့်သွင်းဖွဲ့စည်းမည်ဖြစ်သလို ရခိုင်ပြည်နယ်ကိုလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းထည့်သွင်းမယ်ဆိုပြီး လူမှုမီဒီယာတွေပေါ် ဖြန့်ဝေနေတဲ့အတွက် BOOM က သတင်းဆန်းစစ်ချက်ပြုလုပ်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!