BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • အနုကြမ်းစီးတဲ့ ဖြစ်စဉ်ကို PDF တွေ...
သတင်းအတု

အနုကြမ်းစီးတဲ့ ဖြစ်စဉ်ကို PDF တွေ ဓါးပြမှုကျုးလွန်တယ်လို့ ပုံဖျက်ထားတဲ့သတင်းအမှား

သာကေတ ဒေါပုံမြို့နယ် နွယ်အေးရပ်ကွက်က အဘွားအို တစ်ဦးတည်းရှိနေစဉ် ရေတောင်းသောက်ပြီး အနုကြမ်းစီးခဲ့တဲ့ ဖြစ်စဉ်အပေါ် PDF တွေ ဓါးပြဝင်တိုက်တယ်လို့ ဖြန့်ထားတဲ့ သတင်းအမှားတွေ ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  17 Feb 2022 11:00 AM IST
  • အနုကြမ်းစီးတဲ့ ဖြစ်စဉ်ကို PDF တွေ ဓါးပြမှုကျုးလွန်တယ်လို့ ပုံဖျက်ထားတဲ့သတင်းအမှား

    အဆိုပါ သတင်းအမှားကို Su May Su May ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ၁ နာရီ ၂၄ မိနစ်မှာ ဖြန့်ဝေထားတာ ဖြစ်ပြီး ၎င်းသတင်းအမှားထဲမှာ "ဒေါပုံနွယ်အေးရပ်ကွက် ၁ ဈေးမီးပွိုင့်အနီး ယုဇန၁လမ်း ၆ထပ်တိုက်ပေါ် pdf များဓားမြဝင်တိုက် ရပ်ကွက်နေ ပြည်သူများ ဝိုင်းအော်လုံခြုံရေးများနှင့်ဝိုင်းဖမ်း အိမ်ရှင်အဖွား အနည်းငယ် ဒဏ်ရာရ (မစိုးရိမ်ရ) pdf များဆီမှ သေနတ်နှင့် အခြားရွှေထည် ပစ္စည်းများဖမ်းမိ" (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပြီး လူမှုကွန်ယက်ပေါ် ပျံ့နှံ့ခဲ့တဲ့ ဖမ်းဆီးရမိသူကို ရပ်ကွက်နေပြည်သူက ဖမ်းခေါ်လာတဲ့ ဓါတ်ပုံကို အသုံးပြုထားပါတယ်။

    မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။

    အဆိုပါ သတင်းအမှားကို Like လုပ်ထားသူ ၂၀၀ ကျော်နဲ့ ထပ်ဆင့်ဝေမျှထားသူ ၁၀၀ နီးပါးရှိကာ ကူးယူဖော်ပြနေသူတွေလည်း ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒေါပုံမြို့နယ် နွယ်အေးရပ်ကွက်မှာ အဘွားအို တစ်ဦးကို PDF တွေက ဓါးပြဝင်တိုက်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ ဝါဒဖြန့် သတင်းဖြစ်တာကို တွေ့ရပါတယ်။

    ဒီဖြစ်စဉ်ဟာ ဖေဖော်ဝါရီ ၁၅ ရက် နံနက် ၁၀ နာရီကျော်က နွယ်အေးရပ်ကွက်၊ (၁) ဈေးကွေ့ မီးပွိုင့်အနီး၊ ယုဇန (၁) လမ်းရှိ ခြောက်လွှာတိုက်ခန်းမှာ အဘွားအို တစ်ဦးထဲ ရှိနေစဉ်မှာ ရေတောင်းသောက်ဟန်ပြုပြီး အနုကြမ်းစီးခဲ့တာ ဖြစ်ပါတယ်။

    အဘွားအိုနာ အနုကြမ်းစီးသူတွေကြောင့် ထိခိုက်ဒဏ်ရာ အနည်းငယ်ရခဲ့ပြီး ပါတ်ဝန်းကျင်က အသံကြားတဲ့အတွက် ဝိုင်းဝန်းဖမ်းစီးခဲ့ရာ အဆိုပါ အနုကြမ်းစီးသူနဲ့အတူ ပါလာတဲ့သူတစ်ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။ အနုကြမ်းစီးသူဟာ ဓါးနဲ့ ပြပြီး အနုကြမ်းစီးခဲ့ခြင်းသာ ဖြစ်ပါတယ်။ သတင်းအမှားဖြန့်တဲ့သူတွေ ရေးထားသလို PDF လည်း မဟုတ်သလို သေနတ်နဲ့ ရွှေထည် ပစ္စည်းတွေ ဖမ်းဆီး ရမိခြင်းလည်း မရှိပါဘူး။

    အနုကြမ်းစီးမှု ဖြစ်စဉ်နဲ့ ပါတ်သတ်တဲ့ သတင်းတွေကို ဒီနေရာ နဲ့ ဒီနေရာ မှာ ဖတ်ပါ။

    Tags

    False newselderly womanrobbedPDFMilitaryအနုကြမ်းစီးနွယ်အေးသတင်းအမှား
    Read Full Article
    Claim :   ဒေါပုံမြို့နယ် နွယ်အေးရပ်ကွက်မှာ အဘွားအို တစ်ဦးကို PDF တွေက ဓါးပြဝင်တိုက်
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!