BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ပန်းပင်ကြီးလမ်း ဖြစ်စဉ်ကြောင့်...
သတင်းအတု

ပန်းပင်ကြီးလမ်း ဖြစ်စဉ်ကြောင့် စမ်းချောင်းရဲစခန်းက စစ်ကောင်စီအဖွဲ့ အကုန်သတ်ခံရတယ်ဆိုတဲ့ သတင်းအမှား

ရန်ကုန်တိုင်း‌ဒေသကြီး ကြည့်မြင်တိုင်မြို့နယ်မှာ စစ် အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်နေတဲ့ လူငယ်တွေကို အကြမ်းဖက် တိုက်ခိုက် သတ်ဖြတ်ခဲ့တဲ့ စစ်တပ်ရဲ့လုပ်ရပ်ကို လက်တုံ့ပြန်တဲ့အနေနဲ့ စမ်းချောင်းရဲစခန်းကို ရန်ကုန်တိုင်း PDF က ညပိုင်းမှာ ပစ်ခတ်တိုက်ခိုက်ခဲ့အတွက် စခန်းတစ်ခုလုံး သေဆုံးတယ်ဆိုတဲ့အကြောင်းအရာတွေ လူမှုကွန်ရက်ပေါ်ပျံ့နှံ့ခဲ့ပါတယ်။

By - Boom Live Myanmar |
Published -  7 Dec 2021 6:34 PM IST
  • ပန်းပင်ကြီးလမ်း ဖြစ်စဉ်ကြောင့် စမ်းချောင်းရဲစခန်းက စစ်ကောင်စီအဖွဲ့ အကုန်သတ်ခံရတယ်ဆိုတဲ့ သတင်းအမှား

    ဒီသတင်းက ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းပေါ်မှာ ဆန္ဒပြနေတဲ့ လူငယ်တွေကို စစ်တပ်က အကြမ်းဖက်တိုက်ခိုက် သတ်ဖြတ်ခဲ့တဲ့ နိုဝင်ဘာလ ၅ ရက်ညပိုင်းမှာပဲ လူမှုမီဒီယာတွေစတင်ပြန့်နှံ့နေတာပါ။ ဖြန့်ဝေရာမှာ "စမ်းချောင်း ရဲစခန်းပစ်ခတ်မှုတွင် တစ်စခန်းလုံးနီးပါး မသာပေါ်ကြောင်း ကနဦးသိရ" လို့ ရေးသားထားပါတယ်။

    အချို့ဖြန့်ဝေမှုတွေမှာတော့ "စမ်းချောင်း ရဲစခန်း အတွဲလိုက်အပစ်ခံရ။ အလောင်းတွေပုံနေတယ်ဟု ကနေဦးသိရ" ရေးသားဖြန့်ဝေမှုတွေလည်းရှိခဲ့ပါတယ်။


    ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်မှာ ဒီဇင်ဘာ ၅ရက် မနက်ပိုင်းကလုပ်ခဲ့တဲ့ လူထုသပိတ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကားနဲ့ တိုက်၊ သေနတ်နဲ့ ပစ်သတ် ခဲ့တာကြောင့် ဆန္ဒပြလူငယ်တချို့ ကျဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေနဲ့ ဖမ်းဆီးခံခဲ့ရသူတွေလည်း ရှိပါတယ်။

    သတင်းဆန်းစစ်ချက်

    ကြည့်မြင်တိုင်မြို့နယ် လူထုသပိတ် အကြမ်းဖက်ခံခဲ့ရတဲ့အတွက် စစ်ကောင်စီတပ်တွေကို ရန်ကုန်တိုင်းဒေသကြီးအတွင်း ၄ နေရာမှာ ပြည်သူ့ကိုယ်စား စစ်ရေးအရ တုံ့ပြန်တိုက်ခိုက်ခဲ့တယ်လို့ ရန်ကုန်တိုင်း စစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ရဲ့ ဖေစ့်ဘွတ်စာမျက်နှာမှာ ဒီဇင်ဘာလ ၆ ရက်နေ့က ဖော်ပြထားပါတယ်။

    တုံ့ပြန်တိုက်ခိုက်ခဲ့တာမှာ ရန်ကုန် PDF အဖွဲ့တွေက ခုဖြန့်ဝေနေတဲ့ စမ်းချောင်းမြို့နယ် အမှတ် ၂၄ ရဲစခန်းအပါအဝင် ခရမ်းမြို့နယ် မြို့မရဲစခန်း၊ လှိုင်သာယာမြို့နယ်ရှိ အမှတ် ၉ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ OMINI FOCUS ကုမ္ပဏီပိုင် YBS 99 ယာဉ်လိုင်းတွေကို တိုက်ခိုက်ခဲ့တာပါ။

    စမ်းချောင်းမြို့နယ် အမှတ် ၂၄ ရဲစခန်းမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို ဒီဇင်ဘာ ၅ ရက်နေ့ ည ၈ နာရီဝန်းကျင်မှာ တုံ့ပြန် တိုက်ခိုက်ခဲ့တဲ့ သတင်းဟာအမှန်ဖြစ်ပေမယ့် စခန်းတစ်ခုလုံးသေတယ်လို့ ရေးသားဖော်ပြထားခြင်း မရှိပါ။ ရန်သူစစ်သားအချို့ သေဆုံးကာ အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပေါ် အသေးစိတ် စုံစမ်းဆဲလို့သာ ဖော်ပြထားပါတယ်။


    ရန်ကုန်တိုင်း စစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ရဲ့ ဖေစ့်ဘွတ်စာမျက်နှာမှာ ဖော်ပြထားမှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    Tags

    Military Coupmilitary councilMyanmar military governmentMisinformationစမ်းချောင်းရဲစခန်းရန်ကုန်တိုင်း PDFရန်ကုန်တိုင်း စစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့
    Read Full Article
    Claim :   စမ်းချောင်းရဲစခန်းကို ရန်ကုန်တိုင်း PDF က ပစ်ခတ်တိုက်ခိုက်ခဲ့အတွက် စခန်းတစ်ခုလုံး သေဆုံးတယ်လို့ ဖြန့်ဝေနေတဲ့အပေါ် BOOM က သတင်းဆန်းစစ်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!