BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • NUG အဖွဲ့ဝင်တွေအားလုံး နေပြည်တော်...
သတင်းအတု

NUG အဖွဲ့ဝင်တွေအားလုံး နေပြည်တော် ရောက်နေပြီဆိုတဲ့ သတင်းအမှား

NUG သမ္မတ နဲ့ အဖွဲ့ဝင်တွေအားလုံး မြေပြင်ကို ပြန်လည်ရောက်ရှိနေပြီး အင်အား ၄ သိန်းခန့်ကလည်း နေပြည်တော်ကို ဝင်နေတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  26 April 2025 11:02 AM IST
  • NUG အဖွဲ့ဝင်တွေအားလုံး နေပြည်တော် ရောက်နေပြီဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို Mandalay khitthit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဧပြီလ ၂၅ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'စစ်ကောင်စီအကြောက်ဆုံးသတင်း။ NUG အဖွဲ့ဝင်များအားလုံး မြေပြင်ရောက်ပြီ။ NUG နေပြည်တော်ကို ဝင်နေပြီ။ အင်အား ၄ သိန်းခန့်နဲ့ NUG သမ္မတနဲ့ ဝန်ကြီးပါဝင်' လို့ ရေးသားထား တာပါ။

    ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။

    ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    NUG သမ္မတ နဲ့ အဖွဲ့ဝင်တွေအားလုံး မြေပြင်ကို ပြန်လည်ရောက်ရှိနေပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ Khit Thit Media မှာ ဧပြီလ ၂၅ ရက်နေ့က ဖော်ပြထားတဲ့ 'ပြည်ပရောက် NUG ကျန်းမာရေးနှင့်ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး မြန်မာနိုင်ငံအတွင်း သို့ အပြီးပြန်လည် အခြေချကာ ပြည်သူလူထု၏ ကျန်းမာရေးနှင့်ပညာရေးဆိုင်ရာများအတွက် လုပ် ဆောင်နေ' ဆိုတဲ့ သတင်းကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။

    သတင်းထဲမှာ NUG ကျန်းမာရေးနှင့် ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး မြန်မာနိုင်ငံအတွင်းကို ပြန်လည် ဝင်ရောက်ပြီး အခြေချကာ ပြည်သူလူထုရဲ့ ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာ လုပ်ငန်းများ လုပ်ဆောင်နေကြောင်း NUG က အတည်ပြုတယ်ဆိုပြီး ရေးသားထားတာပါ။

    ဒီသတင်းထဲမှာ NUG သမ္မတနဲ့ အဖွဲ့ဝင်တွေအားလုံး မြေပြင်ကို ပြန်လည်ရောက်ရှိနေပြီဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြား ယုံကြည် စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။

    Khit Thit Media မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    နေပြည်တော်အဝိုင်းခံရပြည်တွင်းစစ်NaypyidawNUG ministersFakenewsသတင်းတု
    Read Full Article
    Claim :   NUG အဖွဲ့ဝင်တွေအားလုံး နေပြည်တော် ရောက်နေပြီလို့ဆို
    Claimed By :  Facebook, Website, Youtube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!